ကျောက်ကပ်ကြောင့် ဖောယောင်ခြင်း၊ ဆီးသွားရခက်ခြင်းများကို သက်သာစေတဲ့ အဖိုးတန်ဆေးပင်

Health
ကျောက်ကပ်ကြောင့် ဖောယောင်ခြင်း၊ ဆီးသွားရခက်ခြင်းများကို သက်သာစေတဲ့ အဖိုးတန်ဆေးပင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျောက်ကပ်ကြောင့် ဖောယောင်ခြင်း၊ ဆီးသွားရခက်ခြင်းများကို သက်သာစေတဲ့ အဖိုးတန်ဆေးပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျောက်ကပ်ကြောင့် ဖောယောင်ခြင်း၊ ဆီးသွားရခက်ခြင်းများကို သက်သာစေတဲ့ အဖိုးတန်ဆေးပင်

ကျောက်ကပ် ဖေါရောင် ဆီးကကြောင် လသာမောင်ကို ခေါ်ကာကုကွယ့် ဟုသံနေသံထားဖြင့် ကွမ်းသံကြီးဖြင့်ရွတ်ပြဖူးသောဆေးဆရာကြီး ဘိုးတော်သိန်းကို သတိရမိသည်။လူငယ်သဘာဝ လက်တွေ့စမ်းလို့၍ လသာပင်နှင့် ကျောက်ကပ်ဝေဒနာရှင်အား ဆရာကြီးအကြိမ်ကြိမ် ဝင်လုပ်ဖူးပါသည်။ဝန်ထမ်းဘဝသင်တန်းတက်ရာ နယ်အရပ်ရပ်မှသူငယ်ချင်းများဆုံကြပါသည်။ကျောက်ကပ်ရောင်သူ ကျော်ဝင်းနိုင်ဆိုသောသူပါလာသည်။ကျောက်ကပ်ကြောင့် ဖေါရောင်သည်ကကြောက်မက်ဖွယ်တစ်ကိုယ်လုံးရောင်ရမ်းခြင်း ခြေလက်မျှက်နှာနှစ်ဆနီးနီးဖြစ်လာသည်အထိပင်။ အသားကိုနှိပ်ကြည့်ကပျော့ကာအိခနဲတွန်းကန်အားမရှိနစ်ဝင်သည်။

ထိုသူက သင်တန်းလည်း မပျက်လို၍ ဘိုးတော်သိန်းပြောသောနည်းဖြင့် လသာပင်အရွက်များခူးကာ ရေစင်အောင်ဆေးပြီးအရည်ညှစ်ပြီးအကြမ်းပန်ကန်းလုံးတစ်လုံး နံက်ညတိုက်၏။အပွင့်သည် အော်လံပုံရှိပြီး ခရမ်းရင့်ရောင်နှင့်ခရမ်းနုနှစ်မျိုးရှိပါသည်။နှစ်ရက်မြောက်နေ့တွင် ဆီးတွင် နောက်ကျိစွာအဖတ်များပါလာပြီးတစ်ပတ်အတွင်း အဖေါကျသွားခြင်း လက်တွေ့ကြုံဖူး၏။

ထိုသင်တန်းဆင်းသည့်တိုင် ကျော်ဝင်းနိုင်အမည်ပျောက် ကျောက်ကပ်ကြီးဆိုသောအမည်ဖြင့် လူသိရှင်ကြားသင်တန်းပြီးဆုံးစွာ တက်နိုင်ခဲ့လေသည်။

အံ့ဖွယ်လသာပင်၏ အစွမ်းပါလား။ကျောက်ကပ်နှင့်ဆီးအတွက် နေ့စဉ် ဟင်းချိုချက်သောက်ပေးပါက အလွန်ကောင်းသည်ဆိုသည်။အချို့အိမ်များတွင် စိုက်ထားကြသည်။

အရွက်နုညှစ်ရည်ကိုသောက် ခြင်း။ဟင်းချိုချက်သောက်ခြင်း။

အသုပ်လုပ်စားခြင်း။ငါးနှင့်ရော၍ချက်ပြီးစားခြင်း။အတို့အမြှုပ်လုပ်ကာမိမိရောဂါပေါ်မူတည်ပြီးဉာဏ်ဖြင့်ယှဉ်ကာ စားသုံးမှီဝဲပါက အောက်ပါရောဂါများ သက်သာပျောက်ကင်းစေပါသည်။အစေးဖြူထွက်ပြီး ဝမ်းကိုသက်တတ်ပါသည်။

(၁)ငှက်ဖျားကြောင့် အသည်းရောင်အသားဝါဖြစ်ခြင်း။

(၂)အသည်းရာင်အသားဝါ။

(၃)ကျောက် ကပ်ရောင်ခြင်းကြောင့် ဖြစ်သောကိုယ်ဖော့ခြင်း ပျောက်ကင်းစေပါသည်။

တောင်ကန်စွန်း(သို့) လသာရွက် အညွန့်လေးများကို ရေစင်စင်ဆေးပြီး ပြုတ်ရည်ကို များများသောက်ပါ။နူးအောင်ပြုတ်ပြီး သုပ်စားပါ။အသည်းနှင့်သရက်ရွက်ရောင်ခြင်းကြောင့် မျက်လုံးများ ဝါသူသည်ပထမတွင်ဝမ်းတွင်းရှိ အညစ်အကြေး အမည်းပုပ်များအရင် ဝမ်းသက်၍ ဆင်းမည် အမည်းအပုပ်များ ဆင်းပြီး မကြာမီဝမ်းအရောင် မူလအတိုင်း ဖြစ်လာမည် ထိုအခါ မျက်လုံးများ အဝါရောင် ပျောက်သွားပါလိမ့်မည်။ လိုသူတို့သုံး စေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ပါစေ…။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။