ဖွားဇာတာနဲ့ကားပိုင်ရာဝယ်

Astrology

ဖွားဇာတာနဲ့ကားပိုင်ရာဝယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖွားဇာတာနဲ့ကားပိုင်ရာဝယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘဝမှာကားပိုင်ဆိုင်တယ်ဆိုတာ သိပ်တော့မလွယ်တဲ့အရာတစ်ခုပါ။ကိုယ့်အတိတ်ကပြုလုပ်ခဲ့ဘူးတဲ့ ကံကုသိုလ်တို့နဲ့လည်းဆက်စပ်နေပါတယ်။တစ်ချို့ကံအထောက်အပံ့အားကြီးမားစွာနဲ့ယာဥ်ကားရထားများစွာတို့အပြင်ရဟတ်ယာဥ်တို့လေယာဥ်ပျံ အာကာသယာဥ်တို့တောင်ပိုင်ဆိုင်တက်ကြပါတယ်။ တစ်ချို့ကျတော့လည်းကားမပြောနဲ့စီးတဲ့ဖိနပ်တောင်မနည်းလုပ်နေရလောက်ပင်ကံနည်းကံမွဲကြပါတယ်။ဘာတွေဘယ်လို တွေပဲ ပြော ကံပါလာရင်တော့ ကားပိုင်ရတာပေါ့။

ကိုယ့်ရဲ့ဖွားဇာတာအလိုက် ကားအကောင်းစားစီးရမဲ့သူ။ပိုက်ဆံချမ်းသာသော်လည်းကားစုတ်နဲ့သာကျေနပ်နေရတဲ့သူ။ကိုယ်ကတာယာတစ်လုံးဖိုး ပင်မရှိသော်လည်းကားပိုင်ရတဲ့သူ စသည်စသည်တို့ကံအမျိုးမျိုးကွဲပြားတက်ကြပါတယ်။မိတ်ဆွေများဘယ်လိုကားမျိုးစီးရမလဲဆိုတာကြုံတွေ့လာနိုင်တဲ့ကားကံကြမ္မာ အလားအလာကိုတွက်စစ်ဟောပြောရမည်ဆိုပါလျင်••••

သင့်ရဲ့မြန်မာခုနှစ်ကိုတည်ပြီး7ဖြင့်စားပါ။

(1)ကြွင်းသောသူများ

ကားပိုင်အဖြစ်အကျိုးတက်ပါ။အထူးသဖြစ်မိမိကိုယ်တိုင်ကားလုပ်ငန်းအကျိုးမပေးပဲသူတစ်ပါးအားငှားခြင်းအပ်နှံထားများနှင့်သာအကျိုးပေးတက်ပါတယ်။ကားလုပ်ငန်းကိုလုပ်ခြင်းထက်ကားနှင့်နွယ်ပြီး ခရီးသွား
လာရေးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများပြုလုပ်လျှင်မူ
အကျိုးပေးနိုင်ပါတယ်။

(2)ကြွင်းသောသူများ

ကားပိုင်ရန်ခက်ခဲတက်ပါတယ်။ပိုင်ခဲ့ရင်လည်း
မမြဲတက်ပေ။ပိုင်သောကားမှာလည်းအမြဲတစေ တစ်ခုမဟုတ်တစ်ခုချို့ယွင်းပျက်စီးနေတက်ပါတယ်။ကားပိုင်
ခဲ့သော်တစ်သတ်မှတ်တည်းမထားပဲမကြာခဏအပြောင်းအလဲလုပ်နေသင့်ပါတယ်။

(3)ကြွင်းသောသူများ

ကားကံအလွန်ကောင်းတယ်ဗျို့။ကားဝယ်စီးရန်ရည်ရွယ်ချက်မရှိလျင်ပင် ကံထူးပြီးကားပိုင်ရတက်ပါတယ်။ကားလုပ်ငန်းဖြင့်လည်းစီးပွားဖြစ် ချမ်းသာနိုင်ပါတယ်။ကားကောင်းစီးရမယ့်ဇာတာရှင်ဖြစ်ပါတယ်။

(4)ကြွင်းသောသူများ

မိမိတွင်ရည်ရွယ်ချက်မရှိသော်လည်း မထင်မှတ်ပဲကားပိုင်တက်ပါတယ်။ ဒါပေမယ့် လိုချင်သောကားက
တစ်မျိုး ရတဲ့ကားကတစ်မျိုးဖြစ်နေတက်ပါတယ်။ကားပိုင်သော်လည်းကားအတွက်စိတ်ရှုပ်စရာများတက်တယ်။
အထူးသဖြင့်မိဘဆရာသမားတို့ရဲ့ကားကိုမိမိကတာဝန်
ယူထားရခြင်းဌာနဆိုင်ရာမှ အလုပ်မှထုတ်ပေးသောကား
ကိုသုံးရခြင်းများ ကြုံရတက်ပါတယ်။

(5)ကြွင်းသောသူများ

ကားကံထူးထူးခြားခြားကောင်းတက်ပါတယ်။
ကိုယ်ကများစွာမကြိုးစားရပဲအခြေအနေကပေးလာပြီး
ကားရတက်ပါတယ်။ထီပေါက်ခြင်းမဲပေါက်ခြင်းဆုရခြင်း ချီးမြှင့်ခံရခြင်းလက်ဆောင်ရခြင်းစသည်ဖြင့်
ကိုယ်ကအားမစိုက်ရပဲ ကားပိုင်ဖြစ်လာတက်တယ်။
ကားနှင့်လည်းထူးထူးခြားခြားအကျိုးပေးကံကောင်း
တက်ပါတယ်။

(6)ကြွင်းသောသူများ

ကားကံမကောင်းသောဇာတာရှင်မျိုးဖြစ်ပါတယ်။
ကားပိုင်ခဲ့ရင်လည်းတစ်ခုမဟုတ်တစ်ခုပျက်နေတက်ပါ
တယ်။တစ်စုံတရာချို့ယွင်းနေတဲ့ကားမျိုးနဲ့သာအကျိုးပေးတက်ပါတယ်။စင်းလုံးချောကောင်းနေတဲ့ကား ဆိုရင်လည်းမကြာခင်မုချပျက်ပါလိမ့်မယ်။
ကိုယ်ကကားပိုင်ပြီးကိုယ်မသုံးရပဲ ဆွေမျိုးမိတ်ဆွေလူမှုရေး များအတွက်နဲ့အလကားမတ်တင်း ကူညီနေ
ရတက်ပါတယ်။

(0)ကြွင်းသောသူများ

ကားဖြင့်စီးပွားရှာရန်အထူးကောင်းသူများဖြစ်တယ်။ ကားတွေတစ်စီးပြီးတစ်စီးတိုးပွားလာတက်တယ်။ကားကိုအကြောင်းပြုပြီးစီးပွားတက်ပါမယ်။ကားဝယ်ရောင်းလုပ်ငန်းများတွင်လည်း ကံထူးသူများဖြစ်တယ်။ဝယ်ချိန်တွင်ကျစျေးဖြင့်ဝယ်ပြီးပြန်ရောင်းချိန်တွင် ကားစျေးများထိုးတက်သွားတက်တယ်။ကားကိုအကြောင်းပြုပြီး စီးပွားတက်ကြီးပွားချမ်းသာသူဖြစ်တက်ပါတယ်။

ကဲဒီလောက်ဆိုရင်တော့ကိုယ့်ရဲ့ကားကံကြမ္မာကို ဘယ်လိုလဲသိချင်ရင် အဖြေရှာကြည့်လိုက်ပေါ့ဗျာ။
ဆရာဇင်ယော်နီပြတဲ့လမ်း အောင်ကံမိုးလက်ဆင့်
ကမ်းရင်း မိတ်ဆွေများအားလုံး ကားပိုင်ရှင်ကြီးများဖြစ်
ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။