ဂဏန်းဗေဒင်နှင့်အလုပ်ရောင်ခြည်

Astrology
ဂဏန်းဗေဒင်နှင့်အလုပ်ရောင်ခြည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂဏန်းဗေဒင်နှင့်အလုပ်ရောင်ခြည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂဏန်းဗေဒင်နှင့်အလုပ်ရောင်ခြည်

အဘသည် မိုးစက်မိုးပေါက်များ ရွာကျနေသော ညတစ်ညတွင် ဂဏန်းဗေဒင်ဖြင့် တွက်စစ်ရသော အလုပ်ရောင်ခြည်တန်းအကြောင်းကို ပြောပြ သွားဖူးလေ၏ ။ အဘက ” ဒီလိုကွ မိမိရဲ့ဘဝလမ်းကြောင်းရောင်ခြည်နဲ့အလုပ်နဲ့ တစ်ထပ်တည်းကျသွားရင် ဘဝမှာ ကောင်းစွာအောင်မြင်ဖြစ်ထွန်းမယ် ချမ်းသာစွာနေရမယ် နာမည်ဂုဏ်သတင်း ကျော်ဇော်လိမ့် မယ် အဲဒီရောင်ခြည်တန်း မကိုက်ညီခဲ့ရင်တော့ဝီရိယအကျိုးသား ခံစားရပြီး အောင်မြင်ရင်တောင် ပင်ပန်းဆင်းရဲမယ်ပေါ့ကွာ ” ဟု ဆိုကာ ဂဏန်း
ဗေဒင်ဖြင့် မိမိဘဝ၏ အလုပ်ရောင်ခြည်တန်း တွက်နည်းကို ပြောပြသွားခဲ့ပါ၏ ။

တွက်နည်း

တွက်နည်းမှာ မိမိ၏ မွေးဖွားသော ခုလရက် တို့ကိုတစ်လုံးတည်း ဂဏန်းရသည်အထိ ပေါင်းရပါသည်။

ဥပမာ ၉• ၅• ၁၉၇၅ တွင် မွေးဖွားသူဆိုပါက ထိုဂဏန်းအားလုံးကိုပေါင်းလျှင် ၃၆ ရပါသည် ။ ၃ နှင့် ၆ ကိုပြန်ပေါင်းလိုက်လျှင် ၉ ဂဏန်းရပါသည် ။

အဘမင်းသိင်္ခဆိုလျှင် ၂၅• ၆• ၁၉၃၉ တွင် ဖွားမြင်သောကြောင့် ဂဏန်းအားလုံးကိုပေါင်းလျှင် ၅၃ ရပါသည် ။ ၅ နှင့် ၃ ကို ပြန်ပေါင်းသော် ၈ ဂဏန်းရပါ
သည် ။ ထိုဂဏန်းသည် အဘ၏ ရောင်ခြည်ဂဏန်း Life Ray ဖြစ်ပါသည် ။

မိမိတို့၏ ကိန်းဂဏန်းများနှင့် ဘဝရောင်ခြည်တန်း ကို တွက်စစ်၍ အောင်မြင်အကျိုးပေးလွယ်သောအလုပ်များကို ရွေးချယ်နိုင်ကြပါစေ ။

၁ ဂဏန်း

ဦးစီးဦးဆောင်သောအလုပ် တစ်ကိုယ်ရေအစွမ်းပြ လမ်းဟောင်းမှခွဲထွက် လမ်းသစ်ထွင် ။

၂ ဂဏန်း

ဆက်သွယ်ရေး စေ့စပ်ညှိနှိုင်းရေး သံတမန် အနုပညာနှင့်ဆက်နွယ်သောအလုပ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း သင်ကြားပြသ ပညာပေးအလုပ် များ ။

၃ ဂဏန်း

အေးဆေးတည်ငြိမ်စွာ လုပ်ကိုင်ရသော အလုပ်များ ဌာနဆိုင်ရာတာဝန်ကြီးများ ။

၄ ဂဏန်း

တိုက်ခိုက်ရသောအလုပ် စွန့်စားရသောအလုပ်
ယှဉ်ပြိုင်ရသောအလုပ် ဖြိုခွဲဖျက်ဆီးခြင်း ဆေးပညာ ။

၅ ဂဏန်း

ကုန်သည် ကုန်သွယ်ရေး အရောင်းအဝယ် လောင်း
ကစား ငွေကြေးနှင့်ပတ်သက်သောအလုပ်များ ။

၆ ဂဏန်း

အလှအပလုပ်ငန်း ဖျော်ဖြေရသောအလုပ် စားသောက်ဆိုင် အနုပညာ ။

၇ ဂဏန်း

တွေးခေါ်ရသောအလုပ် ထူးထွေနက်နဲသောအလုပ်
များ ဓါတ်သတ္ထုတွင်းထွက်ပစ္စည်း ရှာဖွေသော အလုပ်များ ဘာသာရေးနှင့် ဂမ္ဘီရအလုပ်များ ။

၈ ဂဏန်း

တူးဖေါ်ရှာဖွေရသောအလုပ် စွန့်စားရသောအလုပ်
ရှေးဟောင်းပညာရပ်များ ။

၉ ဂဏန်း

စစ်ဘက် ရှေ့နေ ယှဉ်ပြိုင်တိုက်ခိုက်ရသောအလုပ်
အကျဉ်းထောင်ဝန်ထမ်း တရားသူကြီး တော်လှန်ရေးသမား ။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။