Blessings Coming in your Next 3 Months

Astrology

Blessings Coming in your Next 3 Months

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Blessings Coming in your Next 3 Months ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


Blessings Coming in your Next 3 Months

ပင်ပန်းနေတဲ့ စိတ်လေးကို ခဏ လျှော့ချထားပါ
ခဏလေးအသက်ကို ရှူသွင်း ရှူထုတ်လုပ်လိုက်ပါ
စိတ်ကိုခဏလျှော့ချပြီး universe က ပေးချင်တဲ့ message ကိုယ်စီ ရောက်အောင် အာရုံပြုပြီးတခုကိုရွေးချယ်လိုက်ပါ

     Pile 1                                     Pile 2                                Pile 3

 

 

 

Pile 1

Pile 1 လေးတွေအတွက်ကတော့ နောက် ၃လအတွင်းမှာ လူတွေပြောပြောနေတဲ့ ဆန္ဒ နဲ့ဘဝ တထပ်တည်းကျနေသလိုမျိူး ကိုယ်ဖြစ်ချင်တဲ့အရာလေးတွေကို လုပ်ခွင့်ရနေတာ တအားကြီးလဲ ဝုန်းခနဲကြီး အဆင်ပြေနေတာမဟုတ်ဘဲ ပြေပြေလေး နဲ့ ပုံမှန်လေး စိတ်ချမ်းသာနေရတဲ့ အခြေအနေမျိူးပေါ့

ကိုယ်တိုင်က လောင်တတ်တဲ့ သူဆိုရင်တော့ နဲနဲ သတိထားရမယ်
ဘာလို့ဆို ခေါင်းထဲ စဉ်းစားစရာတွေ ရွေးချယ်စရာတွေနဲ့ ကြုံတွေ့တတ်လို့ ဒီလိုအခါမျိူးမှာ ပေါ့ပေါ့ပါးပါး လေးတွေ တွေးပြီး နေတတ်တဲ့ သူက တဗန်းသာတာပဲ

လုပ်ငန်းအတွင်းမှာ ကိုယ်က နာမည်ကောင်းတခု ရတာမျိူး လေးတွေ ဖြစ်တတ်တယ်
မမျှော်လင့်ဘဲ ဒီ၃လအတွင်းမှာ ငွေဝင်ကိန်းရှိတယ်
ဖြစ်နိုင်ရင်ထီထိုးတာ ကံစမ်းမဲ ကံစမ်းတာမျိူးလေးတွေ လုပ်သင့်ပါတယ်
ကံကောင်းတယ်ပေါ့

အချစ်ရေးမှာတော့ RSလေးတွေကြားထဲမှာ ညှိယူခြင်း နားလည်ခြင်းတွေနဲ့ ပြည့်နေတယ်ပြသာနာကတော့ရှိနေပေမဲ့ နှဦးရဲ့စိတ်ထဲမှာ သည်းခံမှုလေးတွေ ရှိနေတော့ ပြသာနာ အကြီးကြီးတွေတော့ မဖြစ်ဘူး

ဒါမဲ့အပေါ်မှာပြောသလိူ ကိုယ်က လောင်တတ်တဲ့ သူဆို တဖက်သူရဲ့ အပြုအမူအပေါ် သံသယ များရတာ မယုံကြည်ရတာတွေများရတာကြောင့် ကိုယ့်စိတ်နဲ့ကိုယ် တိုင်ပတ်နေတတ်ပါတယ်

Single လေးတွေကတော့ အချစ်ရေးမှာ စိတ်ထဲ ဟိုလူမယုံ ဒီလူမယုံနဲ့ပဲ ဆက်ပြီးsingle နေပါသေးတယ်
ဒီ၃လအတွင်းမှာ ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ ကိုယ်တိူင်က စိတ်ထားတတ်ဖို့လဲ လိုသေးတယ်ဆိုတာကိုတော့ပြောချင်ပါတယ်

Pile 2

Pile 2လေးတွေကတော့ နောက်၃လအတွင်းမှာ ပြန်ပေါင်းစည်းခြင်း စိတ်ချမ်းသာရခြင်း ဒီလိူ အပြုသဘောဆောင်တဲ့ နွေးထွေးခြင်းတွေကို တွေ့ရတာမို့
မိသားစု ထဲ အဆင်မပြေတာ ကွဲကွာနေတဲ့ သူတွေနဲ့ ပြန်တွေ့ရတာ
အထူးသဖြင့်ကိုယ့်စ်ိတ်ထဲက တွေ့ချင်နေတဲ့ သူတွေနဲ့တွေ့ရတာမျိူးပေါ့

ဒါ့အပြင် ဒီpile လေးကိုရွေးထားတဲ့ သူတွေ ၃လအတွင်းစာမေးပွဲတို့ အောင်စာရင်း အင်တာဗျူး လုပ်ငန်းခွင်ဆိူင်ရာ စာမေးပွဲတွေ ဘာတွေ ဆိုရင်လဲ ဖြေဆို အောင်မြင်တတ်ပါတယ်ဒီလိုပြောလို့ မကြိုးစားဘဲနဲ့တော့မနေနဲ့ပေါ့ပုံမှန်လေးအတိုင်းသွားနေပေး

ဒါ့အပြင် ဒီ၃လအတွင်းမှာ တော်တော်လေး စိတ်ပိူင်းဆိုင်ရာ အရ ရင့်ကျက်လာတာ ချုပ်ထိနိးနိုင်တာမျိုးလေးတွေ ဖြစ်လာတာမို့
စိတ်ထားတတ်ကာ နေတတ်လာပါတယ်
ငွေရေးကြေးရေးကတော့ ပုံမှနိပါပဲဒီထက်မဆိုးသွားဖို့ဘဲ ထိနိးနေရမှာပါ

အချစ်ရေးကတော့ RSလေးတွေကြားထဲ ကောင်းတဲ့ သတင်းလေးတွေ ကြားရတတ်တယ်နှယောက်လုံးအတွက်ပေါ့

Singleလေးတွေကတော့ စန်းတအားပွင့်တာလဲ မဟုတ်ပေမဲ့ ကိုယ့်ကို သဘောကျတဲ့ သူ စကားပြောမဲ့သူလေးတွေနဲ့တော့တွေ့နေရတတ်တယ်
ဒီ၃လအတွင်းမှာ အဓိကက အကောင်းဆုံးအရာ က ကိုယ့်ဘဝအတွက် အခွင့်အလမ်းတခု ပန်းတိုင်တခုရောက်ဖို့ လမ်းတွေ့သွားသလိုမျိူး အကူအညီကောင်းလေးတွေ ရတတ်ပါတယါ

Pile 3

Pile 3လေးတွေကတော့ ၃လအတွင်း ဝေဝါး နေတာမျိူး မဟုတ်ဘဲ သေချာplanတခုကို အစီအစဉ်ဆွဲပြီး ချတတ်လာတာ ပြီးတော့ ကိုယ်လုပ်မဲ့အရာတွေအပေါ်မှာ သေချာစီမံခန့်ခွဲတတ်လာတာ ဆုံးရှုံးသွားပြီထင်တဲ့ အရာတွေ အသစ်ပြန်ရရှိတာမျိူးပါ
ငွေရေးကြေးရေး လုပ်ငန်းတွေ ဘာတွေ ဆုံးရှုံးတယ် လုံးဝမဖြစ်နိုင်တော့ဘူးထင်တဲ့ အရာတွေ အချို့အဝက် ပြန်ရတာမျိူး လေးတွေ ဖြစ်တတ်ပါတယ်

အခက်အခဲတွေကြားထဲက ခက်ခက်ခဲခဲ အောင်မြင်မှုရတတ်တဲ့ ကာလဖြစ်တာမို့ ကိုယ်တိုင်က စိတ်ထဲ ဂုဏ်ဆာလို့ရမဲ့ကာလတခုလို့လဲ ပြောလို့ရပါတယ်
အချစ်ရေးမှာတော့ ဒီ၃လအတွင်းမှာ ချစ်သူ အသစ်ရတာ မျိူးကို single တွေဆီမှာတွေ့ရပါတယ်

နောက်တခုက ကျန်းမာရေးနဲ့ပက်သက်ပြီးအပြောင်းအလဲလေးတွေ ဖြစ်တတ်ပါတယ်
ကောင်းသောပြောင်းလဲခြင်းပါ

ဥပမာ ကိုယ်မှာအရင်ကစိုးရိမ်နေတာ ခဏခဏ ဖြစ်နေတဲ့ ရောဂါလေးတွေ ရှိတယ်ဆို ဒါလေးတွေ သက်သာတာ ပျောက်ကင်းတာ မျိူးလေးတွေ ဖြစ်တတ်ပါတယ်
ပြီးတော့ခန္ဓာကိုယ်အရ လေ့ကျင့်ခန်းလုပ်တဲ့ သူတွေ fitဖြစ်လာတာ
မျက်နှာကြည်ပြီး အသားအရေလာလာတာမျိူးတွေ ဖြစ်တတ်ပါတယ်

ရေးသားသူ – 𝐓𝐚𝐫𝐨𝐭 𝐂𝐚𝐟é 𝐁𝐲 𝐀𝐥𝐢𝐜𝐞

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။