ပရိသတ်တွေကို အံ့သြသွားအောင် သူ့ရဲ့ချစ်သူထိုင်းမလေးကို ချပြလာတဲ့ မင်းသားဒေါင်း

Celebrity Local News
ပရိသတ်တွေကို အံ့သြသွားအောင် သူ့ရဲ့ချစ်သူထိုင်းမလေးကို ချပြလာတဲ့ မင်းသားဒေါင်း

မင်းသားဒေါင်းကတော့ အနုပညာလောကကို ဝင်ရောက်ပြီး အချိန်သိပ်မယူလိုက်ရပဲ အောင်မြင်မှုတွေရရှိခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ သရုပ်ဆောင်ခဲ့သမျှဇာတ်ကောင်တွေဟာဆိုရင် ပရိသတ်ရဲ့ရင်ထဲမှာကျန်နေခဲ့ရလောက်အောင် သရုပ်ဆောင်ကောင်းပြီး ယောကျာ်းပီသတဲ့ အသွင်အပြင်ကြောင့် မိန်းကလေးပရိသတ်တွေကြားအထူးရေပန်းစားသူဖြစ်ပါတယ်။

၂၀၂၁ အာဏာသိမ်းမှုမှာ ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး ဘေးလွတ်ရာပြေးရှောင်ရင်း ဆက်လက်ဆန္ဒထုတ်ဖော်နေသူဖြစ်ပါတယ်။ အခုချိန်မှာတော့ ထိုင်းနိုင်ငံမှာနေထိုင်နေပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရင်း တစ်ဖက်တစ်လှမ်းကနေ ကူညီနေတာကိုတွေ့ရပါတယ်။

ဒီကနေ့မှာတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကိုခွဲသွားရုံသာမက စုံတွဲပုံတွေပါလိုင်းပေါ်ပြန့်လာပြီး အသည်းကိုခွဲ ဆားနဲ့ပက်သွားပြီပဲဖြစ်ပါတယ်။ဒေါင်းတစ်ယောက်ချစ်သူကောင်မလေးနဲ့ သက်ဆုံးတိုင်ပေါင်းသင်းရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ရေးသားသူ –crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။