12 Chinese Zodiac signs Part- 1

Astrology

12 Chinese Zodiac signs Part- 1

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ 12 Chinese Zodiac signs Part- 1 ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ တရုတ်ရိုးရာ ရာသီခွင် 12 ခု အကြောင်း တင်ပေးလိုက်ပါတယ် တပုံချင်းစီမှာ ကိုယ့် ရာသီခွင်ရဲ့ ခုနှစ်တွေလည်း ပါတာမို့ မသိသူတွေလည်း ရှာဖတ်လို့ရပါတယ်

ကြွက် နှစ်ဖွားများ

 

1900 , 1912 , 1924 , 1936 , 1948 , 1960 , 1972 , 1984 , 1996 , 2008 , 2020 , 2032 ခုနှစ်တွင် မွေးဖွားသူများဟာ ကြွက်နှစ်ဖွားများ ဖြစ်ပါတယ် … တရုတ်ရိုးရာ ရာသီခွင် မှာ ပထမဆုံး ရာသီခွင် ဖြစ်ပါတယ် … ကြွက်နှစ်ဖွားများကို ယန်(Yang) ဓာတ် က စိုးမိုးပါတယ် …

Fire Rat – 1936,1996
Earth Rat – 1948,2008
Wood Rat – 1924,1984
Water Rat – 1972,2032
Metal Rat – 1960,2020

ကြွက်တွေဟာ ဘဝ ကို အေးဆေးစွာပဲ ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းကုန်ဆုံးသွားချင်သူတွေပါ … ဘယ်လောက်ထိ အေးအေးဆေးဆေး နေတတ်သလဲဆိုရင် သူတို့နဲ့ မဆိုင်တဲ့ ကိစ္စ ဆို ဘာကိုမှ စိတ်မဝင်စားတတ်ကြပါဘူး … ဒါပေမယ့် သူတို့ အကျိုးကိုသာ ကြည့်တတ်တဲ့ တကိုယ်ကောင်းသမားတွေတော့ မဟုတ်ပါဘူး … တခြားသူတွေက အကူညီတောင်းတဲ့အခါ ကူညီဖို့ အဆင်သင့်ရှိနေတတ်ကြသူတွေ ဖြစ်ပါတယ် … ကြွက်တွေဟာ အလုပ်ကြိုးစားပြီး အဖွဲ့အစည်း စိတ်ဓာတ်ရှိကြလို့ Teamwork လုပ်ဆောင်ရတဲ့ အလုပ်တွေမှာ အဆင်ပြေကြပါတယ် … ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး မိတ်ဆွေပေါများတဲ့သူတွေ ဖြစ်ပါတယ် … ကြွက်တွေဟာ လိမ္မာပါးနပ်သလို ဉာဏ်ကောင်းပြီး ဖြတ်ထိုးဉာဏ်လည်း ကောင်းတဲ့ သူတွေပါ … ကြွက်တွေဟာ အကောင်းမြင်စိတ်ကို ပိုင်ဆိုင်ထားကြပါတယ် … ဒါကြောင့် လောကဓံတရားကို ကောင်းကောင်းခံနိုင်ရည်ရှိကြသူတွေဖြစ်ပါတယ် …

ကြွက်တွေရဲ့ အားနည်းချက်ကတော့ အရာရာမှာ ဝေဝါးနေတတ်တဲ့ အကျင့်ပါ … အရာရာမှာ ဆုံးဖြတ်ချက် တခုခုချဖို့ဆို တိတိကျကျ မချနိုင်ဘဲ အမြဲ ချီတုံချတုံနဲ့ ဝေဝါးနေတတ်ပါတယ် … ကြွက်တွေဟာ ခေါင်းမာပြီး ဇီဇာကြောင်သူတွေလည်း ဖြစ်ပါတယ် …

ကြွက်တွေဟာ ဘဝအတွက် ရည်မှန်းချက် ကြီးမားကြပါတယ် … ကိုယ့်ကိုကိုယ် နှိမ့်ချတတ်တဲ့ အကျင့်လည်း ရှိပြီး ကူညီဖေးမတတ်သူတွေ ဖြစ်ပါတယ် … သူတို့ရဲ့ အဲ့လို ကောင်းမွန်တဲ့ အကျင့်နဲ့ စိတ်ထားလေးကြောင့် ကြွကိတွေဟာ ရည်မှန်းချက်တွေ ကို ကြိုးစားရာမှာ အလွယ်တကူ ရရှိ ပိုင်ဆိုင်တတ်ကြတဲ့သူတွေ ဖြစ်ပါတယ်…

ကြွက်နှစ်ဖွားတွေ နွား နှစ်ဖွား ၊ နဂါး နှစ်ဖွား ၊ မျောက် နှစ်ဖွား တွေနှင့် လိုက်ဖက်ပြီး မြင်းနှစ်ဖွား ၊ ဆိတ်နှစ်ဖွား ၊ ယုန်နှစ်ဖွား တွေနှင့်တော့ အဆင်မပြေတတ်ပါဘူး …

ထင်ရှားသော ကြွက်နှစ်ဖွားများ

Avril Lavigne , Diego Maradonna , Prince Harry ,etc.

 နွား နှစ်ဖွားများ

1901 , 1913 , 1925 , 1937 , 1949 , 1961 , 1973 , 1985 , 1997 , 2009 , 2021 , 2033
ခုနှစ်တွင် မွေးဖွားသူများဟာ နွားနှစ်ဖွားများ ဖြစ်ပါတယ် … တရုတ်ရိုးရာ ရာသီခွင်မှာ ဒုတိယ မြောက် ရာသီခွင် ဖြစ်ပါတယ် … နွား နှစ်ဖွားများကို ယင် ( Yin ) ဓာတ် က စိုးမိုးပါတယ် …

Fire Ox – 1937,1997
Earth Ox – 1949,2009
Wood Ox – 1925,1985
Water Ox – 1973,2033
Metal Ox – 1961,2021

နွားတွေဟာ လုံလဝီရိယ ရှိပြီး အလုပ်ကြိုးစားမှုတို့ရဲ့ ပြယုဂ် ဖြစ်ပါတယ် … နွားတွေဟာ အလုပ် ကြိုးစားပြီး သတိကြီးကြီး ထားတတ်တဲ့သူတွေ ဖြစ်ပါတယ် … ကတိ တွေ သစ္စာတရားတွေကို အလွန်အမင်း အလေးအနက်ထားတတ်သူတွေ ဖြစ်ပါတယ် … သူတို့ရဲ့ ပတ်ဝန်းကျင်ကသူတွေ အပေါ် ဖေးမကူညီတတ်သူတွေ လည်း ဖြစ်ပါတယ် … သူတို့ဟာ ကျောသားရင်သား မခွဲခြားတတ်ဘဲ လူတိုင်းအပေါ် တန်းတူညီမျှ ဆက်ဆံတတ်ကြသူတွေလည်း ဖြစ်ပါတယ် …

အိမ်တအိမ်မှာ နွားနှစ်ဖွားဟာ အဓိကစီးပွါးရှာသူဖြစ်ရင် ထိုအိမ်ကမိသားစုတွေဟာ နွားသား အမဲသား ရှောင်ကျဉ်ရပါတယ်တဲ့ … မိသားစုမှာအကြီးတွေကဖြစ်စေ အလုပ်မှာ အထက်လူကြီးက ဖြစ်စေ နဂါးနှစ်ဖွား ဖြစ်နေခဲ့ပါရင် ထိုနွားနှစ်ဖွားဟာ စိတ်ပင်ပန်း လူပင်ပန်း ပိုဖြစ်ရတတ်ပါတယ် တဲ့

နွားတွေဟာ အနည်းငယ် ရှေးရိုးစွဲပြီး ခေါင်းမာသူတွေ ဖြစ်ကြပါတယ် … သူတို့ဟာ ထုံးတမ်းစဉ်လာတွေ ရိုးရာဓလေ့တွေကို ဂရုစိုက်တတ်ကြပြီး လိုက်နာကြပါတယ် … စည်းကမ်းကြီးသူတွေလည်း ဖြစ်ကြပါတယ် … အလုပ်မှာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိကြပြီး ဇွဲနဘဲကြီးသူတွေလည်း ဖြစ်ပါတယ် … အချောင်ခိုတတ်တဲ့ အကျင့်မရှိကြပါဘူး … သူနပါးကို အကူညီတောင်းရမှာကို ဝန်လေးကြပါတယ် … အလုပ်တခု ကို မပြီးမချင်း အနားမယူဘဲ လုပ်တတ်တဲ့ စရိုက်ရှိကြပါတယ် …

နွားတွေဟာ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်း အပြည့်အဝရှိကြသူတွေ ဖြစ်ပါတယ် … စီမံခန့်ခွဲမှုကောင်းပြီး ရိုးသား ကြိုးစားကြသူတွေလည်း ဖြစ်ပါတယ် … ကူညီတတ်တဲ့ စိတ်ထားလည်း ပိုင်ဆိုင်ထားတာကြောင့် အခွင့်အလမ်းတွေ ယုံကြည်မှုတွေကို ပိုင်ဆိုင်ရတတ်သူတွေ ဖြစ်ပါတယ် …

နွား နှစ်ဖွားတွေ ဟာ ကြွက် နှစ်ဖွား ၊ မြွေ နှစ်ဖွား ၊ ကြက် နှစ်ဖွား တွေနှင့် လိုက်ဖက်ပြီး မြငိး နှစ်ဖွား ၊ ကျား နှစ်ဖွား ၊ ဆိတ် နှစ်ဖွားတွေနဲ့တော့ အဆင်မပြေတတ်ကြပါဘူး …

ထင်ရှားသော နွားနှစ်ဖွားများ

Jacky Cheung , Christiano Ronaldo , Barack Obama,etc

ကျား နှစ်ဖွားများ

1902 , 1914 , 1926 , 1938 , 1950 , 1962 , 1974 , 1986 , 1998 , 2010 , 2022 , 2034
ခုနှစ်တွင် မွေးဖွားသူများဟာ ကျားနှစ်ဖွားများ ဖြစ်ပါတယ် … တရုတ်ရိုးရာ ရာသီခွင်မှာ တတိယမြောက် ရာသီခွင် ရာသီခွင် ဖြစ်ပါတယ် … ကျား နှစ်ဖွား များကို ယန် ( Yang ) ဓာတ် က စိုးမိုးပါတယ် …

Fire Tiger – 1926,1986
Earth Tiger – 1938,1998
Wood Tiger – 1974,2034
Water Tiger – 1962,2022
Metal Tiger – 1950,2010

ကျားတွေဟာ ရဲရင့်မှု နှင့် ရက်စက်မှုကို တပြိုင်တည်းကိုယ်စားပြုသူတွေဖြစ်ပါတယ် … ကျားတွေဟာ ကြောက်မက်ဖွယ်ကောင်းပြီး အားမာန်ပြည့်ဝတက်ကြွပါတယ် … ကျားတွေဟာ ရည်မှန်းချက်ကြီးမားကြသူတွေဖြစ်ပါတယ် … မဟုတ်မခံတဲ့ စိတ်ဓာတ်နဲ့ မတရားမှုကို မုန်းတီးကြပါတယ် … တည့်တိုးဆန်ပြီး ဘက်မလိုက်တတ်တဲ့ စရိုက်ကြောင့် ချစ်သူ မုန်းသူ အများအပြားကို ပိုင်ဆိုင်ထားရတတ်ကြပါတယ် … ကျားတွေဟာ စိတ်ဓာတ်ခိုင်မာကြပြီး ပြတ်သားတဲ့သူတွေဖြစ်ပါတယ် … ကျားနှစ်မှာ မွေးဖွားသူတွေဟာ စည်းစိမ်ဥစ္စာကို အလွယ်တကူ ရှာဖွေနိုင်ပြီး လွယ်ကူစွာ ချမ်းသာကြွယ်ဝနိုင်သူတွေလည်း ဖြစ်ကြပါတယ် …

ရှေးက တရုတ် လူမျိုးတွေဟာ သူတို့ရဲ့ခလေးတွေကို ကျားနှစ်မှာ မွေးဖွားမှာကို ကြောက်ရွံ့ကြပါတယ်တဲ့ … အကြောင်းက ကျားတွေဟာခေါင်းမာလွန်းပြီး ရက်စက်တတ်တဲ့ စရိုက်ရှိကြလို့ပါ … မိဘတွေအပေါ် ပုန်ကန်တတ်ပြီး ရိုသေလေးစားမှု နည်းကြပါတယ်တဲ့ … မိသားစု တွေ သားသမီးတွေအပေါ်လည်း မောက်မာပြီး လွှမ်းမိုးချုပ်ကိုင်တတ်ကြသူတွေမို့ပါ … ကျားနှစ်မှာ မွေးဖွားတဲ့ အမျိုးသမီးတွေဟာ ရက်စက်ကြမ်းကြုတ်ပြီး မာနထောင်လွှားလွန်းတတ်ကြတာကြောင့် လင်ယောက်ျားရှာဖို့လည်း ခက်ခဲတတ်ကြလို့ပါတဲ့ …

ကျားတွေဟာ သူတို့ဆုံးဖြတ်ထားတဲ့ ကိစ္စတခု စီစဉ်ထားတဲ့ ကိစ္စတခုကို ဘယ်သူမှ တားဆီးတာကို လက်မခံတတ်ကြပါဘူး … သူတို့လမ်းမှာ ပိတ်ဆို့လာတဲ့ သူတွေကို ရက်ရက်စက်စက် ဖျက်ဆီး ပစ်တတ်ကြပါတယ် … ပတ်ဝန်းကျင်က ပြောစကားတွေကို အလေးမထားတတ်ကြပါဘူး … စွန့်စားရတဲ့ အရာတွေကို နှစ်သက်ကြပါတယ် …

ကျားတွေဟာ သူတို့အပေါ် စေတနာနဲ့ ဖြစ်စေ စိုးရိမ်လို့ဖြစ်စေ ဘယ်အကြောင်းပြချက်နဲ့မဆို သူတို့လုပ်မယ့်အရာတွေကို တားဆီးပိတ်ပင်တာကို မုန်းတီးကြပါတယ် … ဒါကြောင့် သံယောဇဉ်တွေရဲ့ အဝေးမှာ တကိုယ်တည်း နေတတ်ကြပါတယ် … စိတ်မြန်လက်မြန်ရှိပြီး ပြောရဆိုရခက်ခဲကြပါတယ် … အထက်စီးဆန်တတ်ကြပြီး မာနထောင်လွှားတတ်ကြပါတယ် … သူတို့ကို ခြယ်လှယ်တာ ထိန်းချုပ်တာ သူတို့ကိစ္စတွေကို စွက်ဖက်တာ ဝေဖန်တာ အကြံပေးတာတွေကိုလည်း မုန်းတီးကြသူတွေ ဖြစ်ပါတယ် …

ကျား နှစ်ဖွားတွေဟာ မြင်း နှစ်ဖွား ၊ ခွေး နှစ်ဖွား ၊ ဝက် နှစ်ဖွားတွေနဲ့ လိုက်ဖက်ပြီး ဆိတ် နှစ်ဖွား ၊ နွား နှစ်ဖွား ၊ ယုန် နှစ်ဖွားတွေနဲ့ အဆင်မပြေတတ်ကြပါဘူး …

ထင်ရှားသော ကျားနှစ်ဖွားများ

Queen Elizabeth ll , Victoria Beckham , Lady Gaga,etc..

 ယုန် နှစ်ဖွားများ

1903 , 1915 , 1927 , 1939 ,1951 , 1963 , 1975 , 1987 ,1999 , 2011 , 2023 , 2035
ခုနှစ်တွင် မွေးဖွားသူများဟာ ယုန် နှစ်ဖွားများ ဖြစ်ပါတယ် … တရုတ်ရိုးရာ ရာသီခွင်မှာ ၄ ခုမြောက် ရာသီခွင် ဖြစ်ပါတယ် … ယုန် နှစ်ဖွားများကို ယင် (Yin) ဓာတ် က စိုးမိုးပါတယ် …

Fire Rabbit – 1927,1987
Earth Rabbit – 1939,1999
Wood Rabbit – 1975,2035
Water Rabbit – 1963,2023
Metal Rabbit – 1951,2011

ယုန်တွေဟာ နူးညံ့သော နှလုံးသားရဲ့ ပြယုဂ် တွေ ဖြစ်ပါတယ် … ယုန်တွေမှာ နူးညံ့တဲ့ ခံစားချက်ရှိကြပြီး ထိလွယ်ရှလွယ်တဲ့ နှလုံးသားမျိုး ပိုင်ဆိုင်ထားကြပါတယ် … ရိုးသားကြပြီး အနည်းငယ် နုံအကြပါတယ် … ယုန်တွေဟာ တပါးသူတွေကို အော်ငေါက်ရတာ နဲ့ အသံကျယ်ကြီးတွေကို မကြိုက်ကြပါဘူး … ယုန်တွေဟာ လူတွေနဲ့ ဆက်ဆံရာမှာ အကောင်းမွန်ဆုံး ပုံစံကို စတင်ချပြလေ့ရှိကြသူတွေ ဖြစ်ပါတယ် …အပေါင်းသင်းပေါပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေ ဖြစ်ကြပါတယ် … ကူညီဖေးမတတ်ကြပြီး ကြင်နာ သနားတတ် ကြသူတွေလည်း ဖြစ်ကြပါတယ် …

ယုန်တွေဟာ မိသားစု အပေါ် သိတတ်သူတွေ အဖြစ်များကြပါတယ် … သားကောင်း သမီးကောင်း ဖြစ်လွယ်ကြသူတွေ ဖြစ်ကြပါတယ် … အများစုက မိဘတွေကို ရှေ့တန်းတင်လေ့ရှိကြသူတွေ ပါ … ယုန်တွေဟာ ရှက်ရွံ့စိတ် ကဲ တဲ့ သူတွေလည်း ဖြစ်ကြပါတယ်တဲ့ … ရှေးရိုးစွဲဆန်တဲ့ သူမျိုးတွေ ဖြစ်ပြီး ဂုဏ်သိက္ခာကို အလေးထားတတ်ကြပါတယ် … ယုန်တွေဟာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတတ်ကြပေမယ့် ရင်ဆိုင်ရမယ့် ပြသနာတွေနဲ့ အခက်ခဲတွေကို ကြောက်ရွံကြပြီး ကျရှုံးမှာကိုလည်း စိုးရိမ်တတ်ကြတာကြောင့် အဲ့ဒီအိပ်မက်တွေကိုလက်လွှတ်လိုက်တတ်ကြပါတယ် …

ယုန်တွေဟာ ကတိတည်ပြီး သူတပါးတွေရဲ့ လျို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးထားနိုင်ကြပါတယ် … စွန့်စားရမှာဆွေကို ကြောက်ရွံ့တတ်ကြပြီး အဆင်ပြေတဲ့နေရာလေးမှာသာ မြွေမသေ တုတ်မကျိုး နေထိုင်လိုကြပါတယ် … ယုန်တွေဟာ နှလုံးသားဆန္ဒကို ရှေ့တန်းတင်တတ်ကြသူတွေ ဖြစ်ပါတယ် … သူတို့ဟာ ဘဝ ရဲ့ နေထိုင်မှုတွေနဲ့ ပတ်သက်ပြီး သိပ် မစိုးရိမ်တတ်ကြပေမယ့် အဆင်ပြေသလိုလေး ပေါ့ပေါ့ပါးပါးနဲ့ နေထိုင် နိုင်တတ်ကြသူတွေ ဖြစ်ပါတယ် … ယုန်တွေဟာ ကူညီတတ်ပြီး စိတ်ထားနူးညံ့တာကြောင့် လူချစ်လူခင်ပေါများပြီး အသင်းအဖွဲ့နဲ့လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေမှာ အဆင်ပြေ တတ်ကြပါတယ် …

ယုန် နှစ်ဖွားတွေဟာ ဝက် နှစ်ဖွား ၊ ဆိတ် နှစ်ဖွား ၊ နဂါး နှစ်ဖွား တွေနဲ့ လိုက်ဖက်ပြီး ကြွက် နှစ်ဖွား ၊ ကျား နှစ်ဖွား ၊ မြင်း နှစ်ဖွား တွေနဲ့ အဆင်မပြေတတ်ကြပါဘူး …

ထင်ရှားသော ယုန်နှစ်ဖွားများ

Johnny Depp , Lionel Messi , Angelina Jolie , etc..

နဂါး နှစ်ဖွားများ

1904 , 1916 , 1928 , 1940 ,1952 , 1964 , 1976 , 1988 ,2000 , 2012 , 2024 , 2036
ခုနှစ်တွင် မွေးဖွားသူများဟာ နဂါး နှစ်ဖွားများ ဖြစ်ပါတယ် …
တရုတ်ရိုးရာ ရာသီခွင်မှာ ၅ ခုမြောက် ရာသီခွင် ဖြစ်ပါတယ် … နဂါး နှစ်ဖွားများကို ယန် ( Yang ) ဓာတ်က စိုးမိုးပါတယ် …

Fire Dragon – 1976,2036
Earth Dragon – 1928,1988
Wood Dragon – 1964,2024
Water Dragon – 1952,2012
Metal Dragon – 1940,2000

နဂါးတွေဟာ လျို့ဝှက်ဆန်းကြယ်ပြီး မြင့်မြတ်သော ရာသီဖွားများဖြစ်ပါတယ် … နဂါးတွေဟာ အကောင်းဆုံးသော ထိပ်တန်းရာသီခွင်လည်း ဖြစ်ပါတယ် … စိတ်ကူးယဉ်ဆန်တတ်တဲ့ ရာသီဖွားတွေလည်း ဖြစ်ပါတယ် … နဂါးတွေဟာ ရည်မှန်းချက်တွေကို အမှန်တကယ်ဖြစ်လာအောင် စွမ်းဆောင်နိုင်သူတွေ ဖြစ်ကြပါတယ် … အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ သူတွေလည်း ဖြစ်ကြပါတယ် … နဂါးတွေဟာ ကံကောင်းခြင်း လက်ဆောင်ကို မွေးရာပါ ရရှိပိုင်ဆိုင်ထားသူတွေဖြစ်ပြီး အမြဲကံကောင်းတတ်ကြသူတွေ ဖြစ်ပါတယ် …

နဂါးတွေကို သူတို့ပိုင်ဆိုင်ထားတဲ့ ထို ကံကောင်းမှုက ရည်မှန်းချက်တွေ အောင်မြင်မှုတွေဆီ ရောက်အောင် ဆွဲခေါ်သွားပေးလေ့ရှိပါတယ် … သို့ပေမယ့် နဂါးနှစ်ဖွားတွေဟာ ထိုသို့ ကံကောင်းမှုတွေကြောင့် ကံကိုပုံ ယုံလွန်းကာ ဘာကိုမှ သေချာမလုပ်ချင်တော့ဘဲ ပျင်းရိသွားတတ်ကြပါတယ် … နဂါးတွေဟာ လှပသော စွဲလန်းတပ်မက်ဖွယ် အဆင်း ချစ်စဖွယ်ရုပ်သွင် ကို ပိုင်ဆိုင်ထားတတ်ကြပြီး လူတွေရဲ့ နှလုံးသားကို ခိုး ယူသိမ်းပိုက်နိုင်ကြပါတယ် … နဂါးတွေဟာ အဆုံးမရှိသော ခွန်အားများကို လည်း ပိုင်ဆိုင်ထားတတ်ကြပြီး မောပန်းခြင်းဒဏ်ကို သူတပါးထက် ခံနိုင်ရည်ရှိတတ်ကြပါတယ် …

နဂါးတွေဟာ စည်းကမ်းတင်းကြပ်တတ်တဲ့ စရိုက်ရှိကြပါတယ် … လက်အောက်ငယ်သားတွေ သားသမီးတွေ ရဲ့ အမှားတွေကို အလွန်အကျွံ serious ထားတတ်ပြီး နားမလည်ပေးတတ်ဘဲ အပြစ်တင်ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်တတ်သူတွေလည်း ဖြစ်ပါတယ် … နဂါးနှစ်ဖွားတွေဟာ ကျရှုံးမှု ဒဏ်ကို မခံနိုင်ကြဘဲ တစုံတခု ကျရှုံးသွားပါက အကုန် ရပ်ပလိုက်တတ်တဲ့ သူတွေဖြစ်ပါတယ် … စွန့်စားလိုစိတ်ရှိ ကြသူတွေ ဖြစ်ပါတယ် … နဂါးတွေရဲ့ စိတ်ဟာ တွေဝေဝါးနေတတ်ပြီး သူတို့စိတ်ထားကို ခန့်မှန်းရတာလည်း အလွန်ခက်ခဲ ပါတယ် … သူတို့ရဲ့ အသိပညာနဲ့ စိတ်စွမ်းအားတွေက သူတို့ကို ခန့်ညားတဲ့သူတွေအဖြစ် ပုံဖော်ပေးလေ့ ရှိကြပါတယ် …

နဂါး နှစ်ဖွားတွေဟာ ကြွက် နှစ်ဖွား ၊ မျောက် နှစ်ဖွား ၊ ဝက် နှစ်ဖွား တွေနဲ့ လိုက်ဖက်ပြီး နွား နှစ်ဖွား ၊ ခွေး နှစ်ဖွား ၊ ဆိတ် နှစ်ဖွားတွေနဲ့ အဆင်မပြေတတ်ကြပါဘူး …

ထင်ရှားသော နဂါးနှစ်ဖွားများ

Bruce Lee , Martin Luther King Jr. , Che Guevara , etc

မြွေ နှစ်ဖွားများ

1905 , 1917 , 1929 , 1941 ,1953 , 1965 , 1977 , 1989 ,2001 , 2013 , 2025 , 2037
ခုနှစ်တွင် မွေးဖွားသူများဟာ
မြွေ နှစ်ဖွားများ ဖြစ်ပါတယ် …
တရုတ်ရိုးရာ ရာသီခွင် မှာ ၆ ခု မြောက် ရာသီခွင် ဖြစ်ပါတယ် … မြွေ နှစ်ဖွားများကို ယင် ( Yin ) ဓာတ်က စိုးမိုးပါတယ် …

Fire Snake – 1977,2037
Earth Snake – 1929,1989
Wood Snake – 1965,2025
Water Snake – 1953,2013
Metal Snake – 1941,2001

မြွေတွေဟာ ဉာဏ်ကောင်းပြီး ဟာသဉာဏ်ရွှင်သူတွေ ဖြစ်ပါတယ် … မြွေတွေဟာ တည်ကြည်ဖြောင့်မတ်မှု ရှိကြသူတွေ ဖြစ်ပါတယ် … မြွေတွေဟာ အလုပ်မှာ စိတ်အားထက်သန်မှုရှိကြပြီး smart ကျကြပါတယ် … romantic ဆန်သူတွေ ဖြစ်ကြပြီး ခေတ်မီ ဆန်းသစ်တဲ့ တီထွင်ဖန်တီးသူတွေလည်း ဖြစ်ကြပါတယ် … မြွေတွေဟာ အမျက်ဒေါသ နည်းသူတွေဖြစ်ပြီး တော်ရုံ စိတ်ဆိုးဒေါသထွက်လေ့ မရှိကြပါဘူး …

မြွေနှစ်ဖွားတွေ အိမ်လာလည်ရင် ကံကောင်းခြင်းတွေ ရရှိ တယ်လို့ ရှေးကတရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ် … မြွေတွေဟာ အရာရာကို အဖက်ဖက်က စဉ်းစားချင့်ချိန်ပြီးမှ အလုပ်တခုကို ပြုလုပ်လေ့ရှိကြပါတယ် … မြွေတွေဟာ တီထွင်ဆန်းသစ်မှု စွမ်းရည်ကောင်းတွေကို ပိုင်ဆိုင်ထားတတ်ကြပြီး အရာရာကို အစီစဉ်တကျ plan တွေ ချမှတ်ထားတတ်ကြပါတယ် … အလောတကြီး မလုပ်တတ်ဘဲ အရာရာကို တဆငိ့ချင်း သေချာပြုလုပ်တတ်ကြသူတွေ ဖြစ်ပါတယ် …

မြွေတွေဟာ ပြသနာတွေကို ခေါင်းအေးအေးနှင့် ဖြေရှင်းလေ့ရှိကြပါတယ် … သူတို့ဟာ အသင့်လျော်ဆုံးသော ဆုံးဖြတ်ချက်များ ကို ချမှတ်နိုင်သူတွေလည်း ဖြစ်ပါတယ် … အခွင့်အရေးတွေကို အရယူနိုင်တဲ့ စွမ်းရည်ကို မွေးရာပါ ပိုင်ဆိုင်ထားတတ်ကြပါတယ် … မြွေတွေဟာ သံသယလွန်ကဲတတ်ပြီး သူတို့ရဲ့ စိတ်ခံစားချက်တွေနဲ့ အားနည်းချက်တွေကို လျို့ဝှက်ချက်ထားတတ်ကြလို့ သူတို့စိတ်ရင်းကို မြင်နိုင်ဖို့ ခက်ခဲသူတွေဖြစ်ပါတယ် … စကားပြောစွမ်းရည်ကောင်းကြသူများ ဖြစ်ပြီး တပါးသူတွေကို သက်တောင့်သက်သာဖြစ်အောင်ပြောဆိုနိုင်ကြလို့ မြွေတွေဟာ လူအများစု သဘောကျခံရသူတွေလည်း ဖြစ်ပါတယ် …

မြွေ နှစ်ဖွားတွေဟာ ကြက် နှစ်ဖွား ၊ နွား နှစ်ဖွား ၊ နဂါး နှစ်ဖွားတွေနဲ့ လိုက်ဖက်ပြီး ကျား နှစ်ဖွား ၊ ဆိတ် နှစ်ဖွား ၊ ဝက် နှစ်ဖွားတွေနဲ့ အဆင်မပြေတတ်ကြပါဘူး …

ထင်ရှားသော မြွေနှစ်ဖွားများ

Aamir Khan , Taylor Swift , Stephen Hawking , etc…

ရေးသားသူ – 𝙃𝙞𝙙𝙙𝙚𝙣 𝙈𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧’𝙨 𝙈𝙞𝙧𝙧𝙤𝙧 𝙒𝙤𝙧𝙡𝙙

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။