12 Chinese Zodiac signs Part- 2

Astrology

12 Chinese Zodiac signs Part- 2

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ 12 Chinese Zodiac signs Part- 2 ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြင်း နှစ်ဖွားများ

1906 , 1918 , 1930 , 1942 ,
1954 , 1966 , 1978 , 1990 ,
2002 , 2014 , 2026 , 2038
ခုနှစ်တွင် မွေးဖွားသူများဟာ မြင်း နှစ်ဖွားများ ဖြစ်ပါတယ် … တရုတ်ရိုးရာ ရာသီခွင် မှာ ၇ ခု မြောက် ရာသီခွင် ဖြစ်ပါတယ် … မြင်း နှစ်ဖွားများကို ယန် (Yang) ဓာတ် က စိုးမိုးပါတယ် …

Fire Horse – 1966,2026
Earth Horse – 1978,2038
Wood Horse – 1954,2014
Water Horse – 1942,2002
Metal Horse – 1930,1990

မြင်းတွေဟာ စိတ်လွတ်ကိုယ်လွတ် နေတတ်ကြပြီး လွတ်လပ်မှုကို လွန်စွာ သဘောကျကြပါတယ် … ချုပ်ချယ်ခံရတာ ကို မုန်းတီးကြပြီး ဒေါသကြီး ကြတဲ့သူတွေ sensitive ဖြစ်လွယ်သူတွေလည်း ဖြစ်ပါတယ် … မြင်းတွေဟာ ဝေဖန်တာ အကြံပေးတာ ဆရာကြီးလုပ်တာတွေကို နည်းနည်းမှ သည်းမခံနိုင်ကြပါဘူး … မြင်းတွေဟာ စိတ်မြန်ပြီး ထင်ရာစိုင်း တတ်တဲ့ သဘာဝရှိသူတွေမို့ အမှားတွေလည်း ဖြစ်လွယ်ကြပါတယ် … စွန့်စားရတဲ့ အလုပ်တွေကို သဘောကျပြီး အပြောင်းအလဲတွေ ကို ခုံမင်ကြသူတွေ ဖြစ်ကြပါတယ် …

မြင်းတွေဟာ extrovert တွေ အဖြစ်များကြပါတယ် … လူတွေကြားမှာ ထင်ပေါ်ကျော်ကြားမှု ကို လိုလားကြသူတွေ ဖြစ်သလို တကယ်လည်း popular ဖြစ်တတ်ကြပါတယ် … လူကဲခတ်တော်တဲ့သူတွေ ဖြစ်ပြီး အရာရာကို သဘာဝကျကျတွေးခေါ်နိုင်သူတွေလည်း ဖြစ်ပါတယ် … မြင်းတွေဟာ ရိုးသားဖြောင့်မတ်သူတွေ ဖြစ်ကြပါတယ် … မုသားတွေကို လည်လည်ပတ်ပတ်မသုံးတတ်ကြသလို သူတို့ကို လိမ်တာ လှည့်ဖျားတာကိုလည်း မုန်းတီးကြပါတယ် …

မြင်းတွေဟာ ရဲရင့်ပြီး ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ ပြတ်သားကြပါတယ် … အသစ်အဆန်းတွေကို ပြုလုပ်ဖို့ ခုံမင်သူတွေဖြစ်ကြပါတယ် … သူတို့ရဲ့ စိတ်အားထက်သန်မှုတွေ စိတ်ခံစားချက်တွေဟာ သူတို့ မျက်လုံးမှာ အထင်းသားပေါ်နေလေ့ရှိပြီး ခံစားချက်တွေကို မဖုံးကွယ်ထားနိုင်ကြပါဘူး … အဲ့လိုပဲ သူတို့ကလည်း တခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို လွယ်လွယ်သိနိုင်ကြပါတယ် …

မြင်း နှစ်ဖွားတွေဟာ ကျား နှစ်ဖွား ၊ ဆိတ် နှစ်ဖွား ၊ ခွေး နှစ်ဖွား တို့နဲ့ လိုက်ဖက်ပြီး ကြွက် နှစ်ဖွား ၊ နွား နှစ်ဖွား ၊ မျောက် နှစ်ဖွား တို့နဲ့ အဆင်မပြေတတ်ကြပါဘူး …

ထင်ရှားသော မြင်းနှစ်ဖွားများ

Joe Biden , Jackie Chan , Muammar Gaddafi , etc

ဆိတ် နှစ်ဖွားများ

1907 , 1919 , 1931 , 1943 ,
1955 , 1967 , 1979 , 1991 , 2003 , 2015 , 2027 , 2039
ခုနှစ်တွင် မွေးဖွားသူများဟာ
ဆိတ် နှစ်ဖွားများ ဖြစ်ပါတယ် … တရုတ် ရိုးရာ ရာသီခွင် မှာ ၈ ခု မြောက် ရာသီခွင် ဖြစ်ပါတယ် … ဆိတ် နှစ်ဖွားများကို ယင် (Yin) ဓာတ် က စိုးမိုးပါတယ် …

Fire Goat – 1967,2027
Earth Goat – 1979,2039
Wood Goat – 1955,2015
Water Goat – 1943,2003
Metal Goat – 1931,1991

ဆိတ်တွေဟာ ကိုယ်ချင်းစာတရား ပြည့်ဝသူတွေ ဖြစ်ကြပါတယ် … ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်းတွေနဲ့ မွေးဖွားလာသူတွေလည်း ဖြစ်ကြပါတယ် … ဆိတ်တွေဟာ နူးညံ့ကြပြီး ဆုံးမမှုများကိုလည်း အလွယ်တကူ နာခံတတ်ကြသူတွေ ဖြစ်ကြပါတယ် … ဆိတ်တွေဟာ မိမိ ကိုယ်ကျိုးစီးပွါးထက် လက်အောက်ငယ်သားတွေကို ပိုကြည့်ပေးတတ်တဲ့ စိတ်ထားပြည့်ဝတဲ့ခေါင်းဆောင်မျိုးတွေ ဖြစ်ကြပါတယ် … ဆိတ်တွေဟာ ထင်ပေါ်ကျော်ကြားမှုတွေကို မကြိုက်ကြဘဲ လူမသိသူမသိနေရခြင်းကို ပိုသဘောကျကြပါတယ် … အလုပ်ကြိုးစားပြီး ဇွဲလုံ့လ ဝီရိယကောင်း ရှိသူတွေလည်း ဖြစ်ကြပါတယ် … ဝေဖန်မှုတွေကို မျက်ကွယ်ပြုပြီး ခိုင်မာတဲ့အသိဉာဏ်နဲ့ ဖြတ်သန်းနိုင်သူတွေလည်း ဖြစ်ကြပါတယ် …

ဆိတ်တွေဟာ သန်မာတဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကို ပိုင်ဆိုင်ထားတတ်ကြပါတယ် … ဆိတ်တွေဟာ မိဘတွေ အပေါ်သိတတ်တဲ့ သားကောင်း သမီးကောင်းတွေလည်း ဖြစ်တတ်ကြပါတယ် … ငွေရေးကြေးရေး မှာ စိစစ်ပြီး မဖြုန်းတီးတတ်သူများဖြစ်ကြပါတယ် … တည်ကြည်သူတွေဖြစ်တာကြောင့် ဆိတ်တွေနဲ့ အလုပ်တွဲလုပ်ပါက ယုံကြည်မှုအပြည့်ထားလို့ရတဲ့သူတွေလည်း ဖြစ်ကြပါတယ် …

ဆိတ်တွေဟာ ချီးကျူးခံရတာ ဂရုစိုက်ခံရတာတွေကို သဘောခွေ့ကြပါတယ် … အချစ်ရေးမှာ အရှက်အကြောက်ကြီးသူတွေလည်း ဖြစ်ကြပါတယ် … ခံစားချက်တွေကို ဖော်ပြရာမှာ မပွင့်လင်းဘဲ နွေးကွေးကြပါတယ် … တခါတရံမှာတော့ အဆိုးမြင်စိတ်ရှိတတ်ကြသော်လည်း ဆိတ်တွေဟာ နွေးထွေးပြီး ရက်ရောကာ မိသားစုအပေါ်သိတတ်တဲ့ ရာသီဖွားတွေ ဖြစ်ကြပါတယ် …

ဆိတ် နှစ်ဖွားများဟာ ယုန် နှစ်ဖွား ၊ မြင်း နှစ်ဖွား ၊ ဝက် နှစ်ဖွား တို့နဲ့ လိုက်ဖက်ပြီး နွား နှစ်ဖွား ၊ မြွေ နှစ်ဖွား ၊ နဂါး နှစ်ဖွား ၊ ခွေး နှစ်ဖွား တို့နဲ့ အဆင်မပြေတတိကြပါဘူး …

ထင်ရှားသော ဆိတ် နှစ်ဖွားများ

Bill Gates , Steve Jobs , Pink , etc

မျောက် နှစ်ဖွားများ

1908 , 1920 , 1932 , 1944 ,
1956 , 1968 , 1980 , 1992 , 2004 , 2016 , 2028 , 2040
ခုနှစ်တွင် မွေးဖွားသူများဟာ မျောက် နှစ်ဖွားများ ဖြစ်ပါတယ် … တရုတ်ရိုးရာ ရာသီခွင်မှာ ၉ ခု မြောက် ရာသီခွင် ဖြစ်ပါတယ် … မျောက် နှစ်ဖွားများကို ယန် (Yang) ဓာတ် က စိုးမိုးထားပါတယ် …

Fire Monkey – 1956,2016
Earth Monkey – 1968,2028
Wood Monkey – 1944,2004
Water Monkey – 1932,1992
Metal Monkey – 1920,1980,2040

မျောက်တွေဟာ စိတ်နှစ်ခွကို ပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ် … တခါတရံ အရမ်း ပေါ့ပါးပြီး တက်ကြွဖျက်လတ်နေတဲ့သူတွေဖြစ်ပါတယ် … ဟာသဉာဏ်ရွှင်တဲ့ သူတွေလည်း ဖြစ်ပါတယ် … တခါတရံမှာတော့ မှိုင်တွေ ငေးမောနေတတ်ပြီး လမ်းပျောက်နေတတ်သူတွေ လည်း ဖြစ်ပါတယ် … မျောက်တွေဟာ ထွားကြိုင်းသန်မာတဲ့ ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ထားတတ်ကြပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ မကြံ့ခိုင်ဘဲ ချီတုံချတုံနဲ့ ဝေဝါးတတ်လေ့ရှိကြပါတယ် …

မျောက်တွေဟာ ထက်မြက်တဲ့သူတွေ ဖြစ်ကြပါတယ် … အရာရာကို အသေးစိတ် အကောင်းဆုံး လုပ်တတ်ကြတာကြောင့် ယှဉ်ပြိုင်မှုတွေမှာ မျောက် တွေဟာ အသာစီးရလေ့ရှိကြပါတယ် … ပြသနာတွေကို ဖြေရှင်းရာမှာ လိမ္မာပါးနပ်ကြပြီး risk အနည်းဆုံး နည်းလမ်းမျိုးကိုလည်း ရှာတွေ့တတ်ကြပါတယ် … မျောက်တွေဟာ ဘယ်သူနဲ့မဆို တည့်အောင်ပေါင်းတတ်ကြပြီး မိတ်ဆွေ အပေါင်းသင်းတွေဆီက အကြံဉာဏ်တွေကိုလည်း နားထောင်လေ့ရှိကြပါတယ် …

မျောက်တွေရဲ့ အားနည်းချက်ကတော့ စောင့်ဆိုင်းရတာတွေက မုန်းတီးကြတာပါပဲ … စိတ်မရှည်တတ်ကြဘဲ တဇွတ်ထိုးစိတ်ရှိတဲ့ စိတ်မြန်လက်မြန် မျောက်လေးတွေပါ … ဒါပေမယ့် ဖြစ်လာသမျှ မွှေထားသမျှကိုလည်း သူတို့ဘာသာ အဆင်ပြေအောင် ဒိုင်ခံ ဖြေရှင်းနိုင်ကြပါတယ် … မျောက်တွေဟာ ထက်မြက်ကြတဲ့ အတွက် အနည်းငယ် မာနထောင်လွှားကြပါတယ် … ကြွားဝါတတ်ပြီး မုသားတွေသုံးရတာ လှည့်ဖျားရတာတွေကိုလည်း ကြိုက်ကြပါတယ် …

မျောက် နှစ်ဖွားတွေဟာ ကြွက် နှစ်ဖွား ၊ နွား နှစ်ဖွား ၊ နဂါး နှစ်ဖွား တွေနဲ့ လိုက်ဖက်ပြီး ကျား နှစ်ဖွား ၊ မြွေ နှစ်ဖွား ၊ ဝက် နှစ်ဖွားတွေနဲ့ အဆင်မပြေတတ်ကြပါဘူး …

ထင်ရှားသော မျောက် နှစ်ဖွားများ

Will Smith , Selena Gomez , Cardi B , etc

ကြက် နှစ်ဖွားများ

1909 , 1921 , 1933 , 1945 ,
1957 , 1969 , 1981 , 1993 ,
2005 , 2017 , 2029 , 2041
ခုနှစ်တွင် မွေးဖွားသူများဟာ ကြက် နှစ်ဖွားများ ဖြစ်ပါတယ် … တရုတ်ရိုးရာ ရာသီခွင်မှာ ၁၀ ခု မြောက် ရာသီခွင် ဖြစ်ပါတယ် … ကြက် နှစ်ဖွားများကို ယင် (Yin) ဓာတ် က စိုးမိုးထားပါတယ် …

Fire Rooster – 1957,2017
Earth Rooster – 1969,2029
Wood Rooster – 1945,2005
Water Rooster – 1933,1993
Metal Rooster – 1921,1981,2041

ကြက်တွေဟာ ရည်မှန်းချက်ကြီးပြီး နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ကြပါတယ် … ကြက်တွေဟာ သူမတူ ကွဲပြားခြားနားတဲ့ စရိုက်တွေ ရှိတတတ်ကြပါတယ် … အပေးကမ်းရက်ရောပြီး လက်ဖွာကြပါတယ် … ကြက်တွေဟာ ရိုးသားသူတွေ ဖြစ်ပြီး အတွေးလွန်တတ်သူတွေလည်း ဖြစ်ကြပါတယ် … ကြက်တွေဟာ စည်းစနစ်ကြသူတွေလည်း ဖြစ်ကြပါတယ် … smart ကျကျ နေထိုင်ကြတတ်တဲ့သူတွေလည်း ဖြစ်ကြပါတယ် … ကြက်တွေဟာ ဉာဏ်ကောင်းပြီး စကားအလိမ္မာယ်လည်း ကြွယ်ဝကြပါတယ် …

ကြက်တွေရဲ့ မိမိကိုယ်ကို လေးစားတတ်သော self-respect သည် ဘယ် ရာသီခွင်မှ မမီအောင် မြင့်မားပါတယ် … ကြက် နှစ်ဖွား ဟာ ယင်ဓာတ်စိုးမိုးတဲ့ ရာသီခွင်တွေထဲ တခု တည်းသော စိတ်မြန်လက်မြန်လုပ်တတ်သော ရာသီခွင် ဖြစ်ပါတယ် … ကြက်တွေဟာ အလုပ်လုပ်နေရခြင်းကို သဘောကျပြီး သေသပ်တဲ့ အလုပ်မျိုးတွေကို လုပ်န်ုင်ကြပါတယ် … ခံယူချက်တခုနဲ့ အလုပ်လုပ်တတ်တဲ့ သူတွေလည်း ဖြစ်ပါတယ် … တွေးခေါ်ကြံဆမှု ကောင်းကြပြီး တာဝန်ကျေပွန်သောသူတွေ ဖြစ်ကြပါတယ် … ကြက်တွေဟာ Plan တွေ ချမှတ်ထားတတ်ပြီး ထိုအရာတွေကို ပြီးမြောက်အောင် လုပ်ဆောင်တတ်ကြပါတယ် …

ကြက်တွေဟာ စည်းစနစ်ကျပြီး စည်းကမ်းလည်းရှိသူတွေ ဖြစ်တာကြောင့် ပန်းတိုင်ရောက်လွယ်သူတွေ ဖြစ်ပါတယ် … ကြက်တွေရဲ့ အားနည်းချက်ကတော့ စိတ်မရှည်တတ်ဘဲ သူတပါးကို ယုံကြည်မှုလွန်ကဲတတ် ခြင်းပါ… သူတို့ဟာ ကိစ္စတခုကို သိပ်လုပ်ချင်လာတဲ့အခါ အကျိုးဆက်ကို မစဉ်းစားဘဲ ဇွတ်တရွတ် ပြုလုပ်တတ်ကြပါတယ် … သူတို့ ပြောသမျှ လုပ်သမျှ ကို အမှန်လို့ ဆွဲကိုင်ထားတတ်ပြီး အခြားသူတွေ ပေးတဲ့ အကြံဉာဏ်များကို လက်မခံတတ်တဲ့ အချိန်မျိုးတွေလည်း ရှိကြပါတယ် … ကြက်တွေရဲ့ ခံစားချက်ဟာ ရုတ်ချည်း ပြောင်းလဲတတ်တဲ့ စရိုက်ရှိပြီး တခါတရံမှာ ထေ့ငေါ့ပြောတတ်တဲ့ အကျင့်လည်းရှိကြပါတယ် …

ကြက် နှစ်ဖွားတွေဟာ နွား နှစ်ဖွား ၊ မြွေ နှစ်ဖွား ၊ ဝက် နှစ်ဖွား များနဲ့ လိုက်ဖက်ပြီး ဆိတ် နှစ်ဖွား ၊ မြင်း နှစ်ဖွား ၊ ယုန် နှစ်ဖွား တို့နဲ့ အဆင်မပြေတတ်ပါဘူး …

ထင်ရှားသော ကြက် နှစ်ဖွားများ

Osama bin Laden , Britney Spears , Daw Aung San Suu Kyi , etc…

ခွေး နှစ်ဖွားများ

1910 , 1922 , 1934 , 1946 , 1958 , 1970 , 1982 , 1994 , 2006 , 2018 , 2030 , 2042
ခုနှစ်တွင် မွေးဖွားသူများဟာ ခွေးနှစ်ဖွားများ ဖြစ်ပါတယ် … တရုတ်ရိုးရာ ရာသီခွင်မှာ ၁၁ ခု မြောက် ရာသီခွင် ဖြစ်ပါတယ် … ခွေး နှစ်ဖွားများကို ယန် (Yang) ဓာတ် က စိုးမိုးထားပါတယ် …

Fire Dog – 1946,2006
Earth Dog – 1958,2018
Wood Dog – 1934,1994
Water Dog – 1982,2042
Metal Dog – 1970,2030

ခွေးတွေဟာ ရိုးသားပြီး သစ္စာရှိကြပါတယ် … ဖြောင့်မတ်တဲ့ စိတ်ထား မျိုးကို ပိုင်ဆိုင်ထားကြပါတယ် … ခွေးတွေဟာ နွေးထွေးနူးညံ့သော နှလုံးသားမျိုးကို ပိုင်ဆိုင်ထားတတ်ကြပါတယ် … တပါးသူတွေအပေါ် အပေးအကမ်း ရက်ရော ကြပြီး ကူညီဖေးမ တတ်ကြပါတယ် … သူတို့ကို ယုံကြည်ပြီး ပြောပြလာတဲ့ တပါးသူတွေရဲ့လျို့ဝှက်ချက်တွေကိုလည်း သေချာ ထိန်းသိမ်းထားပေးနိုင်တဲ့ သစ္စာရှိသူတွေလည်း ဖြစ်ကြပါတယ် …

ခွေးများဟာ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်စွာနဲ့ တက်ကြွစွာ ပြုလုပ်လေ့ရှိကြပါတယ် … အလုပ်လုပ်ရာမှာ သစ္စာရှိသော သူတွေ ဖြစ်ပါတယ် … လုပ်ငန်းပိုင်းမှာ ဘယ်လို ကြပ်တည်း လာပါစေ သူတို့ လုပ်သော အလုပ်အပေါ် သစ္စာရှိပြီ သံယောဇဉ်ကြီးသော သူတွေဖြစ်ကြပါတယ် … ခွေးတွေဟာ တခြားသူတွေ ရဲ့ အောင်မြင်မှုတွေကို မနာလိုဝန်တိုစိတ် မရှိတတ်ဘဲ မုဒိတာပွါးပေးနိုင်ကြပါတယ် … သူတို့အတွက် အားအင်အဖြစ် ယူပြီးလည်း ကြိုးစားကြလေ့ရှိကြပါတယ် … ခွေးတွေဟာ တပါးသူတွေကို စိတ်သက်သာစေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေရန် လမ်းပြပေးနိုင်သူတွေလည်း ဖြစ်ကြပါတယ် …

ခွေးတွေဟာ အချစ်ရေးမှာ သစ္စာတရားကြီးမားကြပြီး တစုံတယောက်ကို ချစ်မိပါက ပြောင်းလဲနိုင်ဖို့ အလွန်ခက်ခဲလေ့ရှိသူတွေ ဖြစ်ကြပါတယ် … ခွေး တွေဟာ လူတိုင်းနဲ့ လိုက်လျောညီထွေ ပေါင်းသင်း ဆက်ဆံတတ်ပြီး ဗဟုသုတ ကြွယ်ဝ သူတွေ ဖြစ်လို့ သူတို့ ပါဝင်တဲ့ စကားဝိုင်းတွေ ဆွေးနွေးပွဲတွေဟာ စည်ကားလေ့ရှိကြပါတယ် … ခွေးများရဲ့ အဓိက အားနည်းချက်မှာ အလွန် ခေါင်းမာတတ်ပြီး အကြောင်းမဲ့ စိုးရိမ် ပူပန်တတ်တဲ့ စရိုက်ရှိနေခြင်း တို့ ဖြစ်ပါတယ် … တခါတရံတွင်လည်း အကြောင်းပြချက်မရှိ ကိုယ့်အတွေးနဲ့ကိုယ် အေးစက် နေတတ်ကြပါတယ် … ခွေးများဟာ တခြားသူတွေရဲ့ အမှားများ အားနည်းချက်များကို အလွယ်တကူ ရှာတွေ့နိုင်ပေမယ့် အသုံးချလေ့တော့မရှိကြပါဘူး … ခွေးတွေဟာ ဆန်းသစ်တဲ့ အကြံဉာဏ်တွေ ထူးခြားဆန်းပြားတဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ် … သို့ပေမယ့် တကယ်လက်တွေ့အသုံးချနိုင်သူ ကတော့ နည်းပါးကြပါတယ် … ခွေးများဟာ ကြွားဝါလိုစိတ်လည်း များပါတယ် … ခွေးနှစ်ဖွား အမျိုးသမီးတွေဟာ ချစ်စရာ သနားစရာ ရုပ်ရည်မျိုးရှိကြပြီး ဖျတ်လတ်လျင်မြန်ကြပါတယ်တဲ့ …

ခွေး နှစ်ဖွားများဟာ ယုန် နှစ်ဖွား ၊ ကျား နှစ်ဖွား ၊ မြင်း နှစ်ဖွား တို့နဲ့ လိုက်ဖက်ပြီး နဂါး နှစ်ဖွား ၊ နွား နှစ်ဖွား ၊ ဆိတ် နှစ်ဖွား တို့နဲ့ အဆင်မပြေတတ်ကြပါဘူး …

ထင်ရှားသော ခွေးနှစ်ဖွားများ

Thomas Edison , Micheal Jackson , Donald Trump

ဝက် နှစ်ဖွားများ

1911 , 1923 , 1935 , 1947 , 1959 , 1971 , 1983 , 1995 , 2007 , 2019 , 2031 , 2043
ခုနှစ်တွင် မွေးဖွားသူများဟာ ဝက် နှစ်ဖွားများ ဖြစ်ပါတယ် … တရုတ်ရိုးရာ ရာသီခွင်မှာ နောက်ဆုံး ရာသီခွင် ဖြစ်ပါတယ် … ဝက် နှစ်ဖွားများကို ယင် (Yin) ဓာတ် က စိုးမိုးထားပါတယ် …

Fire Pig – 1947,2007
Earth Pig – 1959,2019
Wood Pig – 1935,1995
Water Pig- 1923,1983,2043
Metal Pig – 1971,2031

တရုတ်ရိုးရာ အယူအဆမှာ ဝက်ဟာ ငွေကြေးကို ကိုယ်စားပြုပါတယ် … ဝက်တွေဟာ ရာသီခွင် ၁၂ ခုမှာ လောဘအကြီးဆုံး ရာသီခွင်လည်း ဖြစ်ပါတယ် … ဝက်တွေဟာ ငွေရှာရာမှာ အကွက်မြင်ပြီး တော်ကြတဲ့သူတွေ ဖြစ်ပါတယ် … ဝက်တွေဟာ သူတို့ခေါင်းထဲမှာ အချိန်ပြည့် ငွေအကြောင်းသာ စဉ်းစားနေတတ်ပါတယ် … အလုပ်လုပ်ရာမှာ ကြိုးစားပြီး ဝီရိယ ရှိကြသလို တာဝန်ကျေအောင် အားကြိုးမာန်တက်လုပ်တတ်ကြပေမယ့် သူတို့အတွက် ဘယ် အပေါက်က ငွေရမလဲ ဆိုတာလည်း အမြဲ ကြံစည်နေတတ်ကြတဲ့သူမျိုးတွေ ဖြစ်ပါတယ် … ဝက်တွေဟာ ရှာထားတဲ့ ငွေတွေကိုလည်း ဘယ်လိုတိုးပွါးရမလဲ အမြဲ ကြံဆနေတတ်သူတွေ ဖြစ်ပါတယ် …

ဝက်တွေဟာ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်ပြီး တကိုယ်ကောင်း ဆန်သူတွေ ဖြစ်ပါတယ် … ဝက်တွေဟာ အရာရာကို လက်တွေ့ကျကျ တွေးခေါ်နိုင်သူတွေ ဖြစ်ကြပေမယ့် စိတ်ခံစားချက် အများကြီးနဲ့ ရှုပ်ထွေးတတ်သူတွေ ဖြစ်ကြပါတယ် … ဝက်တွေဟာ ငွေကြေး စီးပွါးရေး နဲ့ ပတ်သက်ပြီး အကြံဉာဏ်သစ်တွေ အတွေးစိတ်ကူးသစ်တွေ အမြဲ ထုတ်နိုင်ကြသူတွေ ဖြစ်ပါတယ် … သို့ပေမယ့် အရမ်းအတွေးများသူတွေမို့ လက်တွေ့ အကောင်ထည်ဖော်ဖို့ရာ ခက်ခဲပြီး အတွေးကမ္ဘာမှာ ဝေ့လည်ဝေ့လည် ဖြစ်နေတတ်ကြပါတယ် … ဝက်တွေဟာ လျို့ဝှက်တတ်သူတွေဖြစ်ပြီး သူတို့စိတိရင်းကို ဘယ်သူ့ကိုမှ ချမပြဘဲ ဟန်ဆောင်ကောင်းကြပါတယ် … ဒါပေမယ့် ပြသနာက မလုံတာပါ …

ဝက်တွေဟာ သိပ်ခင်မင်သူတွေ အပေါ်မှာတော့ သနားကြင်နာတတ်ပြီး ကူညီဖေးမတတ်ကြပါတယ် … ဝက်တွေဟာ မိတ်ဆွေ အပေါင်းသင်းလည်း များကြပါတယ် … ဝက်တွေဟာ လူတိုင်းနဲ့ လိုက်လျောညီထွေ ပေါင်းသင်းတတ်ကြတာကြောင့် လူတွေရဲ့ ယုံကြည်မှုကို အလွယ်တကူပဲ ရရှိကြလေ့ရှိပါတယ် … သို့ပေမယ့် သူတို့ကိုယ်တိုင်ကလည်း သူတပါးအပေါ် အယုံလွယ်ပြီး နုံအကြလို့ ခနခန အသုံးချခံရ အလိမ်ခံရတဲ့ သူတွေလည်း ဖြစ်ပါတယ် … လည်တော့ လည်တယ် တပတ်မပြည့်တဲ့ ဝက်တွေပါ …

ဝက် နှစ်ဖွားတွေဟာ ကျား နှစ်ဖွား ၊ ယုန် နှစ်ဖွား ၊ ဆိတ် နှစ်ဖွား တို့နဲ့ လိုက်ဖက်ပြီး မြွေ နှစ်ဖွား ၊ မျောက် နှစ်ဖွားတွေနဲ့ အဆင်မပြေတတ်ကြပါဘူး …

ထင်ရှားသော ဝက်နှစ်ဖွားများ

Snoop Dogg , Dove Cameron , Jimin , etc

ရေးသားသူ – 𝙃𝙞𝙙𝙙𝙚𝙣 𝙈𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧’𝙨 𝙈𝙞𝙧𝙧𝙤𝙧 𝙒𝙤𝙧𝙡𝙙

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။