မဟာဘုတ်သုညကြွင်းဖွားနဲ့ရန်သူများ

Astrology
မဟာဘုတ်သုညကြွင်းဖွားနဲ့ရန်သူများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဟာဘုတ်သုညကြွင်းဖွားနဲ့ရန်သူများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဟာဘုတ်သုညကြွင်းဖွားနဲ့ရန်သူများ

သုညကြွင်းဖွားတွေ မှာ အငြိုးကြီးကြီးနဲ့ မိမိကို စွဲစွဲမြဲမြဲ ရန်လိုနေတတ်သော ရန်သူဟောင်းတွေ မုချ ရှိတတ်ပါတယ်။

အချိန်ကာလ ဘယ်လောက်ပဲ ကြာသွားသွား …..သူတို့အငြိုး နဲ့ သူတို့ အမုန်းက တိမ်ကောသွားမည်မဟုတ်။

အထူးသဖြင့် စနေဘင်္ဂဖွား နဲ့ ဗုဒ္ဓဟူး / ရာဟု အဓိပတိဖွားတွေမှာ …ထို ရန်ငြိုးဒဏ်ကို ပိုခံစားကြရတတ်ပါတယ်။ အခြားသော သုညကြွင်းဖွားတွေလည်း လွတ်တော့မလွတ်ပါ။ ရန်သူဟောင်း ဒုက္ခပေးခြင်း …၊ အငြိုးဖွဲ့ ရန်ပြုသူများ ရှိနေတတ်ခြင်းကံကို ပြေးမလွတ်သာပါ။

ဆိုတော့ ……..အဓိက သတိပေးခြင်းတာကတော့…မိမိသည် သုညကြွင်း ဖွား ဖြစ်နေမယ်….ဆိုရင်……..အင်္ဂါနေ့ဖွား လည်း ဖြစ်မယ်ဆိုရင် ….ကြီးမားသော ရန်ငြိုးဖွဲ့ ရန်သူတွေကို အသက် ၆၆ နှစ်ကနေ ၈၇နှစ်ကြား တတိယအရွယ် မှာ ရင်ဆိုင်ရပါမယ်။

ဗုဒ္ဓဟူး/ရာဟု ဖွား လည်း ဖြစ်နေမယ်ဆိုရင် …ကြီးမားသော ရန်ငြိုးဖွဲ့ ရန်သူတွေကို ….အသက်အားဖြင့် …၅၉ အ၀င်မှ ၇၉နှစ်ကြား တတိယအရွယ်မှာ မုချ ရင်ဆိုင်ရပါမယ်။

ကြာသာပတေးနေ့ဖွား လည်း ဖြစ်နေမယ်ဆိုရင် …ကြီးမားသော ရန်ငြိုးဖွဲ့ ရန်သူတွေကို ….အသက်အားဖြင့် .. ၃၂နှစ် မှ ၅၂နှစ်ကြားမှာ မုချ ရင်ဆိုင်ရပါမယယ်။

သောကြာနေ့ဖွား လည်း ဖြစ်နေမယ်ဆိုရင်တော့ ငယ်စဉ်တောင်ကျေးကလေးဘ၀ကစလို့….. အသက် ၂၁နှစ်ထိ ကာလအတွင်းမှာ ..ကြီးမားသော ရန်ငြိုးဖွဲ့ ရန်သူတွေကို ငယ်ကတည်းက ရင်ဆိုင်ရတတ်ပါတယ်။

စနေနေ့ဖွား လည်း ဖြစ်နေမယ်ဆိုရင်တော့ ..ကြီးမားသော ရန်ငြိုးဖွဲ့ ရန်သူတွေကို .အသက်အားဖြင့် ..၄၂ အ၀င် မှ ၆၂နှစ်အတွင်းမှာ မုချ မဖြစ်မနေ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

တနင်္ဂနွေ နဲ့ တနင်္လာကတော့ ဒီယနေ့ လူသားတွေရဲ့ သက်တမ်းတွေအရ အားအကြီးဆုံး အဆိုပါရန်မျိုးကို … ကြုံနိုင်ဖို့ မလွယ်ကူလှတော့ပါ။ သို့သော် သူတို့လည်း ကြိုကြားတော့ ဘ၀မှာ ရံခါဆိုသလို ကြုံကြရတတ်ပါတယ်။

အားလုံံးသော သုညကြွင်းဖွားတွေကို အဆိုပါရန် အတွက် အကြံပေးလိုတာလေးကတော့ ဗုဒ္ဓဘာသာ၀င်လည်း ဖြစ်နေမယ်ဆိုရင်တော့ …ခန္ဓသုတ်တော်ကြီးနဲ့ မေတ္တာသုတ်တော်တို့ကို နေ့စဉ် ရွတ်ဖတ်ပူဇော်သည့် အလေ့အကျင့်လေး လုပ်ကို လုပ်ထားသင့်လှပါတယ်။

အားလုံးပဲ ဘေးရန်ကင်းကွာ ချမ်းသာခြင်း ရှိကြပါစေ။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။