ကျိုက်ထီးရိုးတောင်ခြေ၊ ကင်မွန်းချောင်းကျေးရွာတွင် စစ်ကား ၁၅ စီးဖြင့် အင်အား ပြည့် အကြမ်း ဖက် တပ်များ ရောက်ရှိလာ

Local News

ကျိုက်ထီးရိုးတောင်ခြေ၊ ကင်မွန်းချောင်းကျေးရွာတွင် စစ်ကား ၁၅ စီးဖြင့် အင်အား ပြည့် အကြမ်း ဖက် တပ်များ ရောက်ရှိလာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကျိုက်ထီးရိုးတောင်ခြေ၊ ကင်မွန်းချောင်းကျေးရွာတွင် စစ်ကား ၁၅ စီးဖြင့် အင်အား ပြည့် အကြမ်း ဖက် တပ်များ ရောက်ရှိလာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မါန်းချောင်းကျေးရွာတွင် ယနေ့ စစ်ကား ၁၅ စီးဖြင့် အင်အားအပြည့် အကြမ်း ဖက် စစ်ကောင်စီတပ်များရောက်ရှိလာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

Soldiers stand outside the Central Bank of Myanmar, as people gathered to protest against the military coup, in Yangon on February 15, 2021. (Photo by Sai Aung Main / AFP)

အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး ဖြန့်ခွဲ၍ ကင်းပုန်းဝပ်ခြင်း၊ အရန်အသင့် ပြင်ထားခြင်းများရှိနေသည့်အပြင် နယ်မြေရှင်းလင်းရန် လုပ်ရန် ရှိသည်ဟု တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
“စစ်ကား Faw ကား ၁၅ စီးအပြည့်ပဲ သူတို့လူတွေ။ စစ်အင်အား တိုးချဲ့လာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလအတွင်း စစ်တပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်က စစ်အင်အား တိုးချဲ့လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီတပ်သားများ။
ဖိုတို – AFP။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။