နိုင်ငံတကာကဲ့သို့ Ratingစနစ်အတွက် မြန်မာရုပ်ရှင်လောကသားများ ဆန္ဒထုတ်ဖော်

Local News

နိုင်ငံတကာကဲ့သို့ Ratingစနစ်အတွက် မြန်မာရုပ်ရှင်လောကသားများ ဆန္ဒထုတ်ဖော်

မြန်မာသရုပ်ဆောင်များဟာလည်း နိုင်ငံတကာကဲ့သို့ Ratingစနစ်ကိုလိုလားကြောင်းကို ဆန္ဒထုတ်​ဖော်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်သူများထဲတွင် ဒေါင်း ပိုင်ဖြိုးသု ရဲတိုက် မောင်မျိုးမင်းရင်တွင်းဖြစ် လင်္ကာရည်ကျော် စသဖြင့် အလွှာပေါင်းစုံမှ ရုပ်ရှင်လောကသားများပါဝင်နေပါတယ်။မြန်မာနိုင်ငံ စာရေးသူများနှင့်ဒါရိုက်တာများအဖွဲ့
Writers & Directors Organization of Myanmarကလည်း ၄င်းတို့၏facebookစာမျက်နှာပေါ်တွင်
ကြေမုံ သတင်းစာမှာပါခဲ့တဲ့ “Rating စနစ်ကို ထောက်ခံပါတယ်” နဲ့ “ပန်းအလှပြင်တဲ့ ကတ်ကြေး” ကိုဖတ်အပြီးမှာ Rating System ကိုရဖို့ ကျွန်တော်တို့ မျော်လင့်ထားတာထက် ပိုပြီးခက်ခဲမယ်လို့ ခံစားလိုက်ရပါတယ်။ (ထောက်ခံပါတယ်လို့ပြောနေပါလျက် ကျွန်တော်ဘာလို့ စိတ်တွေလေးနေခဲ့လဲ။)
ရိုးရိုးရှင်းရှင်းပဲ ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။
Rating စနစ်ကို ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင်ထောက်ခံလိုက်ပြီ။ တည်ဆဲ ၉၆ ရုပ်ရှင်ဥပဒေအရ ဆင်ဆာစနစ်ကို ဆက်လက်ကျင့်သုံးနေရတာပါလို့ဆိုပါတယ်။ ဆိုလိုတာက ရုပ်ရှင်ဥပဒေသစ် မပြဌာန်းနိုင်သေးသရွေ့ Rating System ကိုမရနိုင်ဘူးလို့ နားလည်ရပါတယ်။ ရုပ်ရှင်ဥပဒေပြဌာန်းနိုင်ဖို့ မင်းတို့ချင်း အရင်ညှိကြလို့ အဓိပ္ပာယ် ပေါက်ပါတယ်။ ကျွန်တော်တို့ လူညီဖို့လိုပါပြီ။
ဒါဆို ကျွန်တော်တို့ ရုပ်ရှင်ဥပဒေသစ်ကို ခြေရာခံကြည့်ရအောင်။


နောက်ဆုံး ဦးဇင်ဝိုင်းလက်ထက်မှာ ရေးခဲ့တဲ့ ရုပ်ရှင်ဥပဒေမူကြမ်းက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့ကော်မတီမှာ ရောက်နေပြီလို့သိရပါတယ်။ ပြန်ကြားရေး၊ ရုပ်ရှင်လုပ်ငန်းကလည်း ဒီမူကြမ်းကိုပဲ အချောသတ်ရေးဆွဲပြီး (ပြန်ကြားရေးမှာ ရုပ်ရှင်ဥပဒေမူကြမ်းကို ပြင်ဆင်ရေးဆွဲခွင့်ရှိလား ကျွန်တော်မသိပါ။) အထက်ကိုတင်ပြထားတယ်လို့လည်း သိရပါတယ်။ ဥပဒေပြုကောင်စီကို ဘယ်လမ်းကြောင်းကနေရောက်မလဲ၊ လွှတ်တော်ထဲရောက်လို့ ဆွေးနွေးကြရင်ကော ဘယ်လောက်ကြာမလဲ။ ဥပဒေ တတ်သိနားလည်သူတွေကို မေးကြည့်တဲ့အခါ process တစ်ခုလုံး နှစ်နှစ်လောက် ကြာကောင်းကြာနိုင်တယ်လို့ ဆိုပါတယ်။

Image may contain: 1 person, standing and eyeglasses
ဟုတ်ပါတယ်။ ရုပ်ရှင်ဥပဒေကို ပြီးပြီရော အမြန်ပြဌာန်းလိုက်လို့လဲ မရပါဘူး။ ရုပ်ရှင်ဥပဒေမှာ Rating System ကိစ္စတစ်ခုတည်းပါဝင်တာမဟုတ်ပါဘူး။ မူပိုင်ခွင့်၊ ရုံတင်ပြသရေး၊ စာချုပ်စာတမ်၊ Piracy ကနေ ရုပ်ရှင်ကိုလုံးဝ ကာကွယ်ပေးမယ့် နည်းဥပဒေစတဲ့ အချက်အလက် အတော်များများ ပါဝင်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ဥပဒေပြဌာန်းရာမှာ မလောသင့်ပါဘူး။
ဒါဆို ကျွန်တော်တို့က Rating System ကို နှစ်နှစ်လောက် စောင့်ရတော့မှာလား။

Image may contain: 2 people, text that says 'Ye Deight Just now #RatingSystemNow #RatingSystemNow'Image may contain: 1 person, standing and text
၂၀၁၀-၁၅ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးက ဆင်ဆာ မူဝါဒ (၁၀) ချက်ရှိနေရာမှ ဝန်ကြီးရဲ့ လုပ်ပိုင်ခွင့်နဲ့ (၄) ချက်ကို လျော့ချပေးခဲ့ပါတယ်။ ခုလည်း ပြန်ကြားရေးဝန်ကြီး အနေနဲ့ ဝန်ကြီးရဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး Rating System ကိုစမ်းသပ်လေ့ကျင့် ကျင့်သုံးပေးဖို့ လက်ရှိတည်ဆဲ ၉၆ ရုပ်ရှင်ဥပဒေမှာပဲ နည်းဥပဒေသစ်တစ်ရပ်ထည့်သွင်းရေးဆွဲပြီး ခွင့်ပြုပေးပါလို့ ကျွန်တော်တို့ တောင်းဆိုလိုပါတယ်ခင်ဗျာ။ (ကျွန်တော်တို့ ဥပဒေပိုင်းအရ မှားယွင်းနေခဲ့ရင် ထောက်ပြတည့်မတ်ပေးဖို့လည်း တောင်းပန်ပါတယ် ခင်ဗျာ။)

Image may contain: 1 person, standing, text that says '#Rating System Now'Image may contain: 1 person, standing and text
Rating System အတွက် ကျွန်တော်တို့နဲ့အတူရပ်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ဂီတက သူငယ်ချင်းများလည်း ကျွန်တော်တို့နဲ့အတူ ရပ်ပေးဖို့တောင်းဆိုပါတယ်။
စာပေက သူငယ်ချင်းများလည်း ကျွန်တော်တို့နဲ့အတူ ရပ်ပေးဖို့တောင်းဆိုပါတယ်။
သဘင်က သူငယ်ချင်းများလည်း ကျွန်တော်တို့နဲ့အတူ ရပ်ပေးဖို့တောင်းဆိုပါတယ်။
ရုပ်ရှင်က သူငယ်ချင်းများလည်း ကျွန်တော်တို့နဲ့အတူ ရပ်ပေးဖို့တောင်းဆိုပါတယ်။
ရုပ်ရှင် ပရိသတ်အားလုံးလည်း ကျွန်တော်တို့နဲ့အတူ ရပ်ပေးဖို့တောင်းဆိုပါတယ်။
မည်သူမဆို ပါဝင်လို့ ရပါတယ်။
ကျွန်တော်တို့ ဘယ်သူ့ကိုမှ တိုက်နေတာ မဟုတ်ပါဘူး။ စနစ်တစ်ခုကို တိုက်နေတာပါ။
Rating System Now ဟုရေးသားဖော်ပြခဲ့ကြပါတယ်။

Leave a Reply