မိုခါအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း တစ်သိန်းကျော် စစ်ကောင်စီရရှိထား

Local News
မိုခါအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း တစ်သိန်းကျော် စစ်ကောင်စီရရှိထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုခါအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း တစ်သိန်းကျော် စစ်ကောင်စီရရှိထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိုခါအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း တစ်သိန်းကျော် စစ်ကောင်စီရရှိထား

အဲဒီငွေတွေကို ရခိုင်ပြည်နယ်အတွက်သာမက အခြားမုန်တိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေကိုပါ ခွဲဝေကာပြန်လည် လှူဒါန်းသုံးစွဲ သွားမယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့ပါတယ်။

မုန်တိုင်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးလုပ်ဆောင်ဖို့ စစ်ကောင်စီကိုလှူဒါန်းထားငွေ ကျပ်သိန်းပေါင်း (၁၃၁,၈၁၀) တစ်သိန်းသုံးသောင်းတစ်ထောင့်ရှစ်ရာ ဆယ်သိန်းအထိရှိထားတယ်လို့ သိရပါ တယ်။

စစ်ကောင်စီသတ်မှတ်တဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထားအရဆိုရင် အမေရိကန်ဒေါ်လာ ၆ ဒဿမ ၂ သန်းနဲ့ ညီမျှတဲ့ ပမာဏဖြစ်ပါတယ်။

နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လှူဒါန်းသူတွေရဲ့ လှူဒါန်းမှုတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၁၅ရက်၊ မနေ့က လက်ခံရယူခဲ့ပါတယ်။

အဲဒီငွေတွေကို ရခိုင်ပြည်နယ်အတွက်သာမက အခြားမုန်တိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေကိုပါ ခွဲဝေကာပြန်လည် လှူဒါန်းသုံးစွဲ သွားမယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ကြီးကြပ် စေကာ ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်နိုင်ခဲ့တယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်းက အဲဒီအခမ်းအ နားမှာ ပြောခဲ့ပါသေးတယ်။

ဒါကြောင့် ပြောင်းရွှေ့မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်ခဲ့လို့ မုန်တိုင်းကြောင့်thayဆုံးသူ နည်းပါးခဲ့တယ်လို့ လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မေလ ၁၅ရက်နေ့ ညပိုင်းအထိကို မိုခါကြောင့်thayဆုံးသူက ၅ ဦးအထိသာရှိနေတယ်လို့ စစ်ကောင်စီက သတ်မှတ်ပြောဆိုနေပါတယ်။

ဒါပေမယ့် မုန်တိုင်းဦးတည်ခဲ့တဲ့ စစ်တွေမှာတင် အဲဒီထက်မက thayဆုံးမှုတွေရှိနေသလို၊ အခြားရခိုင် ပြည်နယ်ရဲ့ မြို့နယ်တွေသာမက စစ်ကိုင်း၊ မကွေးနဲ့ မုန်တိုင်းဒဏ်သင့်ဆက်စပ် နေရာတွေမှာလည်း thayဆုံးမှုအချို့ရှိ နေတယ်လို့သိရပါတယ်။ အရေအတွက်အတိအကျကိုတော့ စာရင်းတွေပြုစုတာ၊ ရှာဖွေမှုတွေ ဆက်လုပ် နေတာကြောင့် တိတိကျကျ မသိရသေးပါဘူး။

ပျက်စီးဆုံးရှုံးမှုတွေကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တွေရဲ့ ၉၀ ရာခိုင်နှုန်းက မုန်တိုင်းကြောင့် လုံးဝပျက်စီးတဲ့အခြေအနေမှာရှိသလို၊ အခြားမြို့နယ်တွေမှာလည်း ပျက်စီးမှုအများအပြားရှိနေပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ မကွေးစတဲ့နေရာတွေမှာလည်း ရေကြီးမှုကြောင့် မေလ ၁၆ရက်နေ့အထိ ကျေးရွာလုံး ကျွတ် ရေနစ်မြှပ်နေတာတွေဆက်ရှိနေသလို၊ ကူညီကယ်ဆယ်ရေးတွေလည်း သွား‌ရောက်နိုင်တာမျိုး မရှိသေးတဲ့အခြေအနေအထိရှိနေပါသေးတယ်။

မကွေးနဲ့ စစ်ကိုင်းဘက်က နေရာအများစုမှာတော့ ကူညီကယ်ဆယ်ရေးကို ဒေသခံတွေအချင်းချင်းနဲ့ လူမှုကူညီရေးအသင်းတွေ ကသာဦးစီးဦးဆောင်ကာ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်နေရတယ်လို့သိရ ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။