ရတနာသေတ္တာ

Astrology
ရတနာသေတ္တာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရတနာသေတ္တာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရတနာသေတ္တာ

အိမ်ရှင်မလေးတွေရေ ရှာသမျှဖွေသမျှ ပိုက်ပိုက်တွေက စုလိုက်ကုန်လိုက် လုံးလည်ချာလည်လိုက်နေ တာပါပဲ။ နောက်ဆုံး ဘဏ်ထဲ စုထားတာတောင် အကြောင်းရာမျိုးစုံက တံခါးခေါက်လို့ ထုတ်သုံးရတာတွေ တောင် မရေတွက်နိုင်ဖြစ်ကြရပါတယ် ။ စာရေးသူကိုယ်တိုင်လည်း လက်ထဲရောက်တဲ့ငွေတည်မြဲချင်တာ ကြောင့် ယတြာတော်တော်များများကို အကုန်ုလုပ်စမ်းသပ်ကြည့်ခဲ့ပါတယ် ။ ဒီယတြာလေးကတော့ စာရေးသူ အခုသုံးနေတဲ့ နည်းလေးဖြစ်ပါတယ်။ အဆင်လည်းပြေတာကြောင့် အားလုံးအတွက်ရေးသား တင်ပြလိုက်ပါတယ် ။နေရာမျိုးစုံက ဝင်လာတဲ့ လာဘ်ရတနာတွေ ပြန်လည်ထွက် မသွားအောင် စုကြည့်လိုက်ကြအုံးနော် ။။

မိမိရဲ့မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ဖြင့်စားပါ။ အကြွင်းကို ကြည့်ပြီး

၁ကြွင်းလျှင်…. ဇီးသား
၂ကြွင်းလျှင်… ဝါး
၃ကြွင်းလျှင် …ပျဉ်းမသား၊ ပေါက်သား
၄ကြွင်းလျှင်… သီးသား ၊သီဟိုလ်သား
၅ကြွင်းလျှင်…. ထိန်သား ၊ထန်းသား
၆ကြွင်းလျှင်… အုန်းသား ၊အင်သား
ဝကြွင်းလျှင်… ကျွန်း ၊ကံကော်အသားတွေနဲ့ ရတနာသေတ္တာကို ပြုလုပ်နိုင်ပါတယ်။

အဲဒီရတနာသေတ္တာထဲ မိမိစုချင်တဲ့ ငွေ …ရွှေ …ဘဏ်စာအုပ်…ငွေစု စာအုပ်တွေကို ထည့်သိမ်းထားပါ။ ကဲဒါပေမဲ့ ဒီအသားတွေနဲ့ ရတနာသေတ္တာ ရှာရခက်သလို …ပိုက်ဆံ မတတ်နိုင်တဲ့သူတွေလည်း ရှိနိုင်တယ်လေ ။ဒါကြောင့် အဆင်ပြေသော သေတ္တာ တစ်လုံးဝယ်ပြီး သေတ္တာထောင့် လေးထောင့်မှာ မိမိကျတဲ့ အသားကို လက်တစ်ဆစ်စီ ကော်ဖြင့် ကပ်ထားပြီးလည်း သုံးနိုင်ပါတယ်နော် ။

ရတနာရှိရာ ရတနာတွေ လာစေဖို့ ရတနာသေတ္တာ ဆောင်ပြီး ပျော်ရွှင်စွာဖြင့် ဘဝအခက်အခဲတွေကို ဖြတ်ကျော်နိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ် ။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။