ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲ အတွင်း thayဆုံး၊ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ်

Local News

ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲ အတွင်း thayဆုံး၊ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲ အတွင်း thayဆုံး၊ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲအတွင်း thayဆုံးသွားခဲ့ပြီး အလောင်းကို စစ်ကောင်စီက ရဟတ် ယာဉ် ဖြင့် သယ်ယူသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ကြာအင်းဆိပ်ကြီး ခလရ ၃၂ ၊ ခလရ ၂၈၄ ၊ ခလရ ၂၈၃ တပ်များကို တော် လှန်ရေးအင်အားစုများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း အပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီး စုစုပေါင်း၂၀ နီးပါး thayဆုံး(သို့မဟုတ်) ပျောက်ဆုံးနေကြောင်း၊ တချို့အရာရှိများ၏ အလောင်းများကို လိုက်လံ ရှာဖွေ ကောက်ယူနေကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။

“ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးမင်းမောင်မောင်ဟိန်းက အရင် ရှမ်းပြည်ဘက်ကနေ ရာထူးတိုးပြောင်းလာတာ။ DSA 46 ကျောင်းဆင်း။ ၂၈၄ ယာယီ တပ်ရင်းမှူး လုပ်နေရင်း ကျဆုံးပါတယ်” ဟု စစ်တပ် သတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီလ ၄ ရက်နေ့ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ကြာအင်းဆိပ်ကြီး ခလရ ၂၈၄ ၊ ခလရ ၃၂ နှင့် ခလရ ၂၈၃ တွင် thayဆုံးသွားကြေသော အရာရှိနှင့်စစ်သား အလောင်းများကို ကားများဖြင့် အခေါက်ခေါက် သယ်ထုတ်ရကြောင်း ကြာအင်းဆိပ်ကြီး ဒေသပြည်သူများထံမှ သိရှိ ရသည်။

တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်များက ကြာအင်းဆိပ်ကြီးရှိ တပ်ရင်း ၃ ခုကို ဝင်ရောက် ပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ ရာဂဏန်းချီthayဆုံးသည်ဟု ပြောဆိုသော်လည်း စစ်တပ်ဘက်ကမူ PDFနှင့် တိုင်းရင်းသားlat natကိုင်အဖွဲ့များဘက်ကသာ အကျအဆုံးများသည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။