သူတပါး ကျွေးတာမစားခင် ဒီဂါထာ ရွတ်ပြီးစား

Astrology
သူတပါး ကျွေးတာမစားခင် ဒီဂါထာ ရွတ်ပြီးစား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူတပါး ကျွေးတာမစားခင် ဒီဂါထာ ရွတ်ပြီးစား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူတပါး ကျွေးတာမစားခင် ဒီဂါထာ ရွတ်ပြီးစား

အစားသောက် ဆိုတာ သိပ်သတိထားတယ်။ ကျွေးတိုင်း မစားတာကောင်းတယ်။ ရှေးကဆို ပညာသည် ပိုပေါတော့ ပိုသတိထားရမှာပေါ့။
အစာခပ်ဆး – ဗူးသွင်း – အပင်းသွင်း တွေ များပါဘိနဲ့။ တွေ့ဖူး ကြားဖားကြမှာပါ။ ဗိုက်ထဲက ဆံပင်ချည်တွေ ထွက်လာတာ။ ခဲလုံးတွေ ထွက်လာတာ။ ခုံဖိနပ်တွေ ထွက်လာတာတို့။

ရှေးဆရာတွေက စားခွက်နှိုက်ဆေး တွေ သုံးကြတယ်။ စားခွက်နှိုက် ဆိုတာက မူလဇာတိပြန်စေတဲ့ အစွမ်းပေါ့။

တချို့က ဆေးမှုန့်တွေ သုံးတယ်။ မသင်္ကာတဲ့ အစာဆို အပေါ်က ဆေးမှုန့် ဖြူးလိုက်ရင် မူလပြန်တယ်။ တကယ့်အစာ မဟုတ်ပဲ သစ်ရွက်တွေ ဆိုရင်လည်း သစ်ရွက်တွေ ပြန်ဖြစ်မယ်။ ပိုးကောင်တွေ ဆိုလည်း ပိုးကောင်တွေ ဖြစ်မယ်။
တချို့ဆရာတွေက လက်ခုံမှာတင် စားခွက်နှိုက်ဆေး ထိုးထားတယ်။ ဒါကတော့ အဆင့်မြင့် သွားပြီ။

အစာ ကို ဘာဆေးမှ ဖြူးစရာ မလို။ သူ့ လက်နဲ့ အုပ်လိုက် ထိလိုက်ရုံနဲ့ အစာမှာလုပ်ထားတဲ့ မကောင်းတဲ့ အတတ်တွေ ပျက်မယ်။ မူလဇာတိရုပ် ပြမယ်ပေါ့။
ခု ဒီဘက်ခေတ် သာမန်လူတွေအဖို့ နည်းတစ်ခု ပေးလိုတယ်။ အလွယ်နည်းလေးပါ။
စိတ်ထဲမသန့်သလို ခံစားမိတဲ့ သူများကျွေးတဲ့ အစာ ကို လက်နဲ့အုပ်ပြီး ဂါထာတိုတိုလေး ၇ ခေါက် မန်းရမယ်။

လူမြင်မှာစိုးလို့ လက်နဲ့အုပ်မန်း ဖို့ အခွင့်ရေးမရရင် ကိုယ်စား မယ့်အစာ – ပန်းကန် စတာကို လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး စိတ်ထဲက ဖြစ်ဖြစ် အစာကိုအာရုံစိုက် ဂါထာမန်းပေါ့။

( ဥုံ ဗုဒ္ဓတေဇ အရိန္ဒမေါ )
ဂါထာက တိုတိုလေးပါပဲ့။
အသံထွက်ပုံလေး တစ်ချက်ကြည့်။

အသံထွက်ပုံက ( ဥုံ ဗုဒ်ဓ တေဇ အရိန်ဒမော ) ။လွယ်ပါတယ်။ ဟုတ်ပြီ။ အရေးကြုံ အခါသင့်ရင် ဒါလေးနဲ့ မန်းစားပေါ့။ သူတပါးဒေသ သူတပါးအရပ်သွားရင် ပို သတိထားရမယ်။

သိပ်အခက်ကြီး မဟုတ်။ လူတိုင်းကို သိစေချင် ရစေချင်လို့ပါ။ သတိ ဟူသည် ပိုသည်မရှိ။

ရေးသားသူ – {{ မြစကြာ }}

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။