တမူထူးခြားလွန်းသော အနုပညာ ဖန်တီးရှင် Vogelkop Bowerbirds ငှက်ကလေးများ

Knowledge
တမူထူးခြားလွန်းသော အနုပညာ ဖန်တီးရှင် Vogelkop Bowerbirds ငှက်ကလေးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တမူထူးခြားလွန်းသော အနုပညာ ဖန်တီးရှင် Vogelkop Bowerbirds ငှက်ကလေးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တမူထူးခြားလွန်းသော အနုပညာ ဖန်တီးရှင် Vogelkop Bowerbirds ငှက်ကလေးများ

ယခုတစ်ခါတွင် စာဖတ်သူများအတွက် အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းသော သဘာဝ၏ ရင်သွေးငယ်လေးဖြစ်သည့် အနုပညာ ဖန်တီးရှင် Vogelkop Bowerbirds ငှက်ကလေးများ အကြောင်း ဗဟုသုတရစေရန် ရေးသားပေးလိုက်ပါသည်။

ထိုချစ်စရာ ငှက်ကလေးများကို အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းသစ်တောများတွင်တွေ့ရသည်။ ထို ငှက်ကလေးများသည် ပျမ်းမျှ ၂၁-၃၅ စင်တီမီတာ အလျားရှိပြီး အဖို ငှက်ကလေးများသည် အနည်းငယ်ပို၍ ရှည်လျားသည်။ သူတို့သည် သံလွင်သီးကဲ့သို့ အညှိရောင်ရှိပြီး ရိုးရှင်းသော အသွင်အပြင်ရှိသည်။ ရိုးရှင်းသော အသွင်အပြင်ရှိသည့် ငှက်အဖို ကလေးများသည် ငှက်အမများကို ဆွဲဆောင်ရာတွင် သူတို့၏ အတတ်ပညာကို အသုံးပြုကြသည်။ ထို အတတ်ပညာကြောင့်ပင် သူတို့ ကမ္ဘာကျော်ကြသည်။

၄င်းမှာ Vogelkop Bowerbirds ငှက်အဖိုကလေးများသည် ခမ်းနားလှပသော အသိုက်များကို ဆောက်လုပ်ကာ ငှက်အမများကို ဆွဲဆောင်ကြသည်။ Vogelkop Bowerbirds ငှက်ကလေးများသည်အမြင့် ၁မီတာ ရှိပြီး ၁.၅မီတာကျယ်ဝန်းသော အသိုက်အမြုံများကို သစ်ပင်များ၏ အောက်ခြေတွင် ဆောက်လုပ်တတ်ကြသည်။

ထိုသို့ဆောက်လုပ်ရာတွင် အမများကို ဆွဲဆောင်နိုင်မည့် အရောင်အသွေးရှိသော ပန်းပွင့်များ၊ သစ်သီး သစ်ဥ များကို ချခင်းထားကာ ဆွဲဆောင်သော သဘာဝရှိသည်။ ပန်းပွင့်များ၊ သစ်သီး သစ်ဥ များကို ချခင်းရာတွင် အသေးစိတ် အစုအပုံသေးသေးလေးများ နေရာတကျချထားရန်ကို အလွန်ပင် ဂရုပြုကြသည်။ ထိုသို့ ဆောက်လုပ်ပြီးသွားလျှင် မြေပြင်ကို သစ်ရွက်များ ရေညှိများဖြင့်ဖုံးကာ သန်းရှင်းရေး လုပ်ခြင်းများ အထိ အသေးစိတ် လုပ်ဆောင်တတ်ကြပါသည်။

ထိုသို့ ပြုလုပ်မှုများပြီးသွားလျှင် သူတို့သည် အသံများ ပြုလုပ်ကာ အမများကို သူတို့ထံလာရောက်ရန် ဖိတ်ခေါ်တတ်ကြသည်။ သူတို့ဆောက်လုပ်သော အသိုက်များမှာ လှပသေသပ် အသေးစိပ်သောကြောင့် အနုပညာ ဖန်တီးရှင် ငှက်ကလေးများ အဖြစ်အသိ အမှတ်ပြုကြသည်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။