ရက်ကောင်းရက်မြတ်ရွေးနည်းနဲ့ ရှောင်ရှားသင့်တဲ့ရက်များ

Astrology
ရက်ကောင်းရက်မြတ်ရွေးနည်းနဲ့ ရှောင်ရှားသင့်တဲ့ရက်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရက်ကောင်းရက်မြတ်ရွေးနည်းနဲ့ ရှောင်ရှားသင့်တဲ့ရက်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရက်ကောင်းရက်မြတ်ရွေးနည်းနဲ့ ရှောင်ရှားသင့်တဲ့ရက်များ
အမြိတ္တစုတ်ရွေး

၁။ ဆန်းဆုတ် ၁ရက်မှာ
သောကြာကျလျှင် အမြိတ္တစုတ်။

၂။ ဆန်းဆုတ် ၂ရက်မှာ
ဗုဒ္ဓဟူးကျလျှင် အမြိတ္တစုတ်။

၃။ ဆန်းဆုတ် ၃ရက်မှာ
တနင်္လာကျလျှင် အမြိတ္တစုတ်။

၄။ ဆန်းဆုတ် ၄ရက်မှာ
ကြာသပတေးကျလျှင်အမြိတ္တစုတ်။

၅။ ဆန်းဆုတ် ၅ရက်မှာ
စနေကျလျှင် အမြိတ္တစုတ်။

၆။ ဆန်းဆုတ် ၇ရကျမှာ
အင်္ဂါကျလျှင် အမြိတ္တစုတ်။

၇။ ဆန်းဆုတ် ၈ရက်မှာ
တနင်္ဂနွေကျလျှင် အမြိတ္တစုတ်။

ရက်ရာဇာရွေး

တန်ခူး သာလှ၊
ထွန်းပ ကဆုန်၊
နယုန် ညွန့်ပ၊
အောင်လှ ဝါဆို၊
သာလို ဝါခေါင်၊
မြတောင် တော်သလင်း၊
သီတင်းကျွတ် ဆီမီး၊
အောင်လံ တန်ဆောင်မုန်း၊
သန်းလုံး နတ်တော်၊
မိနော် ပြာသို၊
မယ်ညို တပို့တွဲ၊
အဲ၀င် တပေါင်း၊
ဆောင်တိုင်းကောင်းသည်၊
ရက်ကောင်းရာဇ၊ ရာဇာတည်း။

အဓိပ္ပါယ်

မြန်မာလများအလိုက် ရက်ရာဇာနေ့များမှာ
တန်ခူးလတွင် သောကြာနှင် ဗုဒ္ဓဟူး ၊
ကဆုန် ကြာသပတေးနှင့် စနေ ၊
နယုန် အင်္ဂါနှင့် ကြာသပတေး ၊
ဝါဆို တနင်္ဂနွေနှင့် ဗုဒ္ဓဟူး ၊
ဝါခေါငျ ဗုဒ္ဓဟူးနှင့် သောကြာ၊
တော်သလင်း ကြာသပတေးနှင့် စနေ၊
သီတင်းကျွတ် အင်္ဂါနှင့် ကြာသပတေး၊
တန်ဆောင်မုန်း တနင်္ဂနွေနှင့် ဗုဒ္ဓဟူး၊
နတ်တော် ဗုဒ္ဓဟူးနှင့် သောကြာ၊
ပြာသို ကြာသပတေးနှင့် စနေ၊
တပို့တွဲ အင်္ဂါနှင့် ကြာသပတေး၊
တပေါင်း တနင်္ဂနွေနှင့် ဗုဒ္ဓဟူး စသည်ဖြင့် ဖြစ်ကြသည်။

ပြဿဒါးရက်ကိုရှောင်

တမာ၊ သက်လင်း၊ အင်ကြင်း၊ ဆူးရစ်၊
တမာ၊ သက်လင်း၊အင်ကြင်း၊ ဆူးရစ်၊
တမာ၊ သက်လင်း၊ အင်ကြင်း၊ ဆူးရစ်။
တန်ခူးလ ဝနေ ၅တေး
ကဆုန်လ ၆ကြာ ၄ဟူး
နံယုန်လ ၁နွေ ၂လာ
ဝါဆိုလ ၃င်္ဂါ ၈ဟု
ဝါခေါင်လ ဝနေ ၅တေး
တော်သလင်းလ ၆ကြာ ၄ဟူး
သီတင်းကျွတ်လ ၁နွေ ၂လာ
တန်ဆောင်မုန်းလ ၃င်္ဂါ ၈ဟု
နတ်တော်လ ဝနေ ၅တေး
ပြာသိုလ ၆ကြာ ၄ဟူး
တပိုတွဲလ ၁နွေ ၂လာ
တပေါင်းလ ၃င်္ဂါ ၈ဟု

သမားညိုနေ့ဆိုးကိုရှောင်

တန်ခူး ၁နွေ ဝနေ
ကဆုန် ၂လာ ၃င်္ဂါ
နယုန် ၄ဟူး ၅တေး
ဝါဆို ၆ကြာ ဝနေ
ဝါခေါင် ၁နွေ ၂လာ
တော်သလင်း ၃င်္ဂါ ၄ဟူး
သီတင်းကျွတ်လ ၅တေး ၆ကြာ
တန်ဆောင်မုန်းလ ၁နွေ ဝနေ
နတ်တော်လ ဝနေ ၁နွေ
ပြာသို ၁နွေ ၂လာ
တပိုတွဲ ၃င်္ဂါ ၄ဟူး
တပေါင်း ၅တေး ၆ကြာ

သမားဖြူရက်ကန်းကိုရှောင်

ဆန်းဆုတ် ၁ရက် ၁နွေ ဝနေကျ
ဆန်းဆုတ် ၂ရက် ၁နွေကျ
ဆန်းဆုတ် ၃ရက် ၅တေး ၆ကြာကျ
ဆန်းဆုတ် ၄ရက် ၅တေးကျ
ဆန်းဆုတ် ၅ရက် ၄ဟူးကျ
ဆန်းဆုတ် ၆ရက် ၂လာ ၅တေးကျ
ဆန်းဆုတ် ၇ရကျ ၆ကြာကျ
ရက်ယုတ်မာကိုရှောင်

လဆန်းဖြစ်စေ လဆုတ်ဖြစ်စေ
တန်ခူး ဝါဆို ၆ရက်
ကဆုန် တပိုတွဲ ၄ရက်
နယုန် တော်သလင်း ၈ရက်
ဝါခေါင် တန်ဆောင်မုန်း ၁၀ရက်
သီတင်းကျွတ် ပြာသို ၁၂ရက်
နတ်တော် တပေါင်း ၂ရက်

မဟာရက်ကြမ်းကိုရှောင်

ဆန်းဆုတ် ၃ရက် ၆ရက် ၁နွေကျ
ဆန်းဆုတ် ၅ရက် ၈ရက် ၂လာကျ
ဆန်းဆုတ် ၇ရကျ ၁၀ရက် ၃င်္ဂါကျ
ဆန်းဆုတ် ၂ရက် ၅ရက် ၃၄ဟူးကျ
ဆန်းဆုတ် ၄ရက် ၆ရက် ၅တေးကျ
ဆန်းဆုတ် ၆ရက် ၉ရက် ၆ကြာကျ
ဆန်းဆုတ် ၁ရက် ၄ရက် ၀ စနေ

ရက်ပုပ်ကိုရှောင်

ဆန်းဆုတ် ၁ရက် ၁နွေကျ
ဆန်းဆုတ် ၂ရက် ၂လာကျ
ဆန်းဆုတ် ၆ရက် ၃င်္ဂါကျ
ဆန်းဆုတ် ၉ရက် ၄ဟူးကျ
ဆန်းဆုတ် ၈ရက် ၅တေးကျ
ဆန်းဆုတ် ၃ရက် ဝနေကျ
ဆန်းဆုတ် ၇ရကျ ၆ကြာကျ

ဝါရမိတ္တုငယ်ကိုရှောင်

ဆန်းဆုတ် ၆ရက် ဝနေကျ
ဆန်းဆုတ် ၇ရကျ ၆ကြာကျ
ဆန်းဆုတ် ၈ရက် ၅တေးကျ
ဆန်းဆုတ် ၉ရက် ၄ဟူးကျ
ဆန်းဆုတ် ၁၀ရက် ၃င်္ဂါကျ
ဆန်းဆုတ် ၁၁ရက် ၂လာကျ
ဆန်းဆုတ် ၁၂ရက် ၁နွေကျ

ဝါရမိတ္တုကြီးကိုရှောင်

ဆန်းဆုတ် ၁ရက် ၁နွေကျ
ဆန်းဆုတ် ၄ရက် ၂လာကျ
ဆန်းဆုတ် ၈ရက် ၃င်္ဂါကျ
ဆန်းဆုတ် ၉ရက် ၄ဟူးကျ
ဆန်းဆုတ် ၆ရက် ၅တေးကျ
ဆန်းဆုတ် ၃ရက် ၆ကြာကျ

ဆန်းဆုတ် ၇ရကျ ဝနေကျ

နဂါးပေါ်ရက်ကိုရှောင်

လဆန်း၃ရက် ၁၁ရက်၊လဆုတ် ၉ရက် ၁နွေကျ
လဆန်း၁ရက်၁၃ရက်၊လဆုတ် ၁၁ရက်၂လာကျ
လဆန်း၉ရက်၊လဆုတ်၂ရက်နှင့်လကွယ် ၃င်္ဂါကျ
လဆန်း ၅ရက်၊ လဆုတ် အဖိတ်နေ့ ၄ဟူးကျ
လဆန်း ၉ရက်၊ လဆုတ် ၆ရက် ၅တေးကျ
လဆန်း၄ရက်၊လဆုတ်၁ရက်၁၃ရက် ၆ကြာကျ
လဆန်း ၉ရက်၊ လဆုတ် ၆ရက် ၁နွေကျ

အရေးတကြီးအမှုကိစ္စ ဆောင်ရွက်မည်ဆိုလျှင် စင်ကြယ်သောနေ့ရက်ကောင်းရွေးရန်ဖြစ်သည်။စင်ကြယ်သောရက်များတွင် ဆေးဖော်လျှင်၊ဂါထာ မန္တန်ရေးစပ်လျှင် ရွက်ဆိုလျှင် အစွမ်းထက်သည်ဟု ဆိုသည်။နေ့ရက် စင်ကြယ်၍ ရက်ရာဇာ၊ အမြိတ္တစုတ်ရနိုင်လျှင် ပို၍ အစွမ်းထက်မည်။

ထို့ပြင် မစင်ကြယ်သော ရက်များဖြစ်သော ပြဿဒါး၊ သမားညို၊ သမားဖြူ၊ ရက်ယုတ်မာ၊ မဟာရက်ကြမ်း၊ ရက်ပုတ်၊ ဝါရမိတ္တုငယ်၊ ဝါရမိတ္တုကြီး ကျသောနေ့ရက်များမှ လွတ်၍ မွေးဖွားလာသော သူများသည် အကျင့်စာရိတ္တကောင်းမည်။ ဘဝတွင် တင့်တင့်တယ်တယ် နေရမည်။ ကောင်းမှုကိုနှစ်သက်ခုံမင်သူဖြစ်မည်။

ဤနေ့ရက်ဆိုး များမှလွတ်၍ ရက်ရာဇာ၊ အမြိတ္တစုတ်နေ့ မွေးဖွားသောသူ ဆိုပါလျှင် အထက်ပါသူများထက် ကောင်းမွန်သည့်အပြင် ဘဝတွင် ခဏခဏ အောင်မြင်မှုကို ရရှိမည်။လူတော်ဖြစ်မည်။ ဤနေ့ရက်ဆိုးများမှ လွတ်၍ ရက်ရာဇာနေ့ မွေးဖွားသော သူများသည် အမြိတ္တစုတ်နေ့ ဖွားသောသူများထက် ပို၍ကောင်းသည်။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။