သီချင်းကောင်းကောင်း သီချင်းတောင်း ကဏ္ဍ

Local News

ဒီနေ့ည အတွက် ချစ်ပရိတ်ကြီးကို ရွေးပေးချင်တဲ့ ခေါင်းစဉ်လေးကတော့ “အိပ်ယာဝင် သီချင်းများ“ ပဲဖြစ်ပါတယ်။ ကိုဗစ်-19 ရောဂါကြောင့် stay home နေရတဲ့ သူငယ်ချင်းတွေ ညဖတ်အိပ်မပျော်ရင် နားဆင်လို့ရအောင် စုစည်းပေးထားတဲ့ သီချင်းလေးတွေဖြစ်ပါတယ်။ အသည်းကွဲနေရင်ပဲ ဖြစ်ဖြစ် တစ်ယောက်တည်းအထီးကျန်နေပြီး အိပ်မပျော်ရင်ပဲ ဖြစ်ဖြစ် ဒီသီချင်းလေးတွေကို ခံစားပြီး အိပ်ပျော်အောင် ကြိုးစားလို့ရပါတယ်နော်။ ဒီနေ့ကတော့ အထူး special သီချင်း ၄ ပုဒ်နဲ့ အတူ အိပ်မတ်လှလှ လေးတွေကို ကြိုဆိုလိုက်ကြရအောင်။

ဒီနေ့ည “အိပ်ယာဝင် သီချင်းများ” ရဲ့ပထမဦးဆုံး သီချင်းလေးတစ်ပုဒ် အနေနဲ့ idiots အဖွဲ့က ကိုရေမွန် သီဆိုထားတဲ့ “ အိပ်ယာဝင်တေး” ဆိုတဲ့ သီချင်းလေးကို ရွေးချယ်ပေးထားပါတယ်။ ကိုယ့်ကောင်မလေးကို ချော့သိပ်နေတဲ့ ပုံစံနဲ့ ဆိုထားတဲ့ ဒီသီချင်းလေးကို တောင်းဆိုထားတဲ့ လူကတော့ ရန်ကင်းက ကိုဖြိုးသူရိန်က သူ့ကောင်မလေး ပန်းအိ အတွက်ပါတဲ့ ခင်ဗျား။ ကြုံလာရတဲ့ အခတ်အခဲတိုင်းက မနတ်ဖြန်မှာ အဆင်ပြေသွားပါစေ လို့ ကျွန်တော်တို့ မိုးနတ်မင်း ဝိုင်းတော်သားတွေက ဆုတောင်းပေးလိုက်ပါတယ်နော်။

https://www.youtube.com/watch?v=FKxldnTvxl8

“အိပ်ယာဝင် သီချင်းများ” ရဲ့ ဒုတိယ သီချင်းတစ်ပုဒ်ကိုတော့ ထူးအိမ်သင် သီဆိုထားတဲ့ “သက်ငြိမ်” ဆိုတဲ့ သီချင်းကို ရွေးပေးထားပါတယ်။ သီချင်း နားထောင်နေရင်း ကြက်သီးတွေ တဖြန်းဖြန်း ထခဲ့တဲ့အထိ ဖြစ်ခဲ့ရလို့ ကိုယ်တိုင်ရယ် တခြားသူငယ်ချင်းတွေနဲ့ တူတူနားထောင် ချင်ပါတယ်လို့ပြောလာသူကတော့ တာချီိလိတ်က ကိုစိုင်းဖိုးခွား ပဲဖြစ်ပါတယ်ခင်ဗျ။ ကဲ ကိုစိုင်းဖိုးခွား ရေ အိပ်မတ်လှလှ မတ်ပါစေနော်။

https://www.youtube.com/watch?v=BuI-6QJ3Z2I

“ အိပ်ယာဝင် သီချင်းများ”ရဲ့ တတိယမြောက် သီချင်းကိုတော့ အဲလက်စ်သီဆိုထားတဲ့ “သီချင်းချစ်သူ” ဆိုတဲ့ သီချင်းလေးကို ရွေးပေးထားပါတယ်။ ဒီသီချင်းကိုတော့ ကြည့်မြင်တိုင်က ကိုစိုး၀ဏ္ဏက မုံရွာက ချာတိတ်မလေး ဆု အတွက်ပါတဲ့။ ချာတိတ်မလေးလဲ ပျော်ရွှင်တဲ့ ညလေးဖြစ်ပါစေနော်။ သီချင်းလေးကို ခံစားရင်း ရင်ခုန်နိုင်ပါစေ။

https://www.youtube.com/watch?v=Q-KYNedZPGg

“အိပ်ယာဝင်သီချင်းများ” ရဲ့နောက်ဆုံးအပုဒ်ကိုတော့ ရန်ကုန်က ကိုမိုးဟိန်းက တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့ သူ့ကောင်မလေး မေဦးငယ် အတွက်ပါတဲ့။ သီချင်းလေး နာမည်ကတော့ “စည်သူလွင်ရဲ့ အမြဲတန်းအတွက် မင်း” ပါတဲ့။  ချစ်ရတဲ့ ညီမလေး မေဦးငယ်ရေ ကောင်းသော ညပါနော်။

Leave a Reply