ရွှေတိဂုံစေတီတော် ပုံကို နင်း၍ ဖျော်ဖြေတင်ဆက်ခဲ့၍ အပြင်းအထန် ဝေဖန်ခံနေရသည့် Project K အဖွဲ့

Local News

ရွှေတိဂုံစေတီတော် ပုံကို နင်း၍ ဖျော်ဖြေတင်ဆက်ခဲ့၍ အပြင်းအထန် ဝေဖန်ခံနေရသည့် Project K အဖွဲ့ 

Asia Song Festival 2020 တွင်Project K အဖွဲ့ ပါဝင်ဖျော်ဖြေခဲ့ပြီး ဖျော်ဖြေနေချိန်အောက်ခံ LED Screen ၌ ရွှေတိဂုံစေတီတော် ပုံရိပ်ကိုဖော်ပြခဲ့ပြီး

ရွှေတိဂုံစေတီတော်ပုံရိပ်အား နင်း၍ ဖျော်ဖြေတင်ဆက်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်များ၊ မြန်မာပရိသတ်များနှင့်

လူမှုကွန်ရက်အသုံးပြုသူများ၏ အပြင်းအထန် ဝေဖန်ခံမှုကို ခံနေရသည်။

Project K အဖွဲ့ သားများကတော့ “အခုလို ရွှေတိဂုံစေတီတော်ပုံရိပ်ကို အောက် LED မှာပြ‌နေတယ်ဆိုတာ ကျွန်တော်တို့ ဖျော်ဖြေပြီးမှသိခဲ့ရတာပါခင်ဗျာ”

ဟု ၎င်းတို့အသုံးပြုသည့် ဖေ့ဘွတ်စ်ပေ့ချ်မှ ယခုလို ပြန်လည်ရှင်းပြခဲ့သည်။


“ကျွန်တော်တို့ မနေ့က Asia Song Festival 2020 ပွဲမှာ ဖျော်ဖြေတုန်းက ရွှေတိဂုံစေတီတော် ပုံရိပ်ကို အောက် LED မှာပြ‌နေတယ်ဆိုတာ ကျွန်တော်တို့ ဖျော်ဖြေပြီးမှသိခဲ့ရတာပါခင်ဗျ။
မနေ့က မဖျော်ဖြေခင် Run through Rehearsal ၂ခေါက်လုပ်ရပါတယ်။ အဝတ်အစား အပြည့်အစုံနဲ့ ပွဲမှာ ဖျော်ဖြေသလို အပြည့်ကပြရတာပါ

( တခြား Korea Idol တွေအပါအဝင် ပွဲဖျော်ဖြေသလို တောက်လျှောက်လုပ်သွားရတော့ နေရာချချိန်တောင် မရခဲ့ပါဘူးဗျ )
LED မှာပြမယ့် Video တွေအကုန်လုံးကလည်း ပွဲကပဲစီစဉ်တာပါ။


ပထမတစ်ကြိမ် rehearsal မှာ LED မထိုးသေးပါဘူး။ ဒုတိယအကြိမ် rehearsal ဖျော်‌ဖြေရတဲ့အချိန်မှာမှ LED တွေပါလာတာပါ။
အောက်မှာ LED လင်းနေမှန်းတော့သိပေမယ့် rehearsal ကနေတဲ့အချိန် ဘာပုံရိပ်မှန်းသေသေချာချာမသိခဲ့ပါဘူး။
(Rehearsal က နေ့ခင်းမှာလုပ်ရတာကတစ်‌ကြောင်း၊ Stage အရမ်းကြီးတာကတစ်ကြောင်း၊ အပေါ်စီးကရိုက်မှသာမြင်နိုင်မှာဖြစ်တာကတစ်ကြောင်း
အောက် LED ကပုံရိပ်မှာ ရွှေတိဂုံ‌စေတီတော် ပုံရိပ်ပါတယ်ဆိုတာ ကျွန်တော်တို့လည်းလုံးဝသတိမထားမိခဲ့ပါဘူး။
(ကျွန်တော်တို့အားလုံးကလည်း ဗုဒ္ဓဘာသာဝင်တွေပါပဲ။ အောက်ခြေမှာ အခုလိုရှိမှန်း
သိရင် ကျွန်တော်တို့လည်း ထည့်ခိုင်းမှာမဟုတ်ပါဘူးဗျာ)


အောက်ခြေ LED မှာ ရွှေတိဂုံ‌စေတီတော် ပုံပေါ်နေတယ်ဆိုတာကို တစ်ကယ့်ဖျော်ဖြေရေးပြီးလို့ video ပြန်ကြည့်မှသိခဲ့ရတာပါ
ခင်ဗျာ ၊၊
Rehearsal အချိန်မှာရော ပွဲဖျော်ဖြေနေတဲ့အချိန်မှာပါ နိုင်ငံအတွက် အကောင်းဆုံး ကြိုးစား‌ကြမယ်ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားပြီးဖျော်ဖြေခဲ့ကြတာပါ။
ပွဲပြီးလို့ ကြည့်မိတော့မှ အခုလိုဖြစ်နေခဲ့တာပါဗျာ။
ကျွန်တော်တို့ Project K အဖွဲ့အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် အခုလိုလွဲချော်မှုဖြစ်သွားခဲ့တဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။

အားလုံးကိုလည်း ဒီကနေ အနူးအညွန့်တောင်းပန်အပ်ပါတယ် ၊၊
အခုလည်း ပွဲက တာဝန်ရှိလူကြီးမင်းတွေကိုပြောပြလိုက်တော့ သူတို့ဖက်ကလဲ သိသိချင်း ချက်ချင်းကို အနူးအညွတ်တောင်းပန်ကြပါတယ်”

ဟု Project K Facebook Page တွင် ပြန်လည်ရှင်းပြပြီး တရားဝင်တောင်းပန်ထားတာကို တွေ့ရသည်။

သို့သော်လည်း ဝေဖန်သူများ နဲ့တော့ သဘောထားကွဲလွဲလျက်ရှိသည်.

Leave a Reply