လီဗာပူးတစ်မြို့လုံးကို စွမ်းအင်ပေးနိုင်မယ့် ကမ္ဘာ့အကြီးဆုံးဒီရေစွမ်းအင်စက်ရုံ တည်ဆောက်ရန် စီစဉ်နေ

International News Tech
လီဗာပူးတစ်မြို့လုံးကို စွမ်းအင်ပေးနိုင်မယ့် ကမ္ဘာ့အကြီးဆုံးဒီရေစွမ်းအင်စက်ရုံ တည်ဆောက်ရန် စီစဉ်နေ

ဗြိတိန်နိုင်ငံ လီဗာပူးမြို့မှာ တစ်မြို့လုံးကို ပြည့်ဖြိုးမြဲစွမ်းအင် ပေးနိုင်မယ့် ကမ္ဘာ့အကြီးဆုံး ဒီရေစွမ်းအင်စက်ရုံ တည်ဆောက်ရေးစီမံကိန်းဟာ စီစဉ်ရေးဆွဲတဲ့ နံပါတ်(၃)အဆင့်အထိ ရောက်ရှိလာပါပြီ။ လီဗာပူးပင်လယ်ကွေ့မှာ ဒီရေလှိုင်းတွေရဲ့ စွမ်းအင်ကို အသုံးပြုနိုင်ဖို့ ၁၉၂၄ ခုနှစ်ကတည်းက စီစဉ်နေခဲ့တာဖြစ်ပြီး နေအိမ် ၁ သန်းအထိ စွမ်းအင်ပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

ဒီရေစွမ်းအင် စက်ရုံဟာ တစ်မြို့လုံးကို စွမ်းအင်ပေးနိုင်မယ့်အပြင် လီဗာပူးမြို့ကိုလည်း ရေလွှမ်းမိုးမှုဒဏ်ကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး ဇီဝဂေဟစနစ်ကို ထိခိုက်မှုမရှိစေဘူးလို့ ဆိုပါတယ်။ အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Eletrek သတင်းဌာနရဲ့ ဖော်ပြချက်အရ အိုင်ယာလန်ပင်လယ်နဲ့ ရေလှောင်ကန်ကြားမှာ ဆည်ကြီးတစ်ခု တည်ဆောက်သွားမှာဖြစ်ပြီး ဆည်အောက်ခြေမှာတော့ တာဘိုင်တွေ၊ ဂိတ်တံခါးတွေ ထည့်သွင်းထားမှာပါ။ ဒီရေတက်လာတဲ့အခါ ဂိတ်တံခါးတွေ ပွင့်လာမှာဖြစ်ပြီး ရေအားတာဘိုင်ထဲကို ဒီရေတွေဝင်လာကာ ရေအားလျှပ်စစ် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

၁၀ မီတာအမြင့်ရှိတဲ့ ဒီရေတွေ တက်ပြီးတာနဲ့ ဂိတ်တံခါးတွေ ပြန်ပိတ်သွားမှာဖြစ်ပြီး လဆွဲအားကြောင့် နောက် ၄ နာရီတစ်ကြိမ် ရေတက်လာတဲ့အခါမှာတော့ ဂိတ်တံခါး နောက်တကြိမ် ထပ်ပွင့်လာပြီး တာဘိုင်ထဲကို ရေတွေ ထပ်ဝင်လာကာ ရေအားလျှပ်စစ် ထပ်မံထုတ်လုပ်မှာဖြစ်ပါတယ်။

ဒေါ်လာဘီလျံပေါင်းများစွာ တန်ကြေးရှိတဲ့ အဲဒီစီမံကိန်းကို အတည်တကျ စီစဉ်ရေးဆွဲမယ့် အဆင့် ရောက်လာပြီဖြစ်ပြီး ပြင်သစ်နိုင်ငံ Rance ဒီရေစွမ်းအင်စက်ရုံမှ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်လျက် ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။