KIO အဖွဲ့က လူ ၁၃ ဦးကို မြစ်ကြီးနား စရဖ စစ်ဆေးနေ

Local News

KIO အဖွဲ့က လူ ၁၃ ဦးကို မြစ်ကြီးနား စရဖ စစ်ဆေးနေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ KIO အဖွဲ့က လူ ၁၃ ဦးကို မြစ်ကြီးနား စရဖ စစ်ဆေးနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လွတ်မြောက်ရေးတပ်(KIA)ရဲ့ အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ KIO က အရာရှိ ၁၃ ဦးကို မြစ်ကြီးနား စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ကနေ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဲဒီအမျိုးသားတွေကို စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့ပေါ်က ကေတီဗီတစ်ခုမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ ရက် ညပိုင်းတုန်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူတို့နဲ့အတူ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၃ ဦး ပြန်လွတ် လာပြီလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့အုပ်ချုပ်ရေးပိုင်းအရာရှိတွေဟာ KIO ခေါင်းဆောင်မှုသင်တန်းတစ်ခုကို တက်ရောက်ကြသူတွေဖြစ်ပြီး မြို့ပေါ်မှာ ဆုံကြချိန် အခုလို ဖမ်းဆီးခံရတာလို့ KIO နဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကို အတည်ပြု ပါတယ်။

‘‘အုပ်ချုပ်ရေးပိုင်းမှာပါနေတဲ့သူတွေကတော့ သွားလာနေကြတာပါပဲ။ စစ်သားတွေကတော့ တောထဲမှာနေကြတာပေါ့။ အုပ်ချုပ်ရေးပိုင်းက လူတွေကလည်း မြို့ကိုလည်းလာတာရှိတယ်၊ တောမှာလည်းနေတယ်။ အခုက သတင်းပေါက်ကြားပြီးတော့ နာမည် အတိအကျနဲ့ ဖမ်းချင်လို့ ဖမ်းလိုက်တာလို့ ပြောလို့ရတယ်’’ ဆိုပြီး ကေအိုင်အို နဲ့နီးစပ်သူနောက်တစ်ဦးကလည်း ဘီဘီစီကို ‌ပြောပါတယ်။

တစ်ဖက်မှာလည်း အနန့်ပါဒေသကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နောက် KIA ဘက်က လက်တုံ့ပြန်လာနိုင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် စစ်ကောင်စီဘက်က အခုလို ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ မြစ်ကြီးနားဒေသခံတွေက ယူဆပြောဆိုနေကြပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။