“သူများဆီကခိုးပြီး ချမ်းသာလာတာမဟုတ်လို့အနေဖြောင့်လျှက်ပဲ အပင်မြင့်လို့ လေတိုက်ခံနေရတာ” လို့ ဆိုလိုက်တဲ့ “စမိုင်းလ်”

Celebrity
“သူများဆီကခိုးပြီး ချမ်းသာလာတာမဟုတ်လို့အနေဖြောင့်လျှက်ပဲ အပင်မြင့်လို့ လေတိုက်ခံနေရတာ” လို့ ဆိုလိုက်တဲ့ “စမိုင်းလ်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “သူများဆီကခိုးပြီး ချမ်းသာလာတာမဟုတ်လို့အနေဖြောင့်လျှက်ပဲ အပင်မြင့်လို့ လေတိုက်ခံနေရတာ” လို့ ဆိုလိုက်တဲ့ “စမိုင်းလ်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“သူများဆီကခိုးပြီး ချမ်းသာလာတာမဟုတ်လို့အနေဖြောင့်လျှက်ပဲ အပင်မြင့်လို့ လေတိုက်ခံနေရတာ” လို့ ဆိုလိုက်တဲ့ “စမိုင်းလ်”

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် စမိုင်းလ်ကတော့ ဗီဒီယိုခေတ်တုန်းက အနုပညာနယ်ပယ်မှာလည်း လူသိများခဲ့ဖူးတဲ့ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင်စမိုင်းလ်ဟာ ခင်ပွန်းဖြစ်သူ နဲ့အတူ စီးပွားရေးကိုဘဲ တိုးချဲ့လုပ်ကိုင်နေပြီး စမိုင်းလ် mini mart တွေအပြင် မေမြို့မှာလည်း ဟိုတယ်ကြီးတွေ ဖွင့်ထားသလို အခြားသော အလုပ်တွေလည်း လုပ်လျှက် ရှိတယ်လို့ သတင်းပျံ့နေပါတယ်။

လက်ရှိအချိန် မှာတော့ သရုပ်ဆောင်စမိုင်းလ်က မိသားစု နဲ့အတူ နိုင်ငံခြားမှာ အခြေချ နေထိုင်နေတာလည်းဖြစ်ပါ တယ်။ လတ်တလောမှာတော့ စမိုင်းလ်တို့ လင်မယားနှစ်ယောက်က အမေရိကန်နိုင်ငံက ကြီးကျယ်ခမ်းနားတဲ့ ဇိမ်ခံအိမ်ကြီးကို ဒေါ်လာ 16.7 မီလီလျံနဲ့ ဝယ်ယူလိုက်တဲ့ သတင်းက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး စမိုးလ်တို့ဘာတွေ လုပ်လို့ ဒီလောက်ထိတောင် ချမ်းသာနေတာလဲ ဆိုတဲ့ မေးခွန်နဲ့အတူ ပြည်သူတွေရဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ် လာခဲ့ကာ လူမှုကွန်ယက်မှာ ဂယက်ထခဲ့ပါတယ်။

စမိုင်းလ်က သူမတို့ ချမ်းသာလာရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အင်တာဗျူး တစ်ခုမှာ အခုလို ပဲဖြေကြား ထားခဲ့ပါတယ်။ သရုပ်ဆောင် စမိုင်းလ် က “သူများ ပိုက်ဆံတွေ ခိုးပြီး၊ ကလိမ်ကျပြီး ချမ်းသာလာတာ မဟုတ်တဲ့ အတွက် အနေဖြောင့်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အပင်မြင့်လေ လေတိုက်ခံ ရလေဘဲ။ တိုက်ခိုက် ဝေဖန်မှုတွေကိုတော့ လင်မယား နှစ်ယောက်စလုံး ခံနေရတယ်” ဆိုပြီး ပြောလာခဲ့ တာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။