မြန်မာနဲ့ ရုရှားစစ်တပ်တို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆွေးနွေး နေပြည်တော်မှာ ပြုလုပ်တဲ့ဆွေးနွေးပွဲ

Local News

မြန်မာနဲ့ ရုရှားစစ်တပ်တို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆွေးနွေး နေပြည်တော်မှာ ပြုလုပ်တဲ့ဆွေးနွေးပွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မြန်မာနဲ့ ရုရှားစစ်တပ်တို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆွေးနွေး နေပြည်တော်မှာ ပြုလုပ်တဲ့ဆွေးနွေးပွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁ ဒီဇင်ဘာ ၂၀၂၂,
မြန်မာစစ်တပ်နဲ့ ရုရှားစစ်တပ်တို့ကြား အကြမ်းဖက်မှု ပူးတွဲတိုက်ဖျက်ရေးအစည်းအဝေးတစ်ရပ်ကို နေပြည်တော်မှာ မနေ့ နိုဝင်ဘာလ ၃၀ ရက်တုန်းက ပြုလုပ်သွားပါတယ်။

အဲဒီအစည်းအဝေးပွဲကို မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြည်းတပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ရုရှားစစ်ဦးစီးချုပ်ရုံးက ဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich တို့ ဦးဆောင်ပြုလုပ်ခဲ့တာပါ။

မြန်မာ-ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ဘက်က သတင်းထုတ်ပြန်ပေမဲ့ ဘယ်လိုကဏ္ဍတွေ အတွက်ဆိုတာကိုလည်း တိတိပပမပြောထားပါဘူး။

ရုရှားစစ်ဖက်ကိုယ်စားလှယ်တွေဟာ အခုသီတင်းပတ်အတွင်း နေပြည်တော်ကို ရောက်နေတာဖြစ်ပြီး အခုဆွေးနွေးပွဲ မတိုင်ခင်တုန်းကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာပူးပေါင်းမှု ကိစ္စတွေ ဆွေးနွေးထားတယ်လို့ သိရပါတယ်။

ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနဲ့ စစ်ခေါင်းဆောင် တို့ဆွေးနွေးမှုထဲ ရုရှားနိုင်ငံကို မြန်မာစစ်တပ်က ပညာတော်သင်စေလွှတ်ဖို့လည်းပါဝင်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ရုရှားကို ပညာသင်စေလွှတ်မှုတွေပုံမှန်ရှိခဲ့ပေမဲ့ အခုတခါမှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့သက်ဆိုင်တဲ့ နည်းပညာဆိုင်ရာအကူအညီအတွက်အဓိကထားစေလွှတ်မယ့်အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကဘီဘီစီကိုပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီနဲ့ ရုရှားကြား စစ်ဘက်ဆက်ဆံရေးသာမက စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာပါ ဆက်ဆံရေးတိုးမြင့်လာနေတာဖြစ်ပါတယ်။

မကြာ‌သေးခင်က စစ်ကောင်စီက ချီးမြှင့်ခဲ့တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေပေးအပ်ပွဲမှာ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ကိုပါ ပေးအပ်ထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။