စုန်း၊ကဝေ၊အောက်လမ်းမိစ္ဆာတို့အလွန်ကြောက်ရွံ့သောအင်း

Astrology
စုန်း၊ကဝေ၊အောက်လမ်းမိစ္ဆာတို့အလွန်ကြောက်ရွံ့သောအင်း

အင်းချနည်း

အလျှားအနံ ၅ ကွက်စီရှိသောအင်းကွက်အလယ်(၉)ကွက်တွင် စမ္ပာနဝအင်းကိုချရပါမည်။ထို့နောက်…..သဗ္ဗေယက္ခာ ပလာယန္တိ၊နတ္ထိယက္ခော ကုတောဘယာ။ဟူသောဂါထာအားကျန်သောအကွက်များတွင်ပတ်လည်ရံရပါမည်။

အင်းအကျိုးကျေးဇူး

ထိုအင်းကို ရွှေ၊ငွေ၊ကြေးပြား တို့တွင်ချ၍ဆောင်ထားလျှင်
စုန်းကဝေတို့ပြုစားနှောက်ယှက်၍မရခြင်း။
အောက်လမ်းမိစ္ဆာတို့ညှင်းဆဲနှိပ်စက်၍မရနိုင်ခြင်း။
လည်တွင်ဆွဲထားပါက ရန်သူမျိုး ၅ ပါးတို့၏ဘေးရန်မှလွတ်ကင်းခြင်း။
ကပ်ရောဂါဘေးအန္တရာယ်မှလွတ်ကင်းစေခြင်း။
အချုပ်အနှောင်အတားအဆီးတို့မှလွတ်မြောက်ခြင်း။
ကြုံလာမည့်အန္တရာယ်တို့အားရှောင်ရှားနိုင်အောင်ကြိုတင်နိမိတ်ပြခြင်း၊အိပ်မက်ပေးခြင်း။

ကလေးသူငယ်များအားလည်တွင်ဆွဲပေးထားပါက
နတ်ဖမ်းစားခြင်း၊စုန်းပြုစားခြင်း၊ညအခါထိတ်လန့်စေတက်ခြင်းတို့မဖြစ်စေနိုင်ပါ။
မိမိကိုအန္တရာယ်ပြုမည့်သူသည်ကြံစည်မိရုံနှင့်တန်ပြန်စေခြင်း။
စသောအကျိုးများရရှိစေနိုင်ပါသည်။

သတိပြုရန်

၎င်းအင်းသည် သန့်ပြန့်မှုကိုကြိုက်သောကြောင့်ညစ်ပေသောနေရာ၊မသန့်ရှင်းသောနေရာ၊မီးနေအိမ် နှင့်အသုဘအိမ်များသို့ယူဆောင်၍မရပါ။ပျောက်ရှတက်ပါသည်။သတိနှင့်ဆောင်ထားရပါမည်။

ကိုယ်တွေ့ဖြစ်ရပ်

တစ်ခါကကျွန်နုပ်၏မိတ်ဆွေတစ်ယောက်အားစီရင်ပေးဖူးပါသည်။
သူသည်အင်းပြားအားကိုယ်နှင့်မကွာဆောင်ထားသော်လည်း မီးနေသည်အိမ်သို့အမှတ်မထင်သွားမိ၍ပြန်လာသောအခါတွင်အင်းပြားသည်လုံးဝရှာမတွေ့ပဲပျောက်ရှသွားဖူးပါသည်။

တစ်ခါတုန်းကကျွန်ုပ်၏မိတ်ဆွေတစ်ယောက်သည် ၎င်းအင်းအားဆောင်ထားဖူးပါသည်။ထိုသူသည်သစ်ပင်ပေါ်မှခြေချော်ကျသော်အောက်ခြေမြေပြင်အထိမကျပဲသစ်ကိုင်ခပ်ကြီးကြီးတွင်ပုဆိုးဖြင့်ချိတ်ငြိနေ၍ကျိုးပဲ့ဒဏ်ရာမရပဲသက်သာရာရခဲ့ဖူးပါသည်။

ရေးသားသူ –ငွေအိမ်တော် – လောကီပညာအစီအရင်များ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။