ဘုရင်ရူး ရူးနေတဲ့ စစ်ခေါင်းဆောင် ရဲ့ ခိုင်းစေချက်အရ ဆင်ဖြူလို့ဆိုတဲ့ ဆင်သား ပေါက် နဲ့ မိခင် ဆင်မကို နေပြည်တော် သယ်ယူပြီး မင်းအောင်လှိုင် ဘိ သိက်ခံမယ်၊ အမြန်လမ်းမှာ လုံခြုံရေးတွေ တင်းကျပ်ထား

Local News

ဘုရင်ရူး ရူးနေတဲ့ စစ်ခေါင်းဆောင် ရဲ့ ခိုင်းစေချက်အရ ဆင်ဖြူလို့ဆိုတဲ့ ဆင်သား ပေါက် နဲ့ မိခင် ဆင်မကို နေပြည်တော် သယ်ယူပြီး မင်းအောင်လှိုင် ဘိ သိက်ခံမယ်၊ အမြန်လမ်းမှာ လုံခြုံရေးတွေ တင်းကျပ်ထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘုရင်ရူး ရူးနေတဲ့ စစ်ခေါင်းဆောင် ရဲ့ ခိုင်းစေချက်အရ ဆင်ဖြူလို့ဆိုတဲ့ ဆင်သား ပေါက် နဲ့ မိခင် ဆင်မကို နေပြည်တော် သယ်ယူပြီး မင်းအောင်လှိုင် ဘိ သိက်ခံမယ်၊ အမြန်လမ်းမှာ လုံခြုံရေးတွေ တင်းကျပ်ထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၆
ဘုရင်ရူး ရူးနေတဲ့ မင်းအောင်လှိုင်ဟာ နေပြည်တော်ကို ဒီနေ့ ဆင်ဖြူ ၂ ကောင် သယ်ဆောင်သွားပြီး ဘိသိက်ခံပွဲ လို ဘုရင့် မင်္ဂလာခံယူပွဲ ကျင်းပဦးမယ်လို့ နေပြည် တော် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့နံနက်ပိုင်းကစပြီး ရန်ကုန် မင်းဓမ္မကုန်းမှာရှိနေတဲ့ ရခိုင်က သယ်လာတဲ့ ဆင်သားပေါက်နဲ့ ဆင်မကြီးကို ဒီနေ့ နေပြည်တော်ကို သယ်ယူတာလို့လည်း သိရပါတယ်။


“ဒီနေ့ ၇နာရီ ၁၅လောက်မှာ အမြန်လမ်း ရန်ကုန် ဇီးရိုးမိုင်တိုးဂိတ်ဘက်ကနေ နေပြည်တော်ဘက်ကို ဆင် ၂ ကောင်ထည့်ထားတဲ့ လှောင်အိမ် ၂ ခုတင်ထားတဲ့ တွဲကားကြီး၂ စီး။ ဘေးက ကရိန်းကား ၆ စီး။ လုံခြုံရေး စစ်ကားကြီး ၃ စီး။ စစ်ကားDC ၂ စီးနဲ့ တက်သွားတယ်။ ခရုသင်းဖြစ်နေတဲ့ ဆင်တွေ သယ်တာဗျ” ဟု ဇီးရိုးမိုင်တာဝန်ကျ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဒီနေ့မှာ ဆင်တွေသယ်ဖို့ လမ်းကြောင်းရှိတာ၊ အကြမ်းဖက် ဒုစစ်ခေါင်း စိုးဝင်း ရန်ကုန် ရောက်နေတာတွေကြောင့် ရန်ကုန်မှာ လုံခြုံရေး တင်းကျပ်ထားခဲ့ပြီး မင်္ဂလာဒုံ အမှတ် ၃ လမ်းမကြီး တစ်လျှောက် ကင်းပုန်းတွေ ချထားခဲ့ပါတယ်။

ဆင်တွေ သယ်ချိန်မှာတော့ ညနေ ၅ နာရီအချိန်ကစတင်ပြီး အမှတ် ၃ လမ်းမကြီးတစ်လျှောက် မီးတွေ အကုန်ဖြတ်ထားခဲ့ပြီး ပုလဲလမ်းဆုံမီးပွိုင့် ၊ နီလာ၊ ပတ္တမြား တောက်လျှောက် ကင်းပုန်းတွေ ချထားခဲ့ပါတယ်။ ဒါ့အပြင် ဆင်တွေ သယ်ဖို့အတွက် အမြန်လမ်းတစ်လျှောက်မှာလည်း ကင်းပုန်းတွေ အများ‌ကြီးတွေ ချထားတယ်လို့ သိရပါတယ်။

“သယ်သွားတာက ဆင်မရယ်၊ သူ့ကလေး ဆင်ကောင်ပေါက်လေးရယ်။ နှစ်ကောင် သယ်သွားတာ။ နေပြည်တော်ရောက်ရင် အဲဒါတွေကို ဘုရင်ဘိသိက်ခံပွဲလိုပေါ့။ ဘုရင်ကနေ ဆင်ဖြူတွေကို မင်္ဂလာ အခမ်းအနားနဲ့ ဘွဲ့နာမည်ပေးတာမျိုး တစ်နည်းအားဖြင့် ဘုရင် ဘိသိက်ခံပွဲလို့ ပြောတယ်။ အဲဒါ လုပ်မယ်။ အဲဒီဆင်အကောင်ပေါက်တွေကို သပြေပန်းနဲ့ အမွှေးနံ့သာရေနဲ့ ပက်ပြီး နာမည်ပေးမယ်၊ဘွဲ့ပေးမယ်” လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ သစ်တောဌာနဆင်ဝိုင်း၊ ဇာနန်းလှ ဆင်မကြီးက ဇူလိုင် ၂၃ ရက်က ဆင်အကောင်ပေါက် တစ်ကောင် မွေးဖွားခဲ့ပြီး အဲဒီဆင်အကောင်ပေါက်ကို ဆင်ဖြူတော်ကို အကြမ်းဖက်စစ်ကောင်စီက သတ်မှတ်ခဲ့ပါတယ်။
အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ဆင်အကောင်ပေါက် အပါအဝင် ဆင် (၄) ကောင်ကို တောင်ကုတ်ဘက်သို့ လုံခြုံရေးတင်းကျပ်စွာနဲ့ ရန်ကုန်သယ် ဆောင်သွားခဲ့ပြီး ဆင်တွေကို ယဉ်ပါးအောင် ဆင်ဦးစီးတွေကို လေ့ကျင့်ခိုင်းခဲ့ပါတယ်။

အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်ရဲ့ ဆရာ သန်းရွှေလက်ထက်မှာလည်း ဆင်ဖြူတော်တွေ ပေါ်တယ်ဆို‌ပြီး ဆင်အကောင် ၉ ကောင်ကို ဆင်ဖြူတော်လို့ကြေညာပြီး ရန်ကုန်နဲ့ နေပြည်တော်မှာ ချုပ်နှောင် အစာကျွေးထားခဲ့ပါတယ်။

ဖိုတို- ဆင်ဖြူလို့ အကြမ်းဖက်စစ်တပ်က ကြေညာထားတဲ့ ဆင်သားပေါက်နဲ့ မိခင်ဆင်မကြီး။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။