မဟာဘုတ်နဲ့အိမ်ထောင်ရေးကံကြမ္မာ

Astrology
မဟာဘုတ်နဲ့အိမ်ထောင်ရေးကံကြမ္မာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဟာဘုတ်နဲ့အိမ်ထောင်ရေးကံကြမ္မာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဟာဘုတ်နဲ့အိမ်ထောင်ရေးကံကြမ္မာ

ကိုယ့်ရဲ့မြန်မာမွေးဖွားသက္ကရာဇ်ကို (၇) နဲ့ {÷}ပါ ။ ပြီးရင် အကြွင်းလိုက် ချစ်မိတ်ဆွေတို့ရဲ့ဟောကိန်းကို အသင့်ဖတ်ကြည့်လိုက်ရုံပါပဲဗျာ ။

မဟာဘုတ် (၁) ကြွင်းသူဖြစ်ခဲ့ရင်

အိမ်ထောင်ရေး မတည်မြဲတဲ့ကံကြမ္မာ ပါလာတဲ့သူ ဖြစ်ပါတယ် ။ ဒါကြောင့်မို့ ကိုယ့်ရဲ့အိမ်ထောင်ဘက်ဟာ အမြဲလိုလို ခရီးသွားလာနေရတတ်သူ ၊ မောင်တစ်ရွာ မယ်တစ်မြို့ ချစ်လျက်နဲ့ ခွဲခွာနေရသူတွေမျိုးနဲ့သာ ပိုလို့အကျိုးပေး အဆင်ပြေပါလိမ့်မယ် ။

မဟာဘုတ် (၂) ကြွင်းသူဖြစ်ခဲ့ရင်

အိမ်ထောင်ရေး ကံကောင်းတတ်ပါတယ် ။ ထင်ပေါ်ကျော်ကြားသူ ၊ စီးပွား၊ ရာထူး ဂုဏ်ရှိန်ကြီးမြင့်တဲ့ အိမ်ထောင်ဖက်နဲ့ အကြောင်းပါတတ်ပါတယ် ။

မဟာဘုတ် (၃)ကြွင်းသူဖြစ်ခဲ့ရင်

ရည်ရွယ်ထားသူက တစ်ယောက်၊ ရတာက တစ်ယောက် ဖြစ်ပါလိမ့်မယ် ။ အလုပ်အကိုင် အပြောင်းအလဲများသော ၊ ဘ၀အတက်အကျကြမ်းသော အိမ်ထောင်ဖက်မျိုးနဲ့ အကြောင်းပါတတ်ပါတယ် ။ မင်းမှုထမ်း ၊ ၀န်ထမ်း ၊ လခစားတွေနဲ့ အိမ်ထောင်ကျတတ်ပါတယ် ။

မဟာဘုတ် (၄)ကြွင်းသူဖြစ်ခဲ့ရင်

သူဌေး သူကြွယ်ကြီးတွေ ၊ ပညာရပ် တစ်ခုခုမှာ ထူးချွန်အောင်မြင်တဲ့ ပညာရှင် ၊ ရာထူး ဂုဏ်ရှိန် မြင့်မားတဲ့သူတွေနဲ့ အကြောင်းပါတတ်ပါတယ် ။ အိမ်ထောင်ဖက်ရဲ့ အရှိန်အ၀ါနဲ့ အများသူငှါတွေရဲ့ အရေးထား လေးစားတာတွေ ခံရတတ်ပါတယ် ။

မဟာဘုတ် (၅) ကြွင်းသူဖြစ်ခဲ့ရင်

အိမ်ထောင် မမြဲတတ်ကြပါ ။ ကျန်းမာရေး အညံ့ရှိတဲ့သူနဲ့ အိမ်ထောင်ကျတတ်ပါတယ် ။ တကယ်လို့ အိမ်ထောင်မြဲပါတယ်ဆိုရင်လည်း ကိုယ့်ရဲ့အိမ်ထောင်ဟာ အိမ်ပေါ်ကနေ မကြာခဏ ဆင်းသွားတာမျိုး နဲ့ ကွဲလိုက် ၊ ပေါင်းလိုက် အဖြစ်များနေတတ်ပါတယ်။ မယ်တစ်ရွာ ၊ မောင်တစ်မြို့ ခွဲခွာနေရရင် ပိုပြီး အကျိုးပေးပါမယ် ။

မဟာဘုတ် (၆) ကြွင်းသူဖြစ်ခဲ့ရင်

ထင်မှတ်မထားပဲ အိမ်ထောင်ကျတတ်ပါတယ် ။ ဒါပေမယ့် အိမ်ထောင်ကျပြီးမှ စီးပွားတက်ခြင်း ကြုံရတတ်ပါတယ် ။ နေရာ ဒေသ တစ်ခုထည်း စွဲစြဲ မြဲမြဲ နေထိုင်ပြီး အလုပ်လုပ်ရတဲ့ အိမ်ထောင်ဖက်မျိုးနဲ့ အကြောင်းပါ လက်ထပ်ရတတ်ပါတယ် ။

မဟာဘုတ် ( ၀) ကြွင်းသူဖြစ်ခဲ့ရင်

မိဘအသိုင်းအဝိုင်းက သဘောမတူ သဘောမကျတဲ့သူနဲ့ အိမ်ထောင်ကျတတ်ပါတယ် ။ အိမ်ထောင်ပြုတဲ့ ကိစ္စမှာ အထစ်အငေါ့တွေ ၊ အနှောက်အယှက်တွေ နဲ့ ကြုံရတတ်ပါတယ် ။ အိမ်ထောင်ကျပြီးရင်လည်း တစ်ယောက်တစ်နေရာ ခွဲနေတာက ပိုပြီး များနေပါလိမ့်မယ် ။ နှစ်ဖက်အသိုင်းအဝိုင်း အဆင်မပြေမှုတွေကြောင့် အိမ်ထောင်ရေးမှာ စိတ်ရှုပ်ရတတ်ပါတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော် (မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။