အကယ်ဒမီပေးပွဲက ဝေဖန်မှုမြင့်တက်နေတဲ့ ရွှေကြိုအစီအစဉ်

Celebrity
အကယ်ဒမီပေးပွဲက ဝေဖန်မှုမြင့်တက်နေတဲ့ ရွှေကြိုအစီအစဉ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကယ်ဒမီပေးပွဲက ဝေဖန်မှုမြင့်တက်နေတဲ့ ရွှေကြိုအစီအစဉ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲက ဝေဖန်မှုမြင့်တက်နေတဲ့ ရွှေကြိုအစီအစဉ်

အကယ်ဒမီပေးပွဲမှာ လုံးဝမလိုအပ်ဘဲ သက်သက် အပိုကြီးဖြစ်နေတဲ့အစီအစဥ်က ‘ရွှေကြို’ ဆိုတာကြီးဘဲ။

ဘယ်နိုင်ငံမှာမှလည်း ဒီအစဥ်အလာမရှိဘူး။ ရွှေကြိုမောင်မယ်ဖြစ်ဖူးတယ်ဆိုတာကလည်း ဘယ်အနုပညာ Talent ကိုမှ ကိုယ်စားမပြုဘူး။ရွှေကြိုဖြစ်ဖူးလို့ဆိုပြီး ဘယ်ပရိသတ်ကမှလည်း တခုတ်တရအားပိုပေးမှာလည်းမဟုတ်ဘူး။

သက်သက်မဲ့ လူတွေရွေးရ Rehearsal တွေလုပ်ရ အချိန်ကုန်လူပန်းနဲ့ အဝတ်အစားဖိုးတွေလည်းကုန်ကြရ။ပြီးတော့ပွဲကြည့်ရတာ အချိန်နာရီဝက်လောက်ပိုကြာသွားတာကလွဲပြီး ဘာအကျိုးမှလည်းမထူးခြားဘူး။ဒါကြီးကိုဆက်မလုပ်တော့ဖို့အကြံပေးနေတာလည်း အာပေါက်တော့မယ်။

နောက်တစ်ခုက အစိုးရလူကြီးတွေ လာလာရှုပ်တဲ့ကိစ္စ။အနုပညာသမားတွေပွဲကို ခင်ဗျားတို့ အစိုးရဆိုတဲ့အဖွဲ့ကလူတွေ နဲ့ နိုင်ငံရေးသမားတွေ ကျေးဇူးပြုပြီး လုံးဝမလာကြပါနဲ့ဗျာ။ ဘယ်ပါတီအစိုးရခေတ်ဖြစ်ဖြစ် မလာကြပါနဲ့။
ခင်ဗျားတို့ ဘာမှနားလည်ကျွမ်းကျင်တဲ့ကိစ္စလည်းမဟုတ်တဲ့အလုပ်ကို ဝင်မရှုပ်ကြပါနဲ့။ ခင်ဗျားတို့လာတိုင်း လူတွေကထနှုတ်ဆက်ရ Camera တွေက လိုက်ရိုက်ပြရ ဖါးယားချင်တဲ့သူတွေက ပြာယာခတ်ရနဲ့ အလုပ်တွေရှုပ် မျက်စေ့တွေနောက်ပြီး အချိန်ကထပ်ကုန်လွန်းလို့ပါ။

အကယ်ဒမီကို Oscar လို မြန်မြန်ရှင်းရှင်းဘဲ လုပ်သင့်တယ်။ Oscar ပွဲကို ဘယ် US သမ္မတမှ လာမတက်ဘူး။ ဘယ်နိုင်ငံရေးသမားမှလည်းလာမတက်ဘူး။
မြန်မာတွေဟာ ဖားယားရတာနဲ့ ပေရှည်ရတာကို အရိုးကိုစွဲနေတုန်းဘဲ။

ရေးသားသူ – (မျိုးချစ်မြန်မာ)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။