သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှင်သန်ကူးခတ်နေတဲ့ ငါးတစ်ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့

International News
သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှင်သန်ကူးခတ်နေတဲ့ ငါးတစ်ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှင်သန်ကူးခတ်နေတဲ့ ငါးတစ်ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှင်သန်ကူးခတ်နေတဲ့ ငါးတစ်ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့

သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကူးခတ်နေတဲ့ ငါးတစ်မျိုးကို ကင်မရာနဲ့ မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ ပက်ကျိငါးမျိုးစိတ်ဟာ ရေအောက်အနက် ၈၃၃၆ မီတာ ( ၂၇၃၄၉ ပေ) မှာ ကူးခတ်နေတာဖြစ်ပြီး ငါးတစ်ကောင် ရှင်သန်နိုင်တဲ့ အနက်ရှိုင်းဆုံးနေရာ ဖြစ်နိုင်တယ်လို့ ဒီသုတေသနကို ဦးဆောင်သူ သိပ္ပံပညာရှင်က ဆိုပါတယ်။

Deep-Diving Fish Set Surpising Record | Live Science

ဂျပန်နိုင်ငံတောင်ပိုင်း အစ်ဇုအိုဂါဆာဝါရာချောက်ထဲမှာ ချထားတဲ့ မောင်းသူမဲ့ရေအောက်ယာဉ်ရဲ့ ကင်မရာကနေ မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အရင်က ငါးတစ်ကောင် ရှင်သန်ကူးခတ်နေတာကို မှတ်တမ်းတင်နိုင်ခဲ့တဲ့ အနက်ရှိုင်းဆုံးနေရာက ၈၁၇၈ မီတာမှာဖြစ်ပြီး ယခုတွေ့ရှိရတဲ့ နေရာက ၁၅၈ မီတာ ပိုနက်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။