၁၃၈၅ခုနှစ် ကြာသပတေး သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

Astrology
၁၃၈၅ခုနှစ် ကြာသပတေး သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၃၈၅ခုနှစ် ကြာသပတေး သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၁၃၈၅ခုနှစ် ကြာသပတေး သားသမီးများအတွက် တစ်နှစ်တာ ဟောစာတမ်း

ယခု ၁၃၈၅ခုနှစ်တွင် တစ်နှစ်ပတ်လုံး ထူးခြားပြီး ထူးချွန်မည်။ ကောင်းသတင်း ကျော်ဇောလိမ့်မည်။ နှစ်၏ အလယ်ပိုင်းတွင် ရည်ရွယ်ချက်ပျောက်၊ လမ်းပျောက်မှုများ ဖြစ်ပွားမည်။ မည်သည့် ကိစ္စကိုမှ အလောတကြီး မဆုံးဖြတ်သင့်ပါ။ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်တတ်သော မိတ်ဆွေသစ်များ တွေ့မည်။ မိတ်ဆွေကောင်းများ၏ အကူညီကြောင့် အောင်မြင်မှု ရရှိနိုင်မည်။ မိတ်ဆွေကောင်း များသော်လည်း မကြာခဏ နားလည်မှု လွဲနိုင်မည်။

ခရီး သွားစရာရှိရင်လည်း အပေါင်းဖော်များနှင့် မသွားသင့်ပါ။ တစ်ကိုယ်တည်း သွားသင့်သည်။ ပျော်ပါးရသော ကိစ္စများ လုံးဝ မလုပ်သင့်ပါ။ အပေါင်းအသင်း မိတ်ဆွေများကလည်း မိမိ၏ ကောင်းသတင်းကို ဖျက်ဆီးတတ်သည်။ နာမည် တစ်ဟုန်းထိုး တိုးတက်မှုကို ဂရုစိုက်ပါ။ ဥပဒေနှင့် ငြိစွန်းသော မည်သည့် ကိစ္စရပ်ကိုမျှ မပြုလုပ်သင့်ပါ။ စပ်တူရှယ်ယာ၊ အကြံပေး လုပ်ငန်းများဖြင့် အောင်မြင်မှု ရတတ်သည်။

ပိုးထည်၊ ပျားမွေး၊ မုန့်မျိုးစုံ ရောင်းဝယ်ခြင်း စသော လုပ်ငန်းတို့နှင့် အကျိုးပေးမည်။ ကျန်းမာရေး အဆိုးထဲမပါသော်လည်း ချောင်းခြောက်ဆိုးခြင်း၊ အသံနာခြင်း စသော ဝေဒနာတို့ ခံစားရမည်။ ဗုဒ္ဓဟူး၊ တနင်္လာ သားသမီးတို့နှင့် အကျိုးတူလုပ်ငန်း ဆောင်ခြင်းမှ အကျိုးမြတ်ရပြီး စနေ သားသမီးတို့နှင့် ကံအကျိုးပေး ညံ့မည်။ အချစ်ရေးတွင် ကံကောင်းပြီး မိသားစုနှင့် သင့်မြတ်သူဖြင့် ဆုံတွေ့ရမည်။ အိမ်ထောင်ရေးတွင် ဇနီးမယား၏ အထောက်ပံ့ကြောင့်လည်း အစစအရာရာ အဆင်ပြေပြီး ဝင်ငွေရ လမ်းကောင်းမည်။

ယတြာ – မွေးနေ့ မနက် ၉နာရီ ၉မိနစ် အချိန် အိမ်ဘုရားတွင် ကြာဇံကြော် ၃ပန်းကန် ကပ်လှူ ဒါမှမဟုတ် ခရီးသွားမည့် ပုဂ္ဂိုလ်များအား လမ်းစရိတ် မကြာခဏ လှူပြီး လိုရာ ဆုတောင်းပါ။

တစ်ချို့သူတွေ ပြောထားတဲ့ အချိန်မှာ အဆင်မပြေလျှင် မွေးနေ့မှာ မနက် ၆နာရီမှ ၇နာရီခွဲ အတွင်း ခုချိန်လဲ အဆင်မပြေလျှင် မနက် ၉နာရီတိ ဒါမှမဟုတ် နေ့လည် ၁၂နာရီ မကျော်ပဲ လှူရပါမည်။ အပတ်တိုင်း လုပ်ရပါမည်။ အပတ်တိုင်း လုပ်သွားနိုင်လျှင်တော့ ကောင်းပါသည်။ နေ့လည် ၁၂ကျော်ပြီး ကြိုက်တဲ့ချိန် စွန့်ပါ။ စားလို့လဲ စားလို့ရပါသည်။ စွန့်ပစ်ချင်လဲ စွန့်ပါ။ ကြိုက်သလို လုပ်ပါ။

မှတ်ချက်။ ။ မည်သည့် အမျိုးသား၊ အမျိုးသမီး မဆို လုပ်လို့ရပါသည်။ အမျိုးသမီးများ အနေဖြင့် ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေကစပြီး ၅ရက်မြှောက်နေ့ ဒါမှမဟုတ် ၇ရက်မြှောက်နေ့မှ စပြီး ကိုယ်သန့်စင်ပြီးသွားမှ လုပ်လို့ရပါမည်။ထမင်းရှင်၊ မိတ်ဆွေများ အားလုံး ကျေးဇူးတင်ပါတယ်

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။