Adidas ကြော်ငြာအတွက် ရွေးချယ်ခံခဲ့ရတဲ့ ၈၅ နှစ်အရွယ် အဘွားအို

International News
Adidas ကြော်ငြာအတွက် ရွေးချယ်ခံခဲ့ရတဲ့ ၈၅ နှစ်အရွယ် အဘွားအို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Adidas ကြော်ငြာအတွက် ရွေးချယ်ခံခဲ့ရတဲ့ ၈၅ နှစ်အရွယ် အဘွားအို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Adidas ကြော်ငြာအတွက် ရွေးချယ်ခံခဲ့ရတဲ့ ၈၅ နှစ်အရွယ် အဘွားအို

ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က အသက် ၈၅ နှစ်အရွယ် အဘွားအိုဟာ Adidas ကြော်ငြာသစ်အတွက် ရွေးချယ်ခံခဲ့ရပါတယ်။ ဘာဘရာသာကရေးဟာ အပြေးပြိုင်ပွဲတွေမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအတွက် အခုလို ရွေးချယ်ခံရတာပါ။

သူဟာ လွန်ခဲ့တဲ့ ၈ နှစ်က ညီမဖြစ်သူ ကုသမှုခံယူခဲ့ဖူးတဲ့ စိန့်အန်းဆေးရုံအတွက် ရန်ပုံငွေ တိုးမြင့်ရရှိဖို့ ပြေးပွဲ ဝင်ခဲ့တာပါ။ အဲဒီအချိန်က အသက် ၇၇ နှစ် ရှိပါပြီ။ သူ့ကို ကျန်းမာကြံ့ခိုင်နေစေတဲ့ အပြေးအားကစားကို လိုက်စားနိုင်ခဲ့တာ ဝမ်းမြောက်ကျေနပ်မိတယ်လို့ ဘာဘရာသာကရေးက ဆိုပါတယ်။

ဘာဘရာသာကရေးဟာ အခုလအစောပိုင်းကလည်း Run North West Trafford ၁၀ ကီလိုမီတာ အပြေးပြိုင်ပွဲမှာ အသက် ၈၀ အထက် တစ်ဦးတည်းသော ပြိုင်ပွဲဝင်အဖြစ် ပန်းတိုင်ရောက်အောင် ပေးနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ သူ့ဘဝရဲ့အကောင်းဆုံးစံချိန်အဖြစ် ၁၀ ကီလိုမီတာကို ၈၅ မိနစ်တည်းနဲ့ ပြေးနိုင်ခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။