နာမည်ကိုရှေ့ကမထည့်ပေးဘဲ နာမ်နှိမ်လို့ ရိုက်ကူးရေးကနေ နုတ်ထွက်လိုက်တဲ့ သရုပ်ဆောင်ခြူးလေး

Celebrity

နာမည်ကိုရှေ့ကမထည့်ပေးဘဲ နာမ်နှိမ်လို့ ရိုက်ကူးရေးကနေ နုတ်ထွက်လိုက်တဲ့ သရုပ်ဆောင်ခြူးလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နာမည်ကိုရှေ့ကမထည့်ပေးဘဲ နာမ်နှိမ်လို့ ရိုက်ကူးရေးကနေ နုတ်ထွက်လိုက်တဲ့ သရုပ်ဆောင်ခြူးလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နာမည်ကိုရှေ့ကမထည့်ပေးဘဲ နာမ်နှိမ်လို့ ရိုက်ကူးရေးကနေ နုတ်ထွက်လိုက်တဲ့ သရုပ်ဆောင်ခြူးလေး

ရုပ်ရှင်တွေထဲမှာ ဟိုလီဝုဒ်လောကဘဲ ဖြစ်ဖြစ် ဘော်လီဝုဒ်ဘဲ ဖြစ်ဖြစ် ဒါရိုက်တာကအစ သရုပ်ဆောင်တို့ ဆက်တင်သမားတို့ကို အစအဆုံးဖေါ်ပြကြရသည် ။ ထုတ်လုပ်သူကုမ္ပဏီနာမည်ကအစ ကြေညာကြရသည် ။

ဒါရိုက်တာနာမည်ကို မြင်သည်နှင့် ကုမ္ပဏီနာမည်ကို မြင်သည်နှင့် ၎င်းရုပ်ရှင်ဇာတ်ကားသည် ပရိတ်သတ်အကြိုက်ဖြစ်မည့် ဇာတ်ကားကို ရိုက်ကူးတင်ဆက်သည့် အကြောင်းကို နားလည်ပြီးသား ဖြစ်သွားသည် ။ သရုပ်ဆောင်အမည်များကို မြင်လျှင် သည်းခြေကြိုက် ဇာတ်ကားတကား ဖြစ်ကြောင်း ခန့်မှန်းပြီးသား ဖြစ်နေသည် ။
ယခုမြန်မာ့ရုပ်ရှင်က ( ပင်လယ်ပြာပြာ မိုးပြာပြာ ) ရုပ်ရှင်ဇာတ်ကားမှာ
သရုပ်ဆောင်မင်းသမီးနာမည်က ပြသနာ ဖြစ်လာသည်ကို တွေ့ရသည် ။

သရုပ်ဆောင်ခြူးလေးသည် ယခင်က သူမရိုက်ကူးခဲ့သေ ဇာတ်ကားထဲတွင် ခေါင်းဆောင် မင်းသမီးအဖြစ်-( အကယ်ဒမီမြင့်မြင့်နှင့် ရိုက်ကူးခဲ့သော ( ကျော်ကြီးကချစ်တတ်တယ် )-တွင် ပါဝင်ခဲ့သလို ( ပင်လယ်ပြာပြာ မိုးပြာပြာ ) ဇာတ်ကားမှာ သူမနှင့်အတူ ပါဝင်သည့် မေမီကိုကို လည်း ပါဝင်ခဲ့ရာ ထိုစဉ်က နာမည်ပြသနာ မတက်ခဲ့-

ယခုတဖန် ခြူးလေးနှင့် မေမီကိုကိုတို့ အတူပါဝင်သရုပ်ဆောင်ကြမည့် ( ပင်လယ်ပြာပြာ မိုးပြာပြာ ) တွင်မူ မေမီကိုကိုသည် ရှေ့က ခေါင်းဆောင်မင်းသမီးနေရာကို ရောက်သွားပြီး ခြူးလေးနာမည်က နောက်မှာ ရောက်သွားသည် ။

ဤကဲ့သို့ နာမည်ပြသနာ တက်လာသောကြောင့် ခြူးလေးက ထောက်ပြသောကြောင့် သူမ၏ သဘောကျ ခေါင်းဆောင် နေရာမှာ နာမည်ကို ပြောင်းထည့်ပေးလိုက်သည် ။

ဤသို့ဆိုလျှင် ဒါရိုက်တာဟိန်းစိုးသည် လူကြီးလူကောင်းဆန်ဖို့လိုလာသည်ဟု ယူဆသည် ။
မြန်မာ့ရုပ်ရှင် ဇာတ်ကားကို ပေါကား ဟု လူအများတွင်တွင်ကျယ်ကျယ် ဘွဲ့ပေးကြသည် ။ ဒါရိုက်တာဟိန်းစိုးတို့သည် ပေါကားဒါရိုက်တာ အဆင့်မျှသာ ဖြစ်သည် ။
ဇာတ်ကားထဲတွင် ထမင်းစားဝိုင်း၌ ဆားများ၍ အော်ဟစ်ပြောဆိုနေသော အခန်းများကို ရိုက်ကူးတင်ပြနေကြသည့် ဒါရိုက်တာ များကြောင့် မြန်မာ့ရုပ်ရှင်ဇာတ်ကားများသည် ယခုအချိန်ထိ ကမ္ဘာကို ထိုးဖေါက်မည့် အခြေအနေမရှိသေးသလို အိမ်နီးနားချင်းနိုင်ငံကိုပင် မထိုးဖေါက် မကျော်လွှားနိုင်သေး-

ရုပ်ရှင်သရုပ်ဆောင်တို့သည် လူထုပရိတ်သတ်တို့နှင့် ကင်းကွာ၍ မရ – သူတို့မှာ နာမည်တလုံးကို ရှေ့တန်းတင်ထားရသည် ။ နာမည်တလုံးက အကျင့်စာရိတ္တကြောင့်-ရာဇဝတ်ပြစ်မှု တခုခုကြောင့် ကျဆင်းသွားလျှင် ပိတ်ကားပေါ်သို့တက်ရောက်နိုင်ခွင့် မရှိတော့-

သူတို့၏ ထမင်းစားလက်မှတ် ချက်ချင်း ပျောက်သွားသည့် ကိန်းဆိုက်ရောက်သွားသည် ။

သရုပ်ဆောင်ခြူးလေးသည် သူမ၏ အနုညာကို မြတ်နိုးစွာဖြင့် ပြောင်းလဲ ပေးရန် တောင်းဆိုခဲ့သည် ။ ၎င်းဇာတ်လမ်းကို သေချာဖတ်ပြီးမှ သူမပါဝင်သရုပ်ဆောင်မည့် နေ့ရက်-အချိန်-တို့ကို တွက်ချက်ပြီးမှ လက်ခံခဲ့ကြောင်း သိရသည် ။

ပင်လယ်ပြာပြာ မိုးပြာပြာ-ဇာတ်ကားသည် နာမည်ကြီးစာရေးဆရာမကြီး ယုဝတီ ခင်စိန်လှိုင်၏ ဝတ္ထု ဇာတ်လမ်းဖြစ်သည် ။ ဤဝတ္ထု ဇာတ်လမ်းကို ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်များသည် ဇာတ် ညွှန်းကို ကြိုတင် ဖတ်ရှူထားပြီးမှ သရုပ်ဆောင်နိုင်မည်ဖြစ်သည် ။

ခုတော့ ခြူးလေး၏ နေရာကို ဒါရိုက်တာဟိန်းစိုးက သူနှင့် အလွမ်းသင့်သော သရုပ်ဆောင် အင်ကြင်းထူးကို အစားထိုးရိုက်ကူးရန် နာမည်ပြောင်းလိုက်သည် ။ အင်ကြင်းထူးသည် နာမည်ကြီးစာရေးဆရာမကြီး ယုဝတီခင္စိန္လှိုင်၏ ဝတ္ထုထဲက မည်သည့်ဇာတ်ကောင်ကိုမှ မသိရှိ- ဝတ္ထုကိုလည်း မဖတ်ဖူး- ဇတ်ညွှန်းမွာ ပါဝင်သရုပ်ဆောင်ရမည့် မည်သည့်ဇတ်ကောင်စရိုက်ကိုလည်း မသိရှိဘဲ ရွှေတိဂုံစေတီမှာ ဒါရိုက်တာဟိန်းစိုးနှင့်အတူ ရှိခိုးကာ ကန်တော့ ပွဲ ပေးသည်ဟု သူမ၏ အင်တာဗျူးတွင် တွေ့ရသည် ။

“ ခြူးလေးက ဘယ်သောအခါမှ အလုပ်ကို လက်လွှတ်စပယ် မလုပ်ခဲ့ဘူး။ နာမည်ကို အမှတ်တမဲ့ လွဲတာမဟုတ်ပဲ တမင်တကာ ခြူးလေးကို ချွေးသိပ်ထားတာမျိုး ဖြစ်နေတယ်။ နာမည်ကို ရေးကြီးခွင်ကျယ်လုပ်တာ ကိုယ့်မှာ Background မရှိတော့ဘူးလေ။ကိုယ့်ကိုကိုယ် ရပ်တည်ပြီး တည်ဆောက်လာခဲ့ရတာ။ခြူးလေးဆိုတာ ပထမဆုံးကားမှာတင် ထိပ်ဆုံးကတက်လာတဲ့ မင်းသမီးတလက်ပါ ” ….. ဆိုပြီး ” ပင်လယ်ပြာပြာ မိုးပြာပြာ ” ဇာတ်လမ်းတွဲမှာ မပါဝင်ဖြစ်ခဲ့တဲ့အပေါ် ပြန်လည်ဖြေရှင်းလာခဲ့တာဖြစ်ပါတယ်

မြန်မာ့ရုပ်ရှင်ပေါကား၌ ဒါရိုက်တာသည် ဇာတ်လမ်းတခုလုံးကို နားလည်တတ်ကျွမ်းသူဖြစ်သလို ဇာတ်ညွှန်းအရ မည်သည့် အခန်းကို မည်သည့် နေရာတွင် ဇာတ်လမ်းကို တည်းဖြတ်တင်ဆက်မည်အထိ နားလည်ထားသူ ဖြစ်သည် ။

ဘာမှန်းမသိသည့် သရုပ်ဆောင်တဦးကို သိကျွမ်းသည်ဆိုကာ ခေါ်ယူပြီး ရုပ်ရှင်ကမ်မရာ ရှေ့မှာ နေခိုင်းပြီး ရိုက်မည်ဆိုပါက ပေါကားဟု ဘွဲ့မပေးလျှင်
အခြား မြန်မာ့ရုပ်ရှင်ကို မည်သည့် နာမည်ပေးရမည်နည်း ။

ခြူးလေးသည် ( ပင်လယ်ပြာပြာ မိုးပြာပြာ ) ဇာတ်ညွှန်း ဖတ်ရှုထားပြီး မည်သည့် အခန်းတွင် မည်သို့သရုပ်ဆောင်မည်ဆိုသည်ကို ခန့်မှန်း နားလည်ပြီးထားသူ ဖြစ်သည် ။ ခုတော့ နာမည်ပြောင်းရန် ဗီနိုင်းကိုတောင် ဒါရိုက်တာဟိန်းစိုးက လုပ်ပေးနိုင်စွမ်း မရှိလျှင် သရုပ်ဆောင်ခြူ းလေးအဖို့ သူ့လို ပေါကား ဒါရိုက်တာဟိန်းစိုးလို မျိုးနဲ့တသက်လုံးမ ရိုက်မိဖို့လိုသည် ။ ခြူးလေး၏ လက်မခံဘဲ ငြင်းဆိုလိုက်သည်မှာ မှန်သည် ။

မြန်မာနိုင်ငံမှာ မော်ဒယ်တွေ- ငွေ စိုက်ပြီး ရိုက်ချင်ကြသော လူငယ်တွေများစွာ ရှိကြရာ ပေါကားဒါရိုက်တာများအဘို့ အသက်ရှူဖြောင့် နိုင်ကြမည့် အခွင့် အရေးများစွာရှိနေသည်ဟု သူတို့အောက်မေ့နေကြသည် ။

ပေါကားရိုက်ရန် ဖုံးဆက်ခေါ်ပြီး ရိုက်ကွင်းကို လာခဲ့ပါဟု ခေါ်သော ပေါကားဒါရိုက်တာများ ပျောက်မှ မြန်မာ့ရုပ်ရှင်လောက နာမည်တက်လာမည် ဖြစ်သည် ။
မြန်မာ့ရုပ်ရှင်ကို ဟိုလီဝုဒ်ထိ ထိုးဖောက်စေချင်ပါသည် ။

ရေးသားသူ – ခိုင်အောင်ကျော် ( နယူးယောက် )

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။