ခုနှစ်(၇)ရက် သားသမီးများ အတွက် ဧပြီလ (1.April.2023 မှ 30.April.2023) ထိ တစ်လတာဟောစာတမ်း

Astrology
ခုနှစ်(၇)ရက် သားသမီးများ အတွက် ဧပြီလ (1.April.2023 မှ 30.April.2023) ထိ
တစ်လတာဟောစာတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနှစ်(၇)ရက် သားသမီးများ အတွက် ဧပြီလ (1.April.2023 မှ 30.April.2023) ထိ တစ်လတာဟောစာတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနှစ်(၇)ရက် သားသမီးများ အတွက် ဧပြီလ (1.April.2023 မှ 30.April.2023) ထိ
တစ်လတာဟောစာတမ်း

တနင်္ဂနွေ သားသမီး (1.April.2023 to 30.April.2023)

ဤကာလတွင် အလုပ်နှင့်ပတ်သတ်၍ ဌာနလက်ကိုင်မရှိပဲ အစုံလုပ်ပေးရတတ်သည်။အလုပ်၌ စကားပြောရပြီး အပူများတတ်သည်။ စက် မှု၊ဆေးမှု၊စာပေ လုပ်ငန်းများ​အကျိုး​ ပေးမည်။ အလုပ်အကိုင် နည်းလမ်းနှစ်မျိုးဖြင့် ငွေကြေးဝင်လိမ့်မည်။

ဧပြီ၁၃ရက်နေ့ နောက်ပိုင်းတွင်​ငွေကြေး မ မျှော်လင့်ဘဲ အလဟဿထွက်တတ်သည်။ လူပျို၊အပျို၊လူလွတ်များ အချစ်ရေး စန်းပွင့်မည်။ အိမ်ထောင်ရေး ညံ့တတ်၍ဂရုစိုက်ပါ။ ​ေရွှလူလိမ်ခံရတတ်သည်။ ​ပညာရေးကောင်းမွန်ပြီး ပညာသင်ကြားရန် အခွင့်အလမ်းပေါ်မည်။သွပ်၊သံ၊သစ် ရှခြင်း၊ကျန်းမာရေး ချူခြာခြင်း ​ကြုံတတ်၍ သတိထားပေးပါ။
ဘုရားဖူးခရီးသွားရတတ်သည်။​‌ရေလမ်းခရီးဂရုစိုက်ပေးပါ။ လူမျိုးခြား အကျိုး​ပေးမည်။အနုပညာ၊အလှအပ ပစ္စည်းများဝင်မည်။ ၃၊၄၊၅၊၆ ဂဏန်းနှင့် နေ့နံ အကျိုးပေးမည်။ ယတြာအနေနှင့် သက်ဆိုင်ရာဘာသာရေးပုံတော် သို့မဟုတ် အိမ်ရှိဘုရားတွင် ရွက်လှပန်းနှင့်မေမြို့ပန်း ကပ်လှူပြီး လိုရာဆုတောင်းပါ။

တနင်္လာ သားသမီး (1.April.2023 to 30.April.2023)

ဤကာလတွင် အလုပ်နှင့်ပတ်သတ်၍ ဌာနလက်ကိုင်မရှိ​​ ခြင်း၊အလုပ်ကူး ပြောင်းလိုခြင်းများ ကြုံမည်။ လူပျို၊အပျို လူလွတ်များ အချစ်ရေးတွင် စန်းပွင့်မည်။ ငွေကြေးအလဟဿထွက်တတ်သည်။ ဧပြီလ ၁၃ ရက်နောက်ပိုင်းတွင် မျှော်မှန်းထားခြင်းမရှိဘဲ ငေွကြေး ဝင်လာမည်။ ဘုရားဖူးခရီးသွားရတတ်သည်။ အလှူဒါန ပြုရမည်။ လူမျိုးခြား အကျိုး​ပေးမည်။အပေါင်းအသင်းဒုက္ခပေးတတ်၍ သတိပြုပါ။ပညာရေးအခက်ကြုံတတ်သည်။အနုပညာ၊အလှအပ ပစ္စည်းများဝင်မည်။ အိမ်ထောင်ဘက်နှင့် စကားများရတတ်သည်။စက်ပစ္စည်းအတွက် စိတ်ညစ်ရတတ်သည်။

လူလိမ်ခံရတတ်၍ သတိနှင့်ဆောင်ရွက်ပါ။ နီးသော ခရီး မကြာခဏ သွားရတတ်သည်။သားသမီးကျန်းမာရေးချူချာတတ်သည်။ ၀၊၂၊၄၊၆၊၇ ဂဏန်းနှင့် နေ့နံ အကျိုးပေးမည်။ ယတြာအနေနှင့် သက်ဆိုင်ရာဘာသာရေးပုံတော် သို့မဟုတ် အိမ်ရှိဘုရားတွင်ရွက်လှပန်း ၊နှင်းဆီ ပန်းကပ်လှူပြီး လိုရာဆုတောင်းပါ။

အင်္ဂါ သားသမီး (1.April.2023 to 30.April.2023)

ဤကာလတွင် အလုပ်အကိုင် တည်ငြိမ်မှုမရှိခြင်း ၊အလုပ်ကူး​ ပြောင်းလိုခြင်းများ ကြုံမည်။အလုပ်အကိုင်သစ် ရှာဖွေလိုစိတ်များ ဖြစ်ပေါ်​​ေနမည်။ မျှော်မှန်းထားခြင်းမရှိဘဲ ငေွကြေး ဝင်လာမည်။ ဧ​ြပီ၁၃ရက်နေ့နောက်ပိုင်းတွင် ရစရာငေွများ မရဘဲ အလိမ်ခံရတတ်၏။ အကြံအစည်အောင်မြင်မည်။ စက်ပစ္စည်းအတွက် စိတ်ညစ်ရတတ်သည်။ လူပျိုအပျို လူလွတ် များအချစ်ရေးတွင် စန်းပွင့် မည်။လူပျို လူလွတ်(ယောကျာ်းလေး) များ မိန်းမရတတ်သည်။ လူလိမ်ခံရတတ်၍ သတိနှင့်ဆောင်ရွက်ပါ။ ပညာရေးအတွက် ပူပင်ရတတ်ပြီး ဆရာသမားဒုက္ခ​တွေ့တတ်သည်။

နီးသော ခရီး မကြာခဏ သွားရတတ်သည်။သားသမီးကျန်းမာရေးချူချာတတ်သည်။အိမ်တွင်းရေးမသာယာဖြစ်တတ်၍ မိမိစိတ်ကို ထိန်းသိမ်းပါ။အိမ်ထောင်ဘက် ​ကျန်းမာရေး အညံ့ကြုံတတ်သည်။ ကျန်းမာရေးတွင် သွား ဒုက္ခပေးတတ်သည်။ ရွှေဝင် ရွှေထွက် ရှိမည်။ ထီပေါက်ကိန်း ရှိ၏။ ၀၊၂၊၅၊၇ ဂဏန်းနှင့် နေ့နံ အကျိုးပေးမည်။ ယတြာအနေနှင့် သက်ဆိုင်ရာဘာသာရေးပုံတော် သို့မဟုတ် အိမ်ရှိဘုရားတွင် နှင်းဆီ ပန်း ကပ်လှူပြီး လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူး သားသမီး (1.April.2023 to 30.April.2023)

ဤကာလတွင် မိမိအလုပ်၌ စိတ်မဝင်စားဘဲ အလုပ်အကိုင်သစ် ရှာဖွေလိုစိတ်များ ဖြစ်ပေါ်​​ေန တတ်သည်။ ရစရာငေွများ မရဘဲ အလိမ်ခံရတတ်၏။ငွေကြေး အချေးအငှားများ ပြုလုပ်ရန်မသင့်ပါ။ အိမ်တွင်းရေးမသာယာဖြစ်တတ်၍ မိမိစိတ်ကို ထိန်းသိမ်းပါ။ အပျို၊ လူလွတ်(မိန်းကလေး) များအချစ်ရေးမကောင်း ခြင်း၊ပျက်ခြင်းများ ဖြစ်တတ်၍ ဂရုစိုက်​ပါ။

လူပျိုလူလွတ်(ယောကျာ်းလေး) များ မိန်းမရတတ်သည်။ ကျန်းမာရေး တွင် သွားဒုက္ခပေးခြင်း၊အိမ်ထောင်ဘက်ကျန်းမာရေးညံ့ခြင်း ကြုံတတ်သည်။ ရွှေဝင် ရွှေထွက် ရှိမည်။ရေလုပ်ငန်း အကျိုးပေးမည်။စာမေးပွဲ၊ ပညာရေးတွင် အောင်​​​မြင်မှုများရ မည်။ ရာထူးရာခံ တိုးတက် မည်။ ထီပေါက်ကိန်း ရှိ၏။ ၀၊ ၇ ၊၅ ဂဏန်းနှင့် နေ့နံ အကျိုးပေးမည်။ ယတြာအနေနှင့် သက်ဆိုင်ရာဘာသာရေးပုံတော် သို့မဟုတ် အိမ်ရှိဘုရားတွင် မေမြို့ပန်း ကပ်လှူပြီး လိုရာဆုတောင်းပါ။

ရာဟု သားသမီးများ(ဗုဒ္ဓဟူး​‌နေ့မွန်းတည့် ၁၂ နာရီနောက်ပိုင်း မွေးဖွားသူများ ) (1.April.2023 to 30.April.2023)

ဤကာလတွင် အလုပ်အကိုင် တုိးတက်​​ပြီး ထင်ပေါ်မျက်နှာကောင်းရတတ်သည်။ မိမိ မူလအလုပ်အကိုင် နှင့် အခြားအလုပ်တစ်ခု နှစ်မျိုးနှစ်စား လုပ်ကိုင်ရလိမ့်မည်။ငွေကြေး အရှုပ်အရှင်း များကြောင့် သောကရောက်တတ်သည်။

ဧပြီလ၁၃ရက်နေ့နောက်ပိုင်း ငေွကြေးရှာဖွေမှုတွင် အကျိုး​ ပေးမည်။ မင်္ဂလာအမှုကိစ္စများ ကိုယ်တိုင်ပြုလုပ်ရခြင်း သို့မဟုတ် ကြုံတွေ့ရမည်။စက် မှု၊ဆေးမှု၊စိန်၊ဆန်၊ဆီ၊ဆား စသည့် ကုန်စည်များ အကျိုးပေးမည်။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်၍ အထူးသတိပြုပါ။

လူပျိုအပျို လူလွတ် များအချစ်ရေးတွင် စန်းပွင့်မည်။ ချစ်သူရည်းစားများ အချစ်ရေးပျက်​​ခြင်း၊ ခွဲခွာရခြင်း ကြုံတတ်သည်။ အိမ်ထောင်ရေးတွင် သာယာလိုက်၊မသာယာလိုက် ကြုံမည်။ အိုးအိမ်သစ်ရတတ်သည်။အမွေ၊မြေအတွက် စကားပြောရမည်။ပညာ​းေရး အညံ့ကြုံမည်။ သွေးတိုးရောဂါ သွေးတက်ရောဂါ ဂရုစိုက်ပါ။ လူပေါင်းမှာ​းပြီး မကောင်းကြံခံရတတ်သည်။အဖျားအနာ ဝင်ပြီး ဆေးကုရတတ်သည်။​

တောင်ဘက်အရပ်မှ သတင်းကောင်း ကြားရမည်။ မိတ်ဆွေ သူငယ်ချင်း အတွက် စိတ်ပူပင်ရတတ်သည်။ ခရီးထွက်ရန် ကြံစည်ထားသည်များ နှောင့်နှေးတတ်သည်။ ၁၊၂၊၃၊၄ ဂဏန်းနှင့် နေ့နံ အကျိုးပေးမည်။ ယတြာအနေနှင့် သက်ဆိုင်ရာဘာသာရေးပုံတော် သို့မဟုတ် အိမ်ရှိဘုရားတွင် ကံကော်ညွန့် နှင့်အုန်းညွန့် ကပ်လှူပြီး လိုရာဆုတောင်းပါ။

ကြာသပတေး သားသမီး (1.April.2023 to 30.April.2023)

ဤကာလတွင် အထက်လူကြီး မစခြင်း ရှိတတ်သည်။ အလုပ်အကိုင် တုိးတက်​​ပြီး ထင်ပေါ်မျက်နှာကောင်းရတတ်သည်။ငေွကြေး အထားမှားခြင်း၊ပျောက်ရှခြင်း ကြုံတတ်၍ သတိရှိပါ။ငွေကြေး အရှုပ်အရှင်း များကြောင့် သောကရောက်တတ်သည်။ရပ်​ဝေး ခရီး​သွားရတတ်သည်။ အနုပညာ၊အလှအပ ပစ္စည်းလုပ်ငန်း အကျိုးပေးမည်။ ဆီး၊မျက်စိ ရောဂါ ဂရုစိုက်ပေးပါ။ကျန်းမာရေးတွင် အညံ့ကြုံတတ်သည်။

လူပျိုအပျို လူလွတ် များအချစ်ရေးတွင် ကွဲကွာခြင်း၊ခွဲခွာရခြင်းများ ကြုံတတ်သည်။အိမ်ထောင်​​ရေးသာယာမည်။နေရာထိုင်ခင်း သစ်များရရှိလိမ့်မည်။ ပညာ ​ရေးတွက် သောကရောက်တတ်သည်။ သူတစ်ပါးအတွက် အမှုသက်သေလိုက်ရတတ်သည်။ စက် မှု၊ဆေးမှု၊စိန်၊ဆန်၊ဆီ၊ဆား စသည့် ကုန်စည်များ အကျိုးပေးမည်။ ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်၍ အထူးသတိပြုပါ။

အိုးအိမ်သစ်ရတတ်သည်။အမွေ၊မြေအတွက် စကားပြောရမည်။ လူပေါင်းမှာ​းပြီး မကောင်းကြံခံရတတ်သည်။၁၊၃၊၆ ဂဏန်းနှင့် နေ့နံ အကျိုးပေးမည်။ ယတြာအနေနှင့် သက်ဆိုင်ရာဘာသာရေးပုံတော် သို့မဟုတ် အိမ်ရှိဘုရားတွင် သပြေပန်းနှင့်အုန်းညွန့် ကပ်လှူပြီး လိုရာဆုတောင်းပါ။

သောကြာ သားသမီး (1.April.2023 to 30.April.2023)

ဤကာလတွင် မိမိ မူလအလုပ်အကိုင် နှင့် အခြားအလုပ်တစ်ခု နှစ်မျိုးနှစ်စား လုပ်ကိုင်ရလိမ့်မည်။ အလုပ်ကိစ္စနှင့် စပ်လျင်း​ ပြီးစကားများရတတ်၍ သတိနှင့် ဆောင်ရွက်ပါ။ငွေကြေးရှာဖွေမှုတွင် အကျိုး​ ပေးမည်။ငွေကြေးအဝင်အထွက် များတတ်သည်။ မင်္ဂလာအမှုကိစ္စများ ကိုယ်တိုင်ပြုလုပ်ရခြင်း သို့မဟုတ် ကြုံတွေ့ရမည်။

လူပျိုအပျို လူလွတ် များအချစ်ရေးတွင် အဆင်ပြေတတ်​ေသာ်လည်း စိတ်ချထားလို့ မရ​သေးပါ။ အိမ်ထောင်ဘက်နှင့် စိတ်သဘောချင်း မတိုက်ဆိုင်တတ်​ေသာကြောင့် မိမိစိတ်ကို ထိန်းသိမ်းပါ။အဖျားအနာ ဝင်ပြီး ဆေးကုရတတ်သည်။​

တောင်ဘက်အရပ်မှ သတင်းကောင်း ကြားရမည်။ မိတ်ဆွေ သူငယ်ချင်း အတွက် စိတ်ပူပင်ရတတ်သည်။ ခရီးထွက်ရန် ကြံစည်ထားသည်များ နှောင့်နှေးတတ်သည်။ စက် မှု၊ဆေး အလုပ်များအကျိုးပေးမည်။ ရွှေ၊လူလိမ်ခံရတတ်၍ သတိနှင့်ဆောင်ရွက်ပါ။ ပညာရေးတွင် ဆရာကောင်းသမားကောင်းတွေ့မည်။ ရေလမ်းခရီးသတိပြုပေးပါ။ ၂၊၃၊၄၊၅ ဂဏန်းနှင့် နေ့နံ အကျိုးပေးမည်။ ယတြာအနေနှင့် သက်ဆိုင်ရာဘာသာရေးပုံတော် သို့မဟုတ် အိမ်ရှိဘုရားတွင် ကံ့ကော်ပန်းနှင့်စံပယ်ပန်း ကပ်လှူပြီး လိုရာဆုတောင်းပါ။

စနေ သားသမီး (1.April.2023 to 30.April.2023)

ဤကာလတွင် မိမိအလုပ်၌ စိတ်မဝင်စားဘဲ အလုပ်အကိုင်သစ် ရှာဖွေလိုစိတ်များ ဖြစ်ပေါ်​​ေန တတ်သည်။ဧပြီလ၁၃ရက် ​နေ့နောက်ပိုင်းတွင် အလုပ်အကိုင် အကြံအစည်များ တိုးတက်အောင်မြင်မည်။အထက်လူကြီး မ စမည်။ငွေကြေး အချေးအငှားများ ပြုလုပ်ရန်မသင့်ပါ။ ​ငေွကြေးရှာ​ေဖ​ွရာတွင် ခက်ခဲတတ်သည်။ခါးပိုက်နှိုက် သတိပြုပေးပါ။ အိမ်တွင်းရေး သာယာလိုက်၊မသာယာလိုက် ကြုံမည်။

လူပျို၊အပျို လူလွတ် များအချစ်ရေးတွင် ကွဲကွာခြင်း၊ခွဲခွာရခြင်းများ ကြုံတတ်သည်။ ရွှေဝင် ရွှေထွက် ရှိမည်။ ရေလုပ်ငန်း အကျိုးပေးမည်။စာမေးပွဲ၊ ပညာရေးတွင် အောင်​​​မြင်မှုများရ မည်။ထီပေါက်ကိန်း ရှိ၏။ ကောင်းသော ခရီးသွားရမည်။ အနုပညာ၊အလှအပ ပစ္စည်းလုပ်ငန်း အကျိုးပေးမည်။ ဆီး၊မျက်စိ ရောဂါ ဂရုစိုက်ပေးပါ။ကျန်းမာရေးတွင် အညံ့ကြုံတတ်သည်။ မိတ်ဆွေအတု အယောင် များ၏ လှည့်စားလိမ်လည်မှုကို ခံရတတ်သည်။

တနင်္ဂနွေနံ ပစ္စည်းများ အိုးသစ်အိမ်သစ်၊ အထည်အလိပ် စသည် ဝင်လိမ့် မည်။ ၀၊၁၊၅၊၆၊၇ ဂဏန်း နှင့် နေ့နံ အကျိုးပေးမည်။ ယတြာအနေနှင့် သက်ဆိုင်ရာဘာသာရေးပုံတော် သို့မဟုတ် အိမ်ရှိဘုရားတွင် မေမြို့ပန်း၊သပြေပန်း ကပ်လှူပြီး လိုရာဆုတောင်းပါ။

ရေးသားသူ – ဆရာဦးဖုန်းမြတ်ဟိန်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။