ဂါဇာမှာ အရေးပေါ် ဆိပ်ခံတံတားဆောက်ဖို့ သမ္မတဘိုင်ဒင် အမိန့်ထုတ်

International News
ဂါဇာမှာ အရေးပေါ် ဆိပ်ခံတံတားဆောက်ဖို့ သမ္မတဘိုင်ဒင် အမိန့်ထုတ်

စာနာမှု ပစ္စည်းတွေ များများပို့နိုင်အောင် ဂါဇာကမ်းရိုးတန်းမှာ အမေရိကန် ဆိပ်ခံဆောက်ပေးမယ်

ဂါဇာ ကမ်းရိုးတန်းမှာ ယာယီဆိပ်ခံ တစ်ခု တည်ဆောက်ဖို့ အမေရိကန် စစ်တပ်ကို အမိန့်ပေးထားကြောင်း သမ္မတက ဘိုင်ဒင်က သူ့ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားသွားပါတယ်။

ပါလက်စတိုင်းတွေထံ အထောက်အပံ့ ပစ္စည်းတွေ ဆထက်တပိုး တိုးမြှင့်ပို့နိုင်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ WFP ရဲ့ ပါလက်စတိုင်း ဆိုင်ရာ အကြီးအကဲ မက်သယူး ဟိုလင်ဝါ့သ်က အမေရိကန်ရဲ့ ခြေလှမ်းကို ကြိုဆိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။

“ထောက်ပံ့မှု တိုးမြှင့်ရေး အတွက် လမ်းကြောင်းပွင့်သွားမယ့် ဘယ်လို လုပ်ဆောင်ချက်မဆို ကြိုးစားကြည့်ရမှာ ဖြစ်ပါတယ်။ နေရာကလည်း နေရာကောင်း ဖြစ်ပြီး အခုဆောက်မယ် ဆိုတဲ့ နေရာ အက်ရှ်ဒေါ့ ဆိပ်ကမ်းဟာ ဂါဇာမြို့နဲ့ဆို မိုင် ၃၀ တောင် မဝေးပါဘူး။ ဒါပေမယ့် ဂါဇာဒေသ မြောက်ပိုင်းအတွက်တော့ အဲဒီ ဆိပ်ကမ်းကို သုံးလို့ ရနိုင်မှာ မဟုတ်ဘူး” ဆိုပြီး မက်သယူး ဟိုလင်ဝါ့သ်က ပြောပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။