ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

 

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( Feb 20 to Feb 26 )

ယခုတစ်ပတ် အတွင်း Ariesရာသီခွင်တို့သည် ကျန်းကျန်းမာမာ ရှိနေပေမယ့် ခရီးသွားခြင်းတို့ကို ရှောင်ရှား ပေးရပါလိမ့်မယ်။ ပင်ပန်းနွမ်းနယ်ပြီး ဖိစီးမှုဒဏ်ကြောင့် ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာ နိုင်ပါတယ်။

ဤကာလအတွင်း ယခင်က ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုများမှ ဝင်ငွေများ ရရှိတတ်ပါတယ်။ မိမိ နှစ်သက်ရာ ကိစ္စများ အတွက် ငွေကြေး သုံးစွဲနိုင်သော်လည်း အသေအချာ စဉ်းစားပေးပါ။

ညဥ့်နက်မှ အိမ်ပြန်ရောက်သည့် အလေ့အကျင့်ကြောင့် ယခုတစ်ပတ်တွင် Aries ရာသီခွင်တို့သည် အတော်အတန် ဒုက္ခ ဖြစ်လာနိုင်ပါတယ်။ ထိုကိစ္စနှင့် ပတ်သက်၍ မိသားစုဝင်များနှင့် ကြီးမားသော အငြင်းပွားမှု ဖြစ်နိုင်ချေရှိပြီး ဆူပူကြိမ်းမောင်းခြင်းကို ခံရနိုင်ပါမယ်။

ယခုတစ်ပတ်မှာတော့ မိမိ၏ ကြိုးစားအားထုတ်မှုတို့ကြောင့် ကြုံတွေ့နေရသော အခက်အခဲများသည် ပြေလည်သွားပါလိမ့်မယ်။ အထက်လူကြီးများဆီမှ ချီးမြှောက်မှုကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ရာထူးတိုး အခွင့်အလမ်းများ ရှိနေပါတယ်။ သို့သော် မိမိ၏ တိုးတက်မှုအပေါ် အတ္တ မထားပါနှင့်။ မာနကြီးခြင်းကို ရှောင်ရှားပါ။

ပြိဿရာသီခွင် – Taurus ( Feb 20 to Feb 26 )

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် မိမိ၏ အပေါင်းအသင်း၊ မိတ်ဆွေတို့နှင့် အတူ ခရီးထွက်နိုင်ပါတယ်။ သို့သော် အလွန်အကျွံ မစားမိအောင် သတိထားပေးပါ။ မဟုတ်ပါက ဗိုက်အောင့်ခြင်း အစရှိသော အစာအိမ်နှင့် ပက်သက်၍ ပြဿနာများ ဖြစ်ပေါ်လာ နိုင်ပါတယ်။

ဤကာလအတွင်း ငွေရေးကြေးရေးနှင့် ပက်သက်၍ Taurus ရာသီခွင်တို့၏ ဘဝတွင် တိုးတက်မှုများစွာ ရှိလာပါမယ်။ ဒါကြောင့် ဆိုင်းငံ့ထားသော ငွေကြေးတောင်းခံလွှာများနှင့် အကြွေးများကို ပြန်လည် ပေးဆောင်နိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ဤကာလအတွင်း မိမိ၏ ငွေ‌ကြေးကို မည်သူ တစ်ဦးတစ်ယောက်အား ချေးငှားခြင်းတို့ကို ရှောင်ကြဉ်ပေးပါ။

ယခုအပတ်သည် လူမှုရေး လုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်ရန် အတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ မိမိ၏ လုပ်နိုင်စွမ်းကြောင့် တခြားသူများထံမှ အထင်ကြီးမှု ရရှိစေကာ အပြုသဘော ဆောင်သော ရလဒ်များစွာ ရရှိနိုင်ပါမယ်။

မေထုန်ရာသီခွင် – Gemini ( Feb 20 to Feb 26 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။ ဒါကြောင့် တခြားသူများနှင့် စကားပြောဆိုရာတွင် သတိထားပေးပါ။

ဤကာလအတွင်း မထင်မှတ်ဘဲ အသုံးစရိတ်များ တိုးလာခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုသို့သော အခြေအနေမျိုးတွင် မိမိ၏ စိတ်ကို အေးအေးထားပြီး ပြဿနာများမှ ရုန်းထွက်ဖို့ အစီအစဉ်ဆွဲပါ။ မဟုတ်ပါက ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာကာ ငွေကြေး အနည်းငယ် သုံးစွဲရပါလိမ့်မယ်။

ယခုအပတ်တွင် Gemini ရာသီခွင်များ အနေနဲ့ အိမ်တွင်းရေးကိစ္စ တော်တော်များများကို ကိုင်တွယ်ရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်‌ခြေ ရှိနေပါတယ်။ လူတော်တော်များများသည် မိမိအား နှိမ့်ချရန် ကြိုးစားနေကြသည်ဟု ခံစားရကာ စိတ်ဓာတ်ကျဆင်း စေနိုင်ပါတယ်။

မိသားစုဝင်များတွင် ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( Feb 20 to Feb 26 )

ယခုတစ်ပတ်မှာတော့ Cancer ရာသီခွင်တို့သည် ကျန်းမာရေးနဲ့ ပတ်သတ်၍ စိန်ခေါ်မှုများ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ယောဂ သို့မဟုတ် လေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ပြီး မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ပါ။ ခံစားနေရသော ဝေဒနာများ သက်သာ ပျောက်ကင်းလာပါမယ်။

ယခင်ကာလက လုပ်ဆောင်ခဲ့သည့် အိမ်ခြံမြေနှင့် ပတ်သက်၍ ငွေပေးငွေယူများကို ယခုသီတင်းပတ်တွင် အပြီးသတ်နိုင်ဖွယ် ရှိနေပါတယ်။ အကျိုးရလာဒ်များ ရရှိလာမည့် အပြင် အနာဂတ်တွင် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

အိမ်တွင်း ပြောင်းလဲမှု အချို့ကြောင့် ယခုအပတ်တွင် မိသားစုဝင်များနှင့် ပဋိပက္ခများ ဖြစ်စေနိုင်ပါတယ်။ လေးစားမှုကို ကျဆင်းစေသည့် အပြင် မိသားစု၏ လျစ်လျူရှုမှုကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။

ယခုအပတ်တွင် အသက်မွေးဝမ်းကြောင်းနှင့် ပက်သက်၍ ခရီးစဉ်များ ရှိနေနိုင်ပါတယ်။

သိဟ်ရာသီခွင် – Leo ( Feb 20 to Feb 26 )

ယခုအပတ်တွင် Leo ရာသီခွင်များသည် မိမိကိုယ်တိုင် ကြံ့ခိုင်နေစေရန် အများကြီး ရုန်းကန်နေစရာ မလိုအပ်ပါဘူး။ ကံတရား ကောင်းမွန်နေသောကြောင့် အနည်းငယ် အားထုတ်မှုကပင် ကျန်းမာအောင် ထိန်းသိမ်း ထားနိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း မိတ်ဆွေ၊ အပေါင်းအသင်းတို့၏ ပံ့ပိုး ကူညီမှုတို့ကြောင့် ငွေကြေး အခက်အခဲ အမျိုးမျိုးမှ လွတ်မြောက်နိုင်ပါလိမ့်မယ်။ ဘဏ္ဍာရေး အခြေအနေတိုးတက်မှုများ ရှိလာပါမယ်။ ဒါ့အပြင် ကြွေးမြီများကို ပြန်လည် ပေးဆပ်နိုင်မှာ ဖြစ်ပါတယ်။

တခြားသူကို ရယ်မောစေနိုင်သည့် Leo ရာသီခွင်တို့၏ သဘော သဘာဝကြောင့် လူမှုဆက်ဆံရေး နယ်ပယ်တွင် ကျော်ကြားမှုကို တိုးစေပါလိမ့်မယ်။ လူ့အဖွဲ့အစည်းအတွင်း မိမိ၏ ဂုဏ်သိက္ခာနှင့် လေးစားမှုကိုပါ တိုးလာစေပါမယ်။ ဂုဏ်သရေရှိသူများ၏ အာရုံစိုက်မှုကို ခံရနိုင်မှာ ဖြစ်ပါတယ်။

ကန်ရာသီခွင် – Virgo ( Feb 20 to Feb 26 )

ယခုတစ်ပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးအတွက် အပြုသဘော ဆောင်သော အပြောင်းအလဲများစွာကြောင့် တခြားသူများနှင့် ပေါင်းသင်း ဆက်ဆံရာတွင် အထောက်အကူ ဖြစ်စေပါမယ်။ လူမှုဘဝတိုးတက် ကောင်းမွန်လာပါလိမ့်မယ်။

ရဲစွမ်းသတ္တိနှင့် ယုံကြည်မှုများ တိုးလာသည့် အတွက် ကြောင့် ဆုံးဖြတ်ချက်တိုင်းကို မိမိကိုယ်တိုင် အပြည့်အ၀ လုပ်ဆောင်နိုင်သည်ကို တွေ့မြင်ရပါလိမ့်မယ်။

ဤကာလအတွင်း ငွေရေးကြေးရေး ကံကောင်းလာပေမယ့်လို့ ရင်းနှီးမြှပ်နှံလိုပါက အကြောင်းအရာများကို သေချာစွာ စုံစမ်းပါ။ မဟုတ်ပါက ငွေကြေး ဆုံးရှုံးမှုများ ရှိလာနိုင်ပါတယ်။

အသက်အရွယ် ကြီးသော မိသားစုဝင်နှင့် မိမိ ချစ်ခင်ရသူကြားတွင် အထင်အမြင် လွဲမှားစေနိုင်သော အငြင်းပွားဖွယ် ကိစ္စရပ်များအတွက် ငြင်းခုံခြင်းကို ရှောင်ကြဉ်ပါ။

တူရာသီခွင် – Libra ( Feb 20 to Feb 26 )

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် စိတ်ဖိစီးမှုများမှ ကင်းဝေးအောင် နေထိုင်ပေးပါ။ မိမိ၏ ကျန်မာရေး အတွက် ဂရုစိုက်ပေးပါ။ အလုပ်တာဝန်များ ကြားမှ အချိန်ပေးနိုင်အောင် ကြိုးစားပါ။ မဟုတ်ပါက ကျန်းမာရေး ပြဿနာများ ပိုမို ဆိုးလာနိုင်ပါတယ်။

ဤကာလအတွင်း စီးပွားရေးသမားများ အနေနဲ့ မိမိတို့၏ ပေါ့လျော့မှုတို့ကြောင့် ငွေကြေး ရင်းနှီးမြှုပ်နှံသည့်အခါ အလွန် သတိထားပေး ရပါလိမ့်မယ်။ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းများကို ဂရုစိုက်ပေးပါ။

Libra ရာသီခွင်တို့သည် မိမိ၏ အကြံပြုချက်များ အပေါ် မိတ်ဆွေ၊ အပေါင်းတို့၏ အလေးမထားမှုတို့ကြောင့် စိတ်အားငယ်နေ နိုင်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( Feb 20 to Feb 26 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် စိတ်ဖိစီးမှုများမှ ကင်းဝေးအောင် နေထိုင်ပေးပါ။ မိမိ၏ ကျန်မာရေး အတွက် ဂရုစိုက်ပေးပါ။ အလုပ်တာဝန်များ ကြားမှ အချိန်ပေးနိုင်အောင် ကြိုးစားပါ။ မဟုတ်ပါက ကျန်းမာရေး ပြဿနာများ ပိုမို ဆိုးလာနိုင်ပါတယ်။

မိမိ၏ ကြိုးစား အားထုတ်မှုနှင် စေတနာတို့ကြောင့် ငွေကြေး ရရှိနိုင်မည့် အခွင့်အရေးများ ယခုအပတ်တွင် ပေါ်ပေါက်လာပါလိမ့်မယ်။ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လိုပါက တစ်ဦးတည်း မဆုံးဖြတ်ပါနှင့်။ ကျွမ်းကျင်သူတို့နှင့် တိုင်ပင် ဆုံးဖြတ်ပါ။

မိမိ ချစ်ခင် မြတ်နိုးသူနှင့် လက်ထပ်ရန် မိသားစု တွေ့ဆုံပွဲများ ပြုလုပ်လိုပါက အနည်းငယ် စောင့်ဆိုင်းပေးပါ။ ဤကာလတွင် ကံတရား ညံ့ဖျင်းနေသောကြောင့် အငြင်းပွားမှုတို့နှင့် ရင်ဆိုင်ရနိုင်ပါတယ်။

ဓနုရာသီခွင် – Sagittarius ( Feb 20 to Feb 26 )

ယခုအပတ်တွင်လည်း Sagittarius ရာသီခွင်များ အနေနဲ့ ယာဉ်မ‌တော်တဆ ဖြစ်ပွားနိုင်၍ ဂရုတစိုက် မောင်းနှင်ပေးပါ။

ဤကာလအတွင်း မည်သူတစ်ဦး တစ်ယောက်ကိုမျှ ငွေကြေး ချေးငှားခြင်းများ မပြုလုပ်ပါနှင့်။ အကယ်၍ အကြောင်းတစ်ခုခုကြောင့် ပြုလုပ်ရန် လိုအပ်လာပါက ငွေ‌ကြေးနှင့် ပတ်သက်၍ ငွေချေးသူထံမှ စာရွက်စာတမ်း အားလုံးကို ရယူပေးပါ။ သို့မှသာ ဖြစ်ပေါ်လာမည့် အန္တရာယ်များစွာမှ မိမိကိုယ် မိမိ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ယခုအပတ်တွင် အိမ်မှုကိစ္စများကို ပါဝင် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိသားစုအတွင်း လေးစားမှုနှင့် အတူ မိသားစုဝင်များ အကြား ဆက်ဆံရေးကို ပိုမို ခိုင်မာစေပါမယ်။

မကာရရာသီခွင် – Capricorn ( Feb 20 to Feb 26 )

ယခုအပတ်တွင် Capricorn ရာသီခွင်များ အနေနဲ့ ကျန်းမာရေး တိုးတက် ကောင်းမွန်လာစေရန် လိုအပ်သော အပြောင်းအလဲ တချို့ ပြုလုပ်ပေးရပါမယ်။ အစားအစာများကို အချိန်မှန် စားသုံးပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။ မိမိ၏ ကျန်မာရေးသည် ကောင်းမွန်နေမှ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဤကာလအတွင်း ငွေကြေး အခြေအနေ တိုးတက် ကောင်းမွန်နေပါမယ်။ အနာဂတ်တွင် အကျိုးအမြတ်များ ရရှိစေနိုင်မည့် ရွှေ၊ လက်ဝတ်ရတနာများ၊ အိမ် သို့မဟုတ် မြေကွက်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ပါတယ်။

ယခုအပတ်တွင် လူမှုရေး ကိစ္စရပ်များနှင့် ပက်သက်၍ သြဇာကြီးသူ အများအပြားနှင့် ထိတွေ့ခွင့်များ ရရှိစေမှာ ဖြစ်ပါတယ်။ အခွင့်အရေးများ ရရှိလာပါက လက်လွတ်မခံပါနှင့်။ အကောင်းဆုံး အသုံးချနိုင်ရန် ကြိုးစားပါ။

ကုမ်ရာသီခွင် – Aquarius ( Feb 20 to Feb 26 )

အသက် ၅၀ကျော် Aquarius ရာသီခွင်များသည် ဤကာလအတွင်း အာရုံကြောစနစ်နှင့် အစာခြေခြင်းဆိုင်ရာ အစောပိုင်း ပြဿနာများကို ဖယ်ရှားနိုင်ပါမယ်။ သို့သော် ဆရာဝန် ညွှန်ကြားထားသော လုပ်ရိုးလုပ်စဉ်များကို အချိန်မှန် ပြုလုပ်ပေးရပါလိမ့်မယ်။

ယခုတစ်ပတ်တွင် ငွေရေးကြေးရေးနှင့် ပက်သက်၍ စိတ်လှုပ်ရှားစရာ အခိုက်အတန့်များနှင့် ကြုံတွေ့ရနိုင်ပါတယ်။ ကောင်းမွန်သော ငွေကြေး အကျိုးခံစားခွင့်များကြောင့် ဘဏ္ဍာရေး အခြေအနေသည်လည်း အရင်ကထက် ပိုအားကောင်းလာမှာ ဖြစ်ပါတယ်။

ဤကာလအတွင်း မိသားစုတွင် အငြင်းအခုံ ဖြစ်တာမျိုးကို ရှောင်ကြဥ်ရပါမယ်။ စိတ်လိုက်မာန်ပါ ပြုမူ ပြောဆိုခြင်းသည် ပြဿနာများကို ပိုမိုကြီးထွားစေနိုင်ပါတယ်။ ဒါကြောင့် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မိမိ အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာရန် ကြိုးစားပါ။

မိန်ရာသီခွင် – Pisces ( Feb 20 to Feb 26 )

Pisce ရာသီခွင်ထဲမှ သက်ကြီးရွယ်အိုများ အနေနှင့် ယခုကာလ တစ်လျှောက်လုံး ကျန်းမာရေးကို အထူး ဂရုစိုက်ပေးရပါမယ်။ မနက် သို့မဟုတ် ညနေခင်းတွင် မိနစ် ၃၀ ခန့် လမ်းလျှောက်ပါ။ ဖုန်ထူသော နေရာများကို တတ်နိုင်သမျှ ရှောင်ရှားပါ။

ဤကာလအတွင်း မလိုလားအပ်သော အသုံးစရိတ်အချို့ ရှိနေနိုင်ပါတယ်။ သို့သော် ဝင်ငွေ ပုံမှန် ရရှိနိုင်သောကြောင့် ကြီးမားသော အကျိုးသက်ရောက်မှုကို ကြုံတွေ့ရမည် မဟုတ်ပေ။ သို့သော် မိမိ၏ ဝင်ငွေနှင့် အသုံးစရိတ်များ အကြား မျှတအောင် ထိန်းသိမ်းထားရန်လည်း အလွန် အရေးကြီးပါတယ်။

ယခုအပတ်အတွင်း မိသားစုတွင် ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင် ပါလိမ့်မယ်။ မိသားစုဝင်များ အကြား ကောင်းမွန်သော နားလည်မှုများ ရှိနေပါမယ်။ ဒါ့အပြင် မိသားစုဝင် အမျိုးသမီးများ၏ အိမ်မှုကိစ္စများကို မိမိ တတ်နိုင်သမျှ ပါဝင် ကူညီပေးပါ။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။