အမျိုးသမီးများတွင်ရှိတတ်သောထင်ရှားသည့်မှဲ့ (၇)မျိုးအကြောင်း အပြည့်အစုံ

Astrology
အမျိုးသမီးများတွင်ရှိတတ်သောထင်ရှားသည့်မှဲ့ (၇)မျိုးအကြောင်း အပြည့်အစုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမျိုးသမီးများတွင်ရှိတတ်သောထင်ရှားသည့်မှဲ့ (၇)မျိုးအကြောင်း အပြည့်အစုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမျိုးသမီးများတွင်ရှိတတ်သောထင်ရှားသည့်မှဲ့ (၇)မျိုးအကြောင်း အပြည့်အစုံ

မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုးရှိတယ်လို့ မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုကြပါတယ် ။ အဓိက မှဲ့တွေပေါ့ ။ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလဲဆိုတော့ ….

၁ ။ ရတနာရွှေအိုးလို့ ခေါ်တဲ့မှဲ့ရယ် ။
၂ ။ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ် ။
၃ ။မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်) ။
၄ ။ မျက်ရည်ခံမှဲ့ကြီး (ညာရယ်) ။
၅ ။ နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ် ။
၆ ။ ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ် ။
၇ ။ စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ် ။

(၁)ရတနာရွှေအိုးမှဲ့

အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ရတနာရွှေအိုးလို့ ခေါ်တယ် ။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝချမ်းသာလေ့ ရှိတယ် ။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ် ။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောင်ဖြစ်လေ့ရှိတယ် ။

သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခနပဲ ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ် ။ အဲဒီလို ရတနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီ ၊ ပတ္တမြား၊ စိန် ၊ နှစ်သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ၀တ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ် ။

(၂)ရတနာဆီမီးထွန်းမှဲ့

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုးသမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်၀ ချမ်းသာကြတယ် ။

အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်တွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ် ။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘဝတွင် ဘာသာတရားလိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

(၃)မျက်ရည်ခံမှဲ့

နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ် ။ ဘယ်လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ် ။ သောကများမယ် ။ ငယ်စဉ်ကလေးဘ၀ ကတည်းက ကြမန်းတမ်းတဲ့ ဘဝခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ် ။

နောက်ပြီး အိမ်ထောင်ဆက်လဲ များတတ်တယ် ။ သူတို့တွေဟာ အနက်ရောင်ဆိုရင် လုံးဝမဝတ်သင့်ဘူး။ ရှောင်သင့်တယ် ။ ကျောက်စိမ်းကိုလည်း မဝတ်သင့်ဘူး ။ စိန် ၊ ဥဿဖရား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ၀တ်ထားသင့်တယ် ။

(၄)မျက်ရည်ခံမှဲ့ကြီး

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ် ။ သူတို့ရဲ့ ဘဝတစ်လျှောက် ဆုံးရှုံးမှု့ကြီးများစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ် ။

မမျှော်လင့်ပဲ ခင်ပွန်းသည် thayဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ် ။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူးလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ် ။ ကုသိုလ်ကောင်းမှု တရစပ်ပြုလုပ် ဆောင်ရွက်ရမယ် ။ အကျင့်သီလကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ရမယ် ။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ် ။ စိန်၊ ဥဿဖရား လက်ဝတ်ရတနာတို့ကို ၀တ်ဆင်ဆောင်ထားသင့်တယ် ။

(၅)နှုတ်တဆိတ်မှဲ့

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ် ။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ် ။

အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြော အတော်ပြေပြစ်တယ်ကြတယ် ။ ချိုသာကြတယ် ။ စကားပြောပရိယာယ် ကြွယ်ဝတယ် ။ မူယာမာယာ များတတ်ကြတယ် ။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှုစွဲလန်းမှုများ ရလေ့ရှိတယ် ။

အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ၀တ်ဆင်သင့်တယ် ။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ် ။

(၆)ရွှေပိတုန်းစုပ်မှဲ့

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ် ။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့ ။ ချစ်ခင်နှစ်သက်သူများ ၀န်းရံနေတယ် ။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ် ။ စန်းပွင့်တယ် ။ အိမ်ထောင်ဘက် အမျိုးသားရဲ့ အကျိုးကျေးဇူးကို ခံစားရတယ် ။ အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ၀တ်ဆင်သင့်တယ် ။ ပုလဲတစ်မျိုးကို တော့ လုံး၀ ရှောင်ထားသင့်တယ် ။

(၇)စံပယ်တင်(ညာဘက်) မှဲ့

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ် ။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ် ။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ် ။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ် ။ ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ် ။

သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ် ။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံ လည်ဆွဲတန်ဆာကို ရွှေနဲ့လုပ်ပြီး ဆောင်ထားသင့်တယ် ။ အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ် ။

မှဲ့ရောင်စုံနှင့်အကျိုးပေး

မှဲ့အမျိုးအစား ၃မျိုးရှိပါတယ် ။ ဒီ ၃မျိုးရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကတော့….
(၁) မှဲ့ခြောက် မကောင်းပါ ။ အကျိုးမပေးပါ ။
(၂) မှဲ့စို အရောင်ကစိုပြီး အသားရည်ပေါ်မှာကြွတတ်နေပါတယ် ။
(၃) မှဲ့ရှင် အရောင်က အတိကျမရှိ အရောင်ပြောင်းတတ်တယ်။နေရာတွေ ရွေ့လျားနေတတ်ပါတယ် ။ များသောအားဖြင့် လူတော်လူကောင်းတွေနဲ့ လူဆိုးကြီးတွေမှာ ပါတတ်ပါတယ်။

မှဲ့အရောင်များရဲ့ အကျိုးပေးတွေကတော့…

မှဲ့ဖြူ…. သာမန်အလယ်အလတ်သလောမျိုးလောက်ပဲ အကျိုးပေးတတ်သည် ။
မှဲ့နီ…. ကောင်းကျိုးပေးတဲ့နေရာမှာ သိသိသာသာ ထူးထူးခြားခြား ပေးတတ်ပါတယ် ။
မှဲ့ညို ….သစ္စာသမာဓိရှိပြီး လူတဘက်သားကို ကြင်နာသနားတတ်ပါတယ် ။
မှဲ့နက်…. ကောင်းကျိုးထက် မကောင်းကျိုးကို ပိုပေးတတ်ပါတယ် ။
မှဲ့ဝါ…. စိတ်ကူးစိတ်သန်းကောင်းပြီး သုခုမ အနုပညာနှင့် ဝါသနာပါတတ် အကျိုးပေးတတ်ပါတယ် ။
မှဲ့စိမ်း…. အမွန်မြတ်ဆုံး အထူးကောင်းကျိုးပေးတတ်ပြီး ပါရမီထူးပုဂ္ဂိုလ်ထူးတွေမှာ ပါတတ်ပါတယ်။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။