Aphasiaရောဂါကြောင့် အနားယူသွားခဲ့ပြီး တစ်နှစ်နီးပါးအကြာမှာ frontotemporal dementia ရောဂါစစ်ဆေးတွေ့ရှိခဲ့တဲ့ မင်းသားကြီးဘရုစ်ဝီလီ

Celebrity International News

Aphasiaရောဂါကြောင့် အနားယူသွားခဲ့ပြီး တစ်နှစ်နီးပါးအကြာမှာ frontotemporal dementia ရောဂါစစ်ဆေးတွေ့ရှိခဲ့တဲ့ မင်းသားကြီးဘရုစ်ဝီလီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Aphasiaရောဂါကြောင့် အနားယူသွားခဲ့ပြီး တစ်နှစ်နီးပါးအကြာမှာ frontotemporal dementia ရောဂါစစ်ဆေးတွေ့ရှိခဲ့တဲ့ မင်းသားကြီးဘရုစ်ဝီလီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Aphasiaရောဂါကြောင့် အနားယူသွားခဲ့ပြီး တစ်နှစ်နီးပါးအကြာမှာ frontotemporal dementia ရောဂါစစ်ဆေးတွေ့ရှိခဲ့တဲ့ မင်းသားကြီးဘရုစ်ဝီလီ


အက်ရှင်မင်းသားကြီးဘရုစ်ဝီလီဟာ ဘာသာစကားနားလည်နိုင်စွမ်းနဲ့ ပြောဆိုဆက်ဆံနိုင်စွမ်း အားနည်းသွားစေတဲ့ Aphasia ရောဂါကြောင့် အနုပညာလောကကနေအနားယူပြီး တစ်နှစ်နီးပါးအကြာမှာ ဦးနှောက်ရှေ့ပိုင်းနဲ့ နားထင်တွေရှိ ဦးနှောက်ဆဲလ်တွေကို ဆုံးရှုံးစေတဲ့ Frontotemporal dementia (FTD) ရောဂါကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ သူ့ရဲ့မိသားစုက ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Hollywood star Bruce Willis diagnosed with dementia

“ကျွန်မတို့ ၂၀၂၂ ခုနှစ်နွေဦးရာသီမှာ ဘရုစ်ရဲ့ Aphasia ရောဂါတွေ့ရှိမှုကို ကြေညာခဲ့ပြီးကတည်းက ဘရုစ်ရဲ့အခြေအနေက နောက်တဆင့်တိုးသွားခဲ့ပြီး အခုဆို ပိုပြီးတိကျတဲ့ရောဂါ Frontotemporal dementia (FTD) ကို စစ်ဆေးတွေ့ရှိခဲ့ရပါပြီ။ ပြောဆိုဆက်ဆံရတာခက်ခဲတာက ဘရုစ်ရင်ဆိုင်နေရတဲ့လက္ခဏာတွေထဲကတစ်ခုပါပဲ။ နောက်ဆုံးတော့ ရှင်းရှင်းလင်းလင်းရောဂါရှာဖွေတွေ့ရှိလို့ စိတ်သက်သာရာရပါပြီ”လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ကမ်းခြေမှာ ဘရုစ်ဝီလီ ပြုံးနေတဲ့ ဓာတ်ပုံနဲ့အတူ ကြေညာခဲ့တာဖြစ်ပြီး လက်ရှိမှာ ဒီရောဂါအတွက် ကုသမှုမရှိဘူးလို့ ဆိုပါတယ်။ ဘရုစ်ရဲ့ကျန်းမာရေးအခြေအနေက အခုလိုဖြစ်နေတဲ့အတွက် မီဒီယာတွေရဲ့အာရုံစူးစိုက်မှုက ဒီရောဂါနဲ့ပတ်သက်ပြီး သိမြင်မှုနဲ့သုတေသနပြုချက်တွေတိုးစေမယ်လို့ သူ့မိသားစုက မျှော်လင့်ထားပါတယ်။

မတ်လ ၁၉ ရက်နေ့မှာ အသက် ၆၈ နှစ်ပြည့်မယ့် မင်းသားကြီး ဘရုစ်ဝီလီက ၁၉၈၀ ခုနှစ်ရဲ့ Moonlighting ဟာသ-ဒရာမာစီးရီးနဲ့ ကျော်ကြားလာခဲ့ပြီး သူ့ရဲ့အနုပညာသက်တမ်း နှစ်(၄၀) အတွင်း ဇာတ်ကားပေါင်း ၁၀၀ မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် ထွက်ရှိခဲ့တဲ့ Die Hard ဇာတ်ကား (၅) ကားနဲ့လည်း လူသိများပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။