ကမ္ဘာ့လေထုထဲမှ ရှင်းပြမရနိုင်သေးတဲ့ ထူးဆန်းသောအသံများ

Knowledge
ကမ္ဘာ့လေထုထဲမှ ရှင်းပြမရနိုင်သေးတဲ့ ထူးဆန်းသောအသံများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့လေထုထဲမှ ရှင်းပြမရနိုင်သေးတဲ့ ထူးဆန်းသောအသံများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့လေထုထဲမှ ရှင်းပြမရနိုင်သေးတဲ့ ထူးဆန်းသောအသံများ

မကြာသေးမီကာလတွေက ကမ္ဘာရဲ့ Stratosphere အလွှာထဲကို လွှတ်တင်ထားတဲ့ ဆိုလာပါဝါသုံးမိုးပျံပူပေါင်းတွေဟာ ထူးခြားဆန်းကြယ်တဲ့ မိုးခြိန်းသလို အသံမျိုးတွေကို ဖမ်းယူရရှိခဲ့ပါတယ်။ ကမ္ဘာ့မျက်နှာပြင်အထက် ပေ 70000 လောက်ကနေဖမ်းယူရရှိတဲ့ ဆူညံသံတွေဟာ လူသားတွေသာမာန်နားနဲ့ မကြားနိုင်တဲ့ ကြိမ်နှုန်းနိမ့်အသံတွေ ဖြစ်ပါတယ်။ ဒီထူးဆန်းတဲ့အသံတွေရဲ့ မူရင်းဇာစ်မြစ်ကို ခုချိန်ထိ မသိရှိသေးပါဘူး။

Stratosphere အလွှာထဲမှာ အဲဒီထူးဆန်းတဲ့ ဆူညံသံ Signal တွေဟာ တစ်နာရီကို သုံးလေးခါလောက် ထွက်ပေါ်နေပါတယ်။ ကမ္ဘာမျက်နှာပြင်အထက် 9 မိုင်လောက်ကစပြီး အပေါ်ဘက် 31 မိုင်လောက်ထိ ဧရိယာကို လေထုရဲ့ Stratosphere အလွှာလို့ခေါ်ပါတယ်။ ဒီအလွှာထဲမှာ နေရဲ့ UV ကိုကာကွယ်ပေးတဲ့ အိုဇုန်းလဲ ပြည့်နှက်နေတဲ့အတွက် Stratosphere ဆိုတာ ငြိမ်သက်ပြီး ဆူညံသံမရှိသလောက်ပါပဲ။ အဲဒီအမြင့်မှာ ဆူညံသံဆိုလို့ ကမ္ဘာမျက်နှာပြင်ကနေ ပဲ့တင်ရိုက်ခတ်လာတဲ့ အနည်းငယ်သော ကြိမ်နှုန်းနိမ့်လှိုင်းလေးတွေပါပဲ။

1890 ခုနှစ်လောက်တည်းကစပြီး Stratosphere အလွှာထဲကို Infrasound Sensor တွေတပ်ဆင်ထားတဲ့ မိုးပျံပူပေါင်းတွေလွှတ်ပြီး အဲဒီအလွှာရဲ့ အသံသွင်ပြင်အနေအထားကို လေ့လာခဲ့ပါတယ်။ ဒီပူပေါင်းတွေထဲကို မီးသွေးမှုန့်တွေထည့်ထားပါတယ်။ မီးသွေးရဲ့အမည်းရောင် ဂုဏ်သတ္တိဟာ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ ပူပေါင်းထဲကလေကို ပူလာစေပြီး ပူပေါင်းကို မျောလွင့်နေအောင် လုပ်ဆောင်ပေးပါတယ်။ သူ့အလိုအလျောက် သဘာဝဆိုလာပါဝါဟာ ပူပေါင်းတွေကို အမြင့်ပေ 20 km အထက်မှာမျောနေစေပါတယ်။

သိပ္ပံပညာရှင်တွေဟာ Stratosphere လွှာထဲကို ပူပေါင်းလွှတ်တင်ခြင်း မူလရည်ရွယ်ချက်က မီးတောင်ပေါက်ကွဲတာက အသံတွေကို မှတ်တမ်းတင်ဖို့ဖြစ်ပါတယ်။ နောက်တော့ ပဟေဠိဆန်တဲ့ အသံကြိမ်နှုန်းတွေပါ စပြီးဖမ်းယူရရှိလာခြင်းပါပဲ။ ဒီအသံတွေရဲ့ မူရင်းဇာစ်မြစ်ကိုလဲ လိုက်လို့မရနိုင်ဖြစ်နေပါတယ်။ လက်ရှိဖြစ်နိုင်ချေအရှိဆုံး ယူဆချက်ကတော့ ဒီပဟေဠိဆန်တဲ့အသံတွေဟာ အရင်ကမထောက်လှမ်းခဲ့မိတဲ့ မသိရှိရသေးတဲ့ လေထုဆိုင်ရာ ဆူညံသံတခုခုပဲဖြစ်မယ်လို့ပဲဖြစ်ပါတော့တယ်။

ရေးသားသူ –Thoughts

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။