ချမ်းအေးတဲ့ရာသီမှာ ကလေးတွေရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကြမယ်

Health

ချမ်းအေးတဲ့ရာသီမှာ ကလေးတွေရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကြမယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချမ်းအေးတဲ့ရာသီမှာ ကလေးတွေရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကြမယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ချမ်းအေးတဲ့ရာသီမှာ ကလေးတွေရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကြမယ်

ဆောင်းဝင်လာတာနဲ့ ရာသီအကူးအပြောင်းကြောင့်ရော အအေးဒဏ်ကြောင့်ပါ အအေးမိ၊ နှာစေး၊ ချောင်းဆိုးတာတွေ တွေ့ကြုံကြရမှာပါ။ လူကြီးတွေထက် ကလေးတွေ ပိုပြီးအဖြစ်များပါတယ်။ ကလေးတွေရဲ့ကိုယ်ခံအားက လူကြီးတွေလောက် မဖွံ့ဖြိုးသေးတဲ့အတွက် ဆောင်းရာသီမှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုးတာ၊ ဖျားနာတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ အလွယ်တကူ ဖျားနာတာတွေမဖြစ်အောင် ကိုယ်ခံအားကောင်းဖို့တာ အရေးကြီးပါတယ်။

ကလေးတွေကို အပြင်မထွက်ခိုင်းပါနဲ့။ တကယ်လို့အပြင်ထွက်ရင်လည်း အအေးမမိအောင် အနွေးထည်ထူထူ၊ ဉီးထုပ်၊ ခြေအိတ်၊လက်အိတ်တွေကို ဝတ်ဆင်ပေးပါ။ အိမ်ထဲမှာနေရင်လည်း ကလေးတွေကို နွေးနွေးထွေးထွေးထားပါ။ အဲဒီလိုတွေ သေချာဂရုစိုက်ပေးတာအပြင် ကလေးတွေက အလွယ်တကူမဖျားနာနိုင်ဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းအောင်လည်း လုပ်ပေးရမှာဖြစ်ပါတယ်။

ကလေးရဲ့ခန္ဓာကိုယ်အတွင်းက ကိုယ်ခံအားကောင်းဖို့အတွက် အရင်ဆုံး တုပ်ကွေးကာကွယ်ဆေးထိုးပေးသင့်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးထိုးထားရုံနဲ့မရသေးပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားပေးရဉီးမှာပါ။ လက်ကနေတဆင့် ရောဂါပိုးမကူးစက်ခံရဖို့ ကလေးတွေရဲ့လက်တွေကို မကြာခဏ သန့်စင်ပေးပြီး ကလေးတွေရဲ့လက်တွေ မညစ်ပတ်အောင် သူတို့အနီးနားကနေရာတွေ၊ ပစ္စည်းတွေကို သန့်ရှင်းအောင်ထားပါ။ ဒါမှ ကလေး ကျန်းမာပြီး ကိုယ်ခံအားကောင်းမှာဖြစ်ပါတယ်။


ကလေးကို အိပ်ရာမဝင်ခင် နွားနို့ထဲ နနွင်းထည့်ပြီး တိုက်ပေးပါ။ ကလေးတွေကို နွားနို့ထဲ နနွင်းထည့်တိုက်တာဖြစ်ဖြစ် သစ်ကြံပိုးခေါက်ထည့်တိုက်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ အိပ်ရာမဝင်ခင် အဲဒီလိုတိုက်ပေးတာက ကလေးရဲ့ကိုယ်ခံအားကို ကောင်းစေပြီး ကောင်းကောင်းအိပ်စက်စေနိုင်ပါတယ်။ ကလေးငယ်လွန်းလို့ အဲဒီလိုထည့်တိုက်ရမှာစိတ်မချဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

နှမ်းဆီ (သို့) မုန်ညင်းဆီနဲ့ နှိပ်နယ်ပေးတာကလည်း ကလေးတွေရဲ့အရေပြားအခြေအနေကောင်းမွန်တာ၊ ခန္ဓာကိုယ်နွေးထွေးစေတာ၊ အအေးမိဖျားနာခြင်းဖြစ်နိုင်ခြေနည်းစေတာလို အကျိုးကျေးဇူးတွေရှိပါတယ်။ ကလေးတွေကို ရာသီပေါ် အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ကျွေးပေးပါ။ အဲဒီအသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေက ကိုယ်ခံအားကောင်းစေတဲ့ အာဟာရဓာတ်တွေပြည့်ဝနေတဲ့အတွက် ကလေးတွေကို ပိုပြီး ကျွေးသင့်ပါတယ်။

ကလေးတွေမှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ နေထိုင်မှုပုံစံအလေ့အထကောင်းတွေရှိအောင် ဂရုစိုက်ပေးပါ။ အချိန်မှန်စားတာ၊ အချိန်မှန်အိပ်တာတွေကလည်း ကလေးတွေ ကျန်းမာရေးကောင်းဖို့အတွက် အရေးကြီးတဲ့အလေ့အထတွေဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။