21.2.2023 အတွက်တနေ့တာတားရော့ကတ်ဗေဒင် “Today’s Affirmation – Page of Wands (Upright)”

Astrology

21.2.2023 အတွက်တနေ့တာတားရော့ကတ်ဗေဒင်
“Today’s Affirmation – Page of Wands (Upright)”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”Today’s Affirmation – Page of Wands (Upright)” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

21.2.2023 အတွက်တနေ့တာတားရော့ကတ်ဗေဒင်
“Today’s Affirmation – Page of Wands (Upright)”
Tarot Card Mockup

ရှာဖွေပါ ၊ စမ်းသပ်ပါ ၊ ဆော့ကစားပါလို့ သတင်းကောင်းလေးပါးချင်တယ်

Page of Wands ကတ်လေးကိုမြင်တဲ့အခါမှာ ကိုယ့်လက်ထဲ Potential အသစ်တွေရှိနေပါပြီ ။ လတ်တလော Deepest Desire က Love Life လား Career လား ဘယ်အရာလဲတော့ ကိုယ်ပဲသိလိမ့်မယ် ။
သူရောက်တဲ့နေရာ အလင်းပေးတယ် ။ သူရှိတဲ့နေရာ သတင်းမွှေးစေတယ် ။ ကိုယ်မျှော်လင့်နေတဲ့သတင်းကောင်းတွေ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့မယ်

သူဘယ်လိုပုံစံနဲ့လာမှာလဲ..?တစ်ဦးနဲ့တစ်ဦးတူဖို့တော့ မရှိဘူး ။ တခါတလေ မိတ်ဆွေကောင်းအဖြစ်လာတယ် ၊ တခါတလေ အကြံကောင်းတစ်ခုအဖြစ် ဥာဏ်အလင်းပွင့်လာစေတယ် ။ တခါတလေ မီးတောက်ကလေးအဖြစ် လမ်းပြတယ် ။ တခါတလေ သူကကိုယ့်အရှာကို ကြိုစောင့်နေတတ်ပြန်တယ် ။

ဒီတော့ကိုယ်ဘာလုပ်ရလဲ..?
ရှာဖွေပါ – အခွင့်အလမ်းအသစ်တွေ
စမ်းသပ်ပါ – ဝါသနာအသစ်တွေ
ဆော့ကစားပါ – တစ်ခုထဲကို Commit မလုပ်သေးနဲ့ဦး

မျှော်လင့်ချက်မီးစာနည်းနေခြင်းက ဟုပ်ခနဲတောက်လောင်လာဖို့ရှိတယ် ။ ဘာဆက်လုပ်ရမလဲ ဉာဏ်အလျင်ရပ်တန့်နေသူတွေ ရေကာတာဖွင့်သလို ဝုန်းကနဲစီးဝင်ခွင့်ရမယ် ။ သူဆုပ်ကိုင်ထားတဲ့သစ်ချောင်းက လက်ရှိအခြေအနေကိုကိုယ်စားပြုပြီး ရွက်သစ်လေးတွေက ကိုယ့်အနာဂတ်ကိုကိုယ်စားပြုတယ် ။

ဒီတော့ မျက်လုံးလေးပြောင်းပါ ။ ဘေးကသဲပြင်တွေအတွက် အချိန်ကုန်နေတာလျော့.. ကိုယ့်အသစ်ရွက်သစ်ဝေဖို့ ဖြစ်လာပြီလေ ။
ကိုယ့်လက်မှာဓမ္မရှိတယ်ဆို သူများအကျိုးပြုဖို့ထက် သူများမထိခိုက်ရင်ကိုကျေနပ်လိုက်ဦး ။ ဒီကာလတော့ တစ်ကိုယ်ကောင်းဆန်တတ်မှရမယ်

တိမ်တွေကိုမြင်ချင် ခေါင်းမော့ရဲမှရမယ် ။ ခေါင်းငိုက်စိုက်ပြီး ဖြစ်မလာတာကိုအပစ်ပုံမချနဲ့ ။ဉာဏ်နဲ့ဝီရိယအားပြုမှ ကံပေါ်ခုန်တက်နိုင်လိမ့်မယ် ။

အလုပ်အကိုင် အချစ်ရေး လူမှုရေးကနေ တရားဘာဝနာအထိ နည်းသစ်လေးတွေကလမ်းမှန်ရဖို့ရှိတယ် ။ ကိုယ်အများကြီး ပိုထိုက်တန်တယ် သူအများကြီးပေးလာဖို့ရှိတယ် ။ သာမန်အဆင်ပြေခြင်းနဲ့ မကျေနပ်လိုက်ဖို့လိုပါတယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။