ဖေဖော်ဝါရီလ ၆ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology

ဖေဖော်ဝါရီလ ၆ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ
မိဿရာသီခွင် – Aries ( Feb 6 to Feb 12 )

ယခုအပတ်အတွင်း Aries ရာသီခွင်တို့၏ ဘဝတွင် မမျှော်လင့်ဘဲ ကြီးမားသော အပြောင်းအလဲများစွာနှင့် ရင်ဆိုင် ကြုံတွေ့ရတတ်ပါတယ်။ ရေရှည် ရင်းနှီးမြုပ်နှံမှု များ အစရှိသော ကိစ္စရပ်များမှ ရှောင်ရှားသင့်ပါတယ်။

မိမိ၏ အားလပ်ချိန်များကို အသိမိတ်ဆွေ၊ သူငယ်ချင်းတို့နှင့် အတူ ကုန်ဆုံးနိုင်မှာ ဖြစ်ပါတယ်။ ငွေကြေးနှင့် ပတ်သက်၍ ကြီးမားသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှု ရရှိနိုင်ပါမယ်။

ဤကာလအတွင်း Aries ရာသီခွင်များသည် အိမ်တွင်းမှုရေးရာ ကိစ္စရပ်များနှင့် အတူ လူမှုရေးပွဲ များစွာတွင်လည်း ပိုမိုအားတက်သရော ပါဝင် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကို မကြာခဏ ဆင်ခြင်သုံးသပ် ပေးပါ

ယခုရက်သတ္တပတ် ကာလတစ်လျှောက်လုံး Aries ရာသီခွင်တို့သည် မိမိ၏ ကြိုးစား အားထုတ်မှု အတိုင်း ရလာဒ်ကောင်းများနှင့် အကျိုးခံစားခွင့်ကို ရရှိနိုင်ပါမယ်။ ဒါကြောင့် ဘဝ၏ တိုးတက်မှုအတွက် ကြိုးစားနေစဉ် အတွင်း မိမိ၏ အစီအစဉ်များနှင့် အတွေးအခေါ်များကို ပြန်လည် ပြင်ဆင်ပေးရန် လိုအပ်ပါလိမ့်မယ်။

ပြိဿရာသီခွင် – Taurus ( Feb 6 to Feb 12 )

ယခုတစ်ပတ်အတွင်း Taurus ရာသီခွင်တွင် မွေးဖွားကြသူများသည် အိမ်တွင်းရေး ပြဿနာများကြောင့် စိတ်ဖိစီးမှုများ ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။ ဒါကြောင့် မိမိ၏ ကျန်းမာရေးကို လစ်လျူရှုထား နိုင်ပါတယ်။

ဤကာလအတွင်း Taurus ရာသီခွင်များသည် ငွေကြေးအကျိုးအမြတ်ကို ရရှိနိုင်ပါမယ်။ သို့သော် ပျော်ရွင်နေရမည် မဟုတ်ပါ။ ရရှိလာသော ငွေကြေးသည် မိမိ မျှော်လင့်ထားသည်ထက် လျော့နည်းနေမည် ဖြစ်သောကြောင့် စိတ်ပျက်စရာ ကြီးကြီးမားမား ဖြစ်ပေါ်နိုင်ပါတယ်။ လောဘကြီးခြင်းသည် မိမိကိုယ်ကိုသာ ပူလောင်စေနိုင်သည်ကို နားလည်ထား ပေးရပါမယ်။ ရရှိလာသော အကျိုးရလာဒ်နှင့် ပျော်ပျော်ရွှင်ရွှင် နေနိုင်ရန် ကြိုးစားသင့်ပါတယ်။

ယခုလတွင် မိမိတို့၏ ငွေကြေး အခြေအနေနဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို တခြားသူများနှင့် တိုင်ပင် ဆွေးနွေးမှုများ မပြုလုပ်ပါနှင့်။ မိမိထံမှ ငွေကြေး ချေးငှားမှုများ ရှိလာနိုင်ကာ စိတ်ဖိစီးစေနိုင်ပါတယ်။

မေထုန်ရာသီခွင် – Gemini ( Feb 6 to Feb 12 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် မျက်နှာ၊ လည်ချောင်းနှင့် ပတ်သက်သော ကျန်းမာရေး ပြဿနာများကို ဖယ်ရှားနိုင်ပါမယ်။ သို့သော် အအေးစာများကို ရှောင်ကြဉ်ပေးပါ။ ရေများများ သောက်သုံးပေးပါ။

ယခုအပတ်တွင် ငွေကြေးနှင့် ပက်သက်၍ ကြီးမားသော တိုးတက်မှုများ ရှိနေပါလိမ့်မယ်။ သို့သော် မိမိ၏ ငွေကြေးကို ဂရုတစိုက် သုံးစွဲပေးပါ။ မဟုတ်ပါက နောင်တစ်ချိန် ငွေကြေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်ပါတယ်။

ယခု ရက်သတ္တပတ် အတွင်း မိမိတို့၏ နေအိမ်သို့ ဧည့်သည့်များ လာရောက် လည်ပတ်နိုင်ပါတယ်။ ဒါ့အပြင် မိသားစုဝင်များနှင့် အတူ လူမှုဆက်ဆံရေး လှုပ်ရှားမှုတို့ကြောင့် ပျော်ရွင်မှုများ ရှိနေမှာ ဖြစ်ပါတယ်။

Gemini ရာသီခွင်တို့သည် မကြာခဏဆိုသလို မိမိတို့၏ စွမ်းဆောင်ရည်ထက် ကျော်လွန်သော အလုပ်များကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( Feb 6 to Feb 12 )

ယခုရက်သတ္တပတ်တွင် Cancer ရာသီခွင်တို့သည် မိမိတို့၏ ကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ ကိုယ်ခန္ဓာ ကျန်းမာဘသန်စွမ်းစေရန် ကိုယ်လက်ဘလှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။ တရားထိုင်ခြင်းသည်လည်း စိတ်ဖိစီးမှုများကို ကင်းဝေးစေရုံ သာမက‌ ပျော်ရွင်မှုများကိုပါ တိုးလာစေမှာ ဖြစ်ပါတယ်။

ယခုအပတ်တွင် အချစ်ရေး အတွက် ငွေကြေးများစွာ သုံးစွဲမှုများ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ငွေကြေး သုံးစွဲရာတွင် မိမိကိုယ်ကို ထိန်းချုပ်ပါ။ မဟုတ်ပါက နောက်တချိန်တွင် သင့်အား ဒုက္ခရောက် စေနိုင်ပါမယ်။

ဤကာလအတွင်း မိသားစုနှင့် ခရီးထွက်မည့် အစီအစဉ်တွင် အိမ်ထောင်စုဝင် တစ်ဦး၏ ကျန်းမာရေး ချို့တဲ့မှုကြောင့် အချိန်အတိုင်းအတာ တစ်ခုအထိ ရွှေ့ဆိုင်းခံရနိုင်ပါမယ်။

ယခုတစ်ပတ်တွင် Cancer ရာသီခွင်တို့သည် လုပ်ငန်းခွင်အတွင်း ပြိုင်ဆိုင်မှုများ ရှိနေပါလိမ့်မယ်။

သိဟ်ရာသီခွင် – Leo ( Feb 6 to Feb 12 )

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ သို့သော် အချိန်ရသည့်အခါ ယောဂ သို့မဟုတ် ကိုယ်လက် လှုပ်ရှားမှုများကိုလည်း ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ မနက်တစ်ကြိမ် ညတစ်ကြိမ် မိနစ် ၃၀ ခန့် ပုံမှန် လမ်းလျှောက်ပါ။

ငွေရေးကြေးရေးနှင့် ပက်သက်၍ ယခုရက်သတ္တပတ်တွင် ဝင်ငွေ ရရှိစေရန် အခွင့်အလမ်းများ ပေါ်ပေါက်လာ ပါလိမ့်မယ်။ သို့သော် အချိန်တိုင်း သတိရှိပေးရပါလိမ့်မယ်။ မပေါ့လျော့ပါနှင့်။ သို့မှသာ အခွင့်အရေးများကို ကောင်းမွန်စွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း မိသားစုနှင့် ပက်သက်၍ ငွေကြေး ကုန်ကျမှုများ ရှိနေနိုင်ပါမယ်။ အိမ်မှုကိစ္စများကို အလွန်အကျွံ ပြုလုပ်ခြင်းတို့ကြောင့် စိတ်ဖိစီးမှုကို တိုးလာစေကာ လုပ်ငန်းခွင်တွင် အာရုံစိုက်နိုင်မည် မဟုတ်ပါ။

ကန်ရာသီခွင် – Virgo ( Feb 6 to Feb 12 )

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် တခြားသူများ၏ အောင်မြင်မှုတို့ကြောင့် အပြုသဘောဆောင်သော ခံစားချက်များ ရရှိနိုင်ပါမယ်။

ဘိုးဘွားပိုင်ပစ္စည်း၊ မြေ၊ အိမ်ခြံမြေ စသည်ဖြင့် အတိတ်ကာလမှ ရင်းနှီးမြုပ်နှံမှုများကြောင့် ယခုအပတ်တွင် ဝင်ငွေသည် တိုးလာနိုင်ပါမယ်။ ရရှိလာသော ငွေကြေးများကို ကောင်းမွန်သည့် အစီအစဉ်နှင့် ထပ်မံ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

Virgo ရာသီခွင်များ အနေနဲ့ ဤကာလအတွင်း စိတ်နေစိတ်ထားသည် ကြမ်းတမ်းနေပါလိမ့်မယ်။ စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။ဒါကြောင့် တခြားသူများနှင့် ပြောဆိုရာတွင် မိမိ၏ စိတ်ကို တည်ငြိမ်အောင် ကြိုးစားပါ။ စိတ်လိုက်မာန်ပါ ပြောဆို ဆက်ဆံပါက နောင်တနှင့်သာ အဆုံးသတ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာကိုမှ မတုံ့ပြန်ခင် အသေအချာစဉ်းစားပါ။

တူရာသီခွင် – Libra ( Feb 6 to Feb 12 )

ယခုအပတ်တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဖိစီးမှုများကြောင့် Libra ရာသီခွင်တို့သည် အသေးစား ဖျားနာမှု အချို့နှင့် ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ဒါကြောင့် စိတ်အေးလက်အေး အနားယူရန် ကြိုးစားပါ။ ဖြစ်နိုင်ပါက မိသားစု၊ သူငယ်ချင်းတို့နှင့် အချိန်အတူ ကုန်ဆုံးပါ။ ရက်တို ခရီးထွက်ရန်လည်း စီစဉ်နိုင်ပါတယ်။

ယခုတစ်ပတ်တွင် Libra ရာသီခွင်တို့၏ ဘဏ္ဍာရေးအခြေအနေ ဆိုးဝါး‌မှုများ ရှိနေနိုင်ပါမယ်။ ငွေကြေးနှင့် ပတ်သက်၍ အခက်အခဲများစွာနှင့် ကြုံတွေ့ရပါမယ်။ ငွေကြေး ကုန်ကျမှုတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ပိုမို တိုးလာနိုင်ပါတယ်။

တရားရုံးတွင် အမှုဟောင်းနှင့် ရင်ဆိုင် ဖြေရှင်းနေရပါက မျက်နှာသာရဖွယ် ရှိနေပါတယ်။ သို့သော် အကောင်းဆုံး ကြိုးစားအားထုတ်မှုနှင့် စိတ်ရှည်ရန် လိုအပ်ပါလိမ့်မယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( Feb 6 to Feb 12 )

ယခုတစ်ပတ်တွင် Scorpio ရာသီခွင်တို့သည် မိမိတို့၏ နေ့စဉ်လုပ်ရိုး လုပ်စဉ်များကို လုပ်ဆောင်ရန် ငြီးငွေ့လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ခွန်အား ပြန်လည် ရရှိစေရန် အားကစားကဲ့သို့ လှုပ်ရှားမှု အချို့တွင် ပါဝင်ဖို့ အကြံပြုလိုပါတယ်။ ထိုသို့ ပြုလုပ်ခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေရုံ သာမက မိမိ၏ ဖန်တီးမှု စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ယခုအပတ် အစတွင် ငွေကြေး ပြဿနာများ ကင်းရှင်းနေပါမယ်။ ငွေကြေး တိုးတက်မှုများ ရှိနေပါမယ်။ သီတင်းပတ်၏ အလယ်တွင် မိမိအတွက် အရေးကြီးသော အရာများစွာကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစု ဘဝတွင် ရင်းနှီးမှုများ ပိုမို ရရှိလာပါလိမ့်မယ်။ ပြဿနာများ ပြေပျောက်ကာ ပျော်ရွှင်မှုများ ပိုင်ဆိုင်နေရမှာ ဖြစ်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( Feb 6 to Feb 12 )

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှု အတွက် စိတ်ဖိစီးမှုများကို ကျော်လွှားနိုင်စေရန် နည်းလမ်းများကို ရှာဖွေပေးရပါမယ်။ သို့မှသာ လန်းဆန်း တက်ကြွပြီး ကျန်းမာသန်စွမ်းနိုင်မှာ ဖြစ်ပါတယ်။

Sagittarius ရာသီခွင်တို့သည် မိမိတို့၏ စွမ်းရည်ကို မှန်ကန်သော နည်းလမ်းနှင့် အသုံးချပါက ကောင်းမွန်သော အကျိုးရလာဒ် ထွက်ပေါ်လာမည်ကို နားလည်ထား ပေးရပါမယ်။ ဘဏ္ဍာရေး အခြေအနေ တိုးတက်မှုများ ရှိလာပါမယ်။ သို့မှသာ နောင်တချိန်တွင် ကောင်းသော အကျိုးခံစားခွင့်များကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

ယခုအပတ်တွင် အလုပ်ကိုသာ အားစိုက် လုပ်ကိုင်ခြင်းတို့ကြောင့် မိသားစုအတွင်း ပျော်ရွှင်မှုကို ဆုံးရှုံးစေနိုင်ပါတယ်။ မိမိ၏ စိတ်ဖိစီးမှုကို ဖယ်ရှားလိုပါက အိမ်ထောင်စုဝင်များနှင့် အတူ အချိန် ကုန်ဆုံးနိုင်ရန် ကြိုးစားပါ။

မကာရရာသီခွင် – Capricorn ( Feb 6 to Feb 12 )

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် မိမိ၏ ကျန်းမာရေးအတွက် လုံလောက်စွာ အနားယူပေးပါ။ ကျန်းမာရေး ကောင်းမွန်စေရန် အတွက် နေ့စဉ်မိနစ် အနည်းငယ်ခန့် လမ်းလျှောက်ပါ။

ယခုအပတ်တွင် ယခင်က ရင်းနှီးမြုပ်နှံမှုများမှ ဝင်ငွေကောင်းများ ရရှိနိုင်မှာ ဖြစ်ပါတယ်။ သို့သော် မိမိ၏ ပျော်ရွင်မှုအတွက် ငွေကြေး သုံးစွဲရာတွင် အသေအချာ စဉ်းစားပါ။

ညဥ့်နက်မှ အိမ်ပြန်ရောက်သည့် အလေ့အကျင့်ကြောင့် ယခုတစ်ပတ်တွင် Capricorn ရာသီခွင်တို့သည် အတော်အတန် ဒုက္ခ ဖြစ်လာနိုင်ပါတယ်။ ထိုကိစ္စနှင့် ပတ်သက်၍ မိသားစုဝင်များနှင့် ကြီးမားသော အငြင်းပွားမှု ဖြစ်နိုင်ချေရှိပြီး ဆူပူကြိမ်းမောင်းခြင်းကို ခံရနိုင်မှာ ဖြစ်ပါတယ်။

ကုန်သည်များ အနေနှင့် လွန်ခဲ့သည့် အချိန်ကာလမှ ရင်းနှီးမြှုပ်နှံမှုတို့ကြောင့် ယခုအပတ်တွင် ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ရနိုင်ပါမယ်။

ကုမ်ရာသီခွင် – Aquarius ( Feb 6 to Feb 12 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် အစိမ်းရောင် အသီးအရွက်များကို စားသုံးပေး ရပါလိမ့်မယ်။ ဒါ့အပြင် တစ်နေ့တာ အတွင်း အနည်းဆုံး ပန်းသီးတစ်လုံး သို့မဟုတ် အခြားအသီးအနှံများကို စားသုံးပေးပါ။ သို့မှသာ အသေးအမွှား ရောဂါများ ကင်းဝေးကာ ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

ယခုတစ်ပတ်တွင် နိုင်ငံခြားနှင့် ပတ်သက်၍ လုပ်ငန်းကို စီမံခန့်ခွဲမည် ဆိုပါက ရင်းမြစ်အသစ် များစွာနှင့် ချိတ်ဆက်ပြီး စီးပွားရေး အကျိုးအမြတ်များ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အစကတည်းက ပြင်ဆင်နေချိန်တွင် မှန်ကန်သော ဗျူဟာကို ချမှတ်ရန် လိုအပ်ပါလိမ့်မယ်။

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ရံဖန်ရံခါ တွေ့ဆုံရသော ဆွေမျိုးများ သို့မဟုတ် သူငယ်ချင်းများနှင့် ပြန်လည် တွေ့ဆုံရမှာ ဖြစ်ပါတယ်။ သင်တို့၏ ဆက်ဆံရေး ဟောင်းများကို ပြန်လည် တည်ဆောက်ပြီး ပိုမိုတိုးတက်စေရန် အတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။

မိန်ရာသီခွင် – Pisces ( Feb 6 to Feb 12 )

ယခုတစ်ပတ်တွင် Pisces ရာသီခွင်တို့သည် အလွန်အကျွံ စားသုံးသည့် အလေ့အကျင့်ကြောင့် ဒုက္ခရောက်စေ နိုင်ပါတယ်။ အစာအဆိပ်သင့်ခြင်း၊ ဗိုက်နာခြင်း၊ အစာမကြေခြင်း စသည်တို့ကဲ့သို့သော ကျန်းမာရေးဆိုင်ရာ ပြဿနာများစွာကို ကြုံတွေ့ရနိုင်သောကြောင့် သတိထားပေးပါ။

ယခုအပတ်တွင် ဝင်ငွေ တိုးလာမည် ဖြစ်သောကြောင့် အနာဂတ်အတွက် ငွေကြေး စုဆောင်းမှုများကို ပြုလုပ်နိုင်ပါမယ်။ ထိုသို့သော အခြေအနေမျိုးတွင် ရင်းနှီးမြုပ်နှံမှုများကို ပြုလုပ်ရန် အကြံပြုလိုပါတယ်။

ယခုတစ်ပတ်တွင် Pisces ရာသီခွင်တို့သည် မိမိတို့၏ အသိပညာကြောင့် ပတ်ဝန်းကျင်ရှိ လူများအပေါ် အကျိုးသက်ရောက် စေပါလိမ့်မယ်။

ဤကာလအတွင်း လုပ်ငန်းခွင်တွင် အတိတ်က ပြုလုပ်ခဲ့သည့် ကိစ္စရပ် အချို့ကြောင့် အထက်လူကြီးများ၏ သဘောထားသည် ခက်ထန်နေနိုင်ပါမယ်။ ဝေဖန်မှု အချို့နှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။