အဆိုတော်ကျားပေါက်ရေးတဲ့ စာအုပ်ကို ဘောင်မခတ်ဖို့လိုမယ်လို့ ဝေဖန်လိုက်တဲ့ ဒေါင်း

Celebrity

အဆိုတော်ကျားပေါက်ရေးတဲ့ စာအုပ်ကို ဘောင်မခတ်ဖို့လိုမယ်လို့ ဝေဖန်လိုက်တဲ့ ဒေါင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆိုတော်ကျားပေါက်ရေးတဲ့ စာအုပ်ကို ဘောင်မခတ်ဖို့လိုမယ်လို့ ဝေဖန်လိုက်တဲ့ ဒေါင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆိုတော်ကျားပေါက်ရေးတဲ့ စာအုပ်ကို ဘောင်မခတ်ဖို့လိုမယ်လို့ ဝေဖန်လိုက်တဲ့ ဒေါင်း

လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကစည်းထားခဲ့တဲ့မျက်လုံးစည်းလေးကိုပြန်တပ်ပြီးဖတ်ခဲ့ရတဲ့စာအုပ်တစ်အုပ်……Cassette ခလုတ်သံတွေကြားနေရတဲ့စာအုပ်တစ်အုပ်….Tapeခွေလည်သံတွေ…..CDဖတ်သံတွေ…..သူပြောတဲ့သူ့shapeကိုဖြစ်တည်စေခဲ့တဲ့သူများနဲ့သူကကျွန်တော်တို့shapeကိုဖြစ်စေခဲ့တဲ့ထဲက အနုပညာသမားတစ်ဦး ဂီတသမားတစ်ဦး…..”Giants on my shoulders”တဲ့လွန်ခဲ့တဲ့အတိတ်ထဲက သူ့ဖြစ်တည်မှုတွေဆီကို ကားပတ်မောင်း…..သူ့ဘေးနားထိုင်ပြီး သူပြောသမျှ နားထောင်ရသလိုပဲ။

စာဖတ်နေရတာနဲ့ကိုမတူတဲ့ စာအုပ်တစ်အုပ်ကိုဖတ်နေမိပြီးသားဖြစ်သွား……။
ကိုကျားခေါ်တဲ့နောက် ပတ်လိုက်နေရတာနဲ့….ခဏရပ်လိုက် ဖုန်းဖွင့်လိုက် သီချင်းတွေပြန်နားထောင်လိုက်….ကိုကျားထိတွေ့ခဲ့တဲ့ Artists တွေပြန်လိုက်ကြည့်နေရင်းနဲ့…ကိုယ့်အတိတ်ကိုလည်း ပြန်တူးဆွနေမိပြန်ရော….သတိရနေမိပြန်ရော….လွတ်လပ်ပေါ့ပါးတဲ့အရေးအသားနဲ့တိုတို ထိထိနဲ့ လိုရင်းကိုသဘောပေါက်အောင် ရေးထားပေမယ့် “သီချင်းထဲကဘဝများ….ဘဝထဲကသီချင်းများ…”ကို လိုက်နားမထောင်ဘဲနဲ့ကို ကျွန်တော်နေလို့မရခဲ့ဘူး။

အစီအစဉ်တကျရေးထားတာမဟုတ်တာကိုက…သဘောကျနေမိတာ…..အဲ့ဒါဘဝပဲမလား?

ပြောရရင်တော့အများကြီးဗျာ….ခဏနားပြီး ထိုင်ရယ်နေမိရတဲ့ အခြေအနေတွေလည်း ကျွန်တော် ဒီစာအုပ်ကြောင့် ကြုံခဲ့ရသလို…ကိုယ့်ကိုယ်ကို လည်း ဘဝကို ဘယ်လိုရွေးချယ်ဖြစ်လဲ…ဘယ်လောက်ရိုးသားခဲ့လဲ…?

သူက သူ့အကြောင်းကို အရိုးသားဆုံးပြောပြတယ်ဆိုပေမယ့်..မေးခွန်းတွေပါနေတယ်??ကျွန်တော့်အမြင်အရ ဒီစာအုပ်ဖတ်ရတာ ဘာခံစားရလဲဆို…ဘာမှမခံစားရဘူး ဒါပေမယ့်…”ခင်ဗျားတို့ ဘောင်မခတ်ဖို့တော့လိုလိမ့်မယ်”။ဒေါင် ဆိုပြီးသူ့ရဲ့facebook စာမျက်နှာမှာတင်ထားခဲ့တာဖြစ်ပါတယ်

ရေးသားသူ – DAUNG – ဒေါင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။