စမ်းချောင်းပစ်ခတ်မှုတွင် အုပ်ချုပ်ရေးမှူးအပြင် အနီးရှိနေသူတစ်ဦးပါ thayဆုံးခဲ့

Local News

စမ်းချောင်းပစ်ခတ်မှုတွင် အုပ်ချုပ်ရေးမှူးအပြင် အနီးရှိနေသူတစ်ဦးပါ thayဆုံးခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စမ်းချောင်းပစ်ခတ်မှုတွင် အုပ်ချုပ်ရေးမှူးအပြင် အနီးရှိနေသူတစ်ဦးပါ thayဆုံးခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ယမန်နေ့ (ဒီဇင်ဘာ ၂၂) နံနက်ပိုင်းက ရန်ကုန်၊ စမ်းချောင်းမြို့နယ် ဝေဠုဝန်မြောက်ရပ်ကွက်၊ သဇင်လမ်းရှိ စူပါလက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်မှုဖြစ်စဉ်တွင် ၂ ဦး thayဆုံးသွားသည်ဟု သိရသည်။

thayဆုံးသူတို့မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်နှင့် ဦးထွန်းထွန်းဦးဆိုသူတို့ ဖြစ်ကြောင်း သက်ဆိုင်သူများထံမှ သိရသည်။

အွန်လိုင်းသတင်းများတွင် ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဖော်ပြကြသည့်အခါ ၎င်း၏ဖခင်ကို ရာအိမ်မှူးတစ်ဦးအဖြစ် ရေးသားခဲ့ကြကြောင်း၊ ဖခင် ဦးထွန်းထွန်းဦးမှာ ရာအိမ်မှူး မဟုတ်ဘဲ သင်္ဘောသားအရာရှိတစ်ဦးသာဖြစ်သည်ဟု အသိပေးလိုကြောင်း ဦးထွန်းထွန်းဦး၏ သမီးဖြစ်သူက ပြောသည်။

ပစ်ခတ်သည့်အဖွဲ့ကို ဆက်သွယ် မေးမြန်းရာတွင် အဓိကပစ်မှတ်ဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဝင်ရောက်ပစ်ခတ်စဉ် ဘေးတွင် ရှိနေသူများကိုလည်း ထိသွားကြောင်း ပြောသည်။

“အားလုံးကို ခေါင်းငုံ့ဝပ်နေပါလို့ အော်ပြီးမှ ပစ်မှတ်ဝေဖြိုးအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တာပါ” ဟု လုပ်ကြံသည့်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်၏ အမျိုးသမီးမှာ ခေါင်းငုံ့နေသည့်အတွက် ထိခိုက်ခဲ့ခြင်း မရှိကြောင်းလည်း ထိုသူက ဆက်ပြောသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။