လက်တွေကို လက်ထိတ်ခတ်ပြီးတော့ ၇ မိုင်ကျော် ရေကူးပြခြင်းဖြင့် အမျိုးသားတစ်ဦး ကမ္ဘာ့စံချိန်တင်

International News
လက်တွေကို လက်ထိတ်ခတ်ပြီးတော့ ၇ မိုင်ကျော် ရေကူးပြခြင်းဖြင့် အမျိုးသားတစ်ဦး ကမ္ဘာ့စံချိန်တင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက်တွေကို လက်ထိတ်ခတ်ပြီးတော့ ၇ မိုင်ကျော် ရေကူးပြခြင်းဖြင့် အမျိုးသားတစ်ဦး ကမ္ဘာ့စံချိန်တင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက်တွေကို လက်ထိတ်ခတ်ပြီးတော့ ၇ မိုင်ကျော် ရေကူးပြခြင်းဖြင့် အမျိုးသားတစ်ဦး ကမ္ဘာ့စံချိန်တင်

အီဂျစ်ရေကူးသမားတစ်ဦးက သူ့လက်တွေကို လက်ထိပ်ခတ်ပြီး ၁၁ ကီလိုမီတာ (၇.၂၃၈) မိုင်ကျော် ရေကူးပြနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ရှီဟာဘ်အာလမ်အမည်ရတဲ့ အဲ့ဒီအမျိုးသားဟာ လက်ထိပ်နဲ့ အဝေးဆုံးအကွာအဝေးအထိ ရေကူးပြနိုင်တဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့ပါတယ်။ သူက ၆ နာရီကြာ အချိန်ယူခဲ့ရတာပါ။

ရှီဟာဘ်က ပါရှင်း ပင်လယ်ကွေ့ရဲ့ ရေပြင်ကျယ်မှာ ဒီစံချိန်တင်ရေကူးတာကို လုပ်ဆောင်ခဲ့တာပါ။ သူ ရေကူးတဲ့အချိန်မှာ သူ့လက်တွေကို လက်ထိပ်ခတ်ထားခဲ့သလို ထောက်ကူလှေကိုလည်း ဘေးကနေ လိုက်ပါခွင့်မပြုခဲ့ပါဘူး။

ကမ္ဘာ့စံချိန်ချိုးတဲ့သူတစ်ယောက်ဖြစ်ရတဲ့ခံစားချက်က စူပါဟီးရိုးတစ်ယောက်ဖြစ်ရသလိုပါပဲ။ ဒီစံချိန်ကို တတ်နိုင်သမျှ အကြာကြီးထိန်းထားဖို့ တွန်းအားပေးနေတယ်။ ဒီမှတ်တမ်းကို လက်ထဲ မကိုင်ရမချင်း သူ့မစ်ရှင်ပြီးမြောက်သွားပြီလို့ မခံစားရဘူး။ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းကို ကိုင်ဆောင်ထားသူဖြစ်ရတာဟာ အရင်က သူလုပ်ဖူးခဲ့တဲ့ တခြားအောင်မြင်မှုတွေထက် ပျော်ရွှင်မှုတွေ အများကြီး ပေးတယ်လို့ ရှီဟာဘ်က ဆိုပါတယ်။

Dubai coach smashes swimming in handcuffs world record

လာမယ့်နှစ်တွေအတွင်း သူ့ရဲ့အောင်မြင်မှုတွေကို လူသားတွေရဲ့စွမ်းရည်နဲ့ လူ့စိတ်ခွန်အားကို တောက်ပစေတဲ့ ဥပမာတစ်ခုအနေနဲ့ ပြန်လည်အမှတ်ရမယ်လို့ သူက ယုံကြည်ထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။