ဗိုလ်ချုပ်လမ်းမပေါ်ရှိ BYMA လုပ်ငန်းခွင်မှ အလုပ်သမားရာနှင့်ချီစု‌‌‌ဝေး

Local News

ဗိုလ်ချုပ်လမ်းမပေါ်ရှိ BYMA လုပ်ငန်းခွင်မှ အလုပ်သမားရာနှင့်ချီ၍ ဆန္ဒပြ
———————————————-

ယနေ့ မွန်းလွဲ ၂ နာရီခန့်မှစ၍ ရန်ကုန် ဗိုလ်ချုပ်လမ်းမပေါ်ရှိ BYMA လုပ်ငန်းခွင်ရှေ့တွင်အလုပ်သမား ရာနှင့်ချီ၍ ဆန္ဒပြမှုဖြစ်ပွားလျှက်ရှိသည်။

ဆန္ဒပြသည့်အကြောင်းရင်းများအား
အလုပ်သမာများနှင့် ဆက်သွယ်မေးမြန်းကြည့်ရာ

လူမှူဖူလုံကြေး လစဥ် ၅၀၀၀ ၊ ၆၀၀၀ အဖြတ်ခံနေရပြီး ပြန်လည်ထောက်ပံ့ခြင်း လုံးဝမရှိသည့်ပြဿနာ၊

လုပ်ခလစာ အပြည့်အဝမပေးသည့်အပြင် သုံးပတ်ကြာမှ တစ်ခါပေးပြီး ပေးသည့်အခါတွင်လည်း ငါးရက်စာသာပေးသည့်အတွက် စားဝတ်နေရေးအခက်အခဲ​ဖြစ်နေသည့်ပြဿနာ

အလုပ်ချိန်များကို နေ့စဥ် ညနေ ၆း၃၀ နာရီအထိ အချိန်ပိုကြေးမရပဲ မတရားခိုင်းစေနေသည့်ပြဿနာ၊

PPE ဝတ်စုံတစ်စုံလျှင် ၈၀၀၀၀ ကျပ်ဖြတ်ပြီး၊ ဦးထုပ်၊ အကျီ ၊ ဖိနပ်များ ပျက်စီး၍ ထပ်မံထုတ်လျှင်လည်း

၅၀၀၀ ၊ ၆၀၀၀ ကျပ်ဖြတ်သလို လစာများမတရားအဖြတ်ခံရသည့်ပြဿနာများ၊

အလုပ်သမားကိုယ်စားလှယ်များကို အကြိမ်ကြိမ်ခေါ်ယူညှိနှိူင်းပြီး အလုပ်ဖြုတ်သည့်ပြဿနာများကြောင့် အခုလိုဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

Source : news / ပြည့်ဖြိုးDwave

Source : Pyi Myanmar FB Page

ဓာတ်ပုံ-မျိုးကျော်စိုး

Leave a Reply