၁၉ ထပ်တိုက်ခန်းအဆောက်အအုံရဲ့အလယ်ကနေ ဖြတ်သန်း​သွားတဲ့ ရထား

International News
၁၉ ထပ်တိုက်ခန်းအဆောက်အအုံရဲ့အလယ်ကနေ ဖြတ်သန်း​သွားတဲ့ ရထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၉ ထပ်တိုက်ခန်းအဆောက်အအုံရဲ့အလယ်ကနေ ဖြတ်သန်း​သွားတဲ့ ရထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၉ ထပ်တိုက်ခန်းအဆောက်အအုံရဲ့အလယ်ကနေ ဖြတ်သန်း​သွားတဲ့ ရထား

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း၊ ချုံချင့်မြို့မှာ နေထိုင်သူတွေဟာ ရထားစီးမယ်ဆို ရထားဘူတာဆီသွားစီးစရာမလိုပါဘူး။ ၁၉ ထပ်တိုက်ခန်းအဆောက်အအုံကို ဖြတ်သန်းသွားတဲ့ ရထားကို အလွယ်တကူစီးရလို့ပါပဲ။ အဆောက်အအုံအတွင်းမှာ ရထားဂိတ်ရှိပါတယ်။

နေထိုင်သူတွေက Liziba ဘူတာရုံမှာ Chongqing Rail Transport No.2 (ချုံချင့်ရထားပို့ဆောင်ရေးအမှတ် ၂) ကို မှီဖို့ တိုက်ခန်းရဲ့ ၆ ထပ် (သို့) ၈ ထပ်ကို သွားရုံပါပဲ။အထက်​​မြင့်အဆောက်အအုံများစွာကြောင့်တောင်တန်းမြို့လို့ လူသိများတဲ့ ချုံချင့်က စတုရန်းမိုင် ၃၁၀၀၀ အတွင်း လူပေါင်း ၄၉ သန်းအတွက် ဇာတိမြေပါပဲ။ ဒါကြောင့် မြို့ရဲ့ရထားလမ်းအင်ဂျင်နီယာတွေက နေထိုင်သူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်မယ့် နည်းလမ်းကို တီထွင်ကြံဆကြရပါတယ်။

ဒီရထားလမ်းကို ၂၀၀၄ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ၁၃ နှစ်အကြာမှာ တိုက်ခန်းအဆောက်အအုံအလယ်ကနေ ရထားဖြတ်သန်းသွားတဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ရထားလမ်းစနစ်က မီးခိုးငွေ့ကင်းစင်တဲ့ဒီဇိုင်း၊ ဆူညံသံနဲ့ တုန်ခါမှုနည်းတာတွေကြောင့် တရုတ်နိုင်ငံရဲ့ငြိမ်သက်ဆုံးရထားလိုင်းတွေထဲက တစ်ခုအဖြစ် လူသိများပါတယ်။ ဖြတ်သန်းစဥ်အတွင်း ရထားကို ဆူညံသံ ၆၀ ဒယ်ဆီဘယ် (အသံအတိုးအကျယ်ကို တိုင်းတာတဲ့ အခြေခံယူနစ်) လောက်ပဲ ထုတ်ဖို့ ဒီဇိုင်းဆွဲထားတဲ့အတွက် နေထိုင်သူတွေက ရထားဆူညံသံနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။