အဓမ္မပြုကျင့်သူကို thetခဲ့တဲ့ အမျိုးသမီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရမှု ဆန့်ကျင်ကန့်ကွက်မှုများ ကြုံတွေ့နေ

International News
အဓမ္မပြုကျင့်သူကို thetခဲ့တဲ့ အမျိုးသမီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရမှု ဆန့်ကျင်ကန့်ကွက်မှုများ ကြုံတွေ့နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဓမ္မပြုကျင့်သူကို thetခဲ့တဲ့ အမျိုးသမီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရမှု ဆန့်ကျင်ကန့်ကွက်မှုများ ကြုံတွေ့နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဓမ္မပြုကျင့်သူကို thetခဲ့တဲ့ အမျိုးသမီး ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရမှု ဆန့်ကျင်ကန့်ကွက်မှုများ ကြုံတွေ့နေ

အဓမ္မပြုကျင့်သူကို thetခဲ့တဲ့ အမျိုးသမီးအပေါ် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တဲ့ မက္ကဆီကိုတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ခင်ပွန်းမရှိတဲ့ ကလေးအမေ (Single Mother) တစ်ဦးဖြစ်တဲ့ ရိုဆာနာရုဇ်ဟာ အာလူးကြော်ရောင်းရင်း အသက်မွေးဝမ်းကျောင်းသူပါ။ ၂၀၂၁ ခုနှစ် မေလမှာ သူငယ်ချင်းတစ်ဦးနဲ့အတူ ဘီယာသောက်နေရင်း တစ်ခါဆုံခဲ့ဖူးသူ အမျိုးသားတစ်ယောက်နဲ့ ထပ်ဆုံခဲ့ပါတယ်။

 

အဲဒီအမျိုးသားနဲ့ အပြင်လျှောက်လည်ကြပြီး အိမ်အပြန်မှာ အမျိုးသားက ရိုဆာနာကို အိမ်လိုက်ပို့ပါတယ်။ အိမ်ပြန်ရောက်တော့ မိုးချုပ်နေပြီး သူ့အိမ် ပြန်ရမှာ ဝေးတဲ့အတွက် ရိုဆာနာရဲ့အိမ်မှာ အိပ်ပါရစေလို့ အမျိုးသားက ခွင့်တောင်းခဲ့ပါတယ်။ ရိုဆာနာကလည်း အိပ်ခွင့်ပြုခဲ့ပါတယ်။ ညရောက်တော့ အမျိုးသားက ရိုဆာနာရဲ့ အိပ်ယာထဲ ဝင်လာပြီး သူ့အင်္ကျီတွေကို ဆွဲဖြဲကာ ရိုက်နှက်ခဲ့တယ်လို့ ရိုဆာနာက ဆိုပါတယ်။
ရိုဆာနာက နှာခေါင်းကို လက်သီးနဲ့ထိုးပစ်ခဲ့ပြီး အမျိုးသားက သူ့ကိုthetပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ရိုဆာနာက သူ့ရဲ့အင်္ကျီကို ဆွဲပြီး လည်ပင်းညှစ်ခဲ့ရာမှာ အမျိုးသား thayဆုံးသွားခဲ့ပါတယ်။ ရိုဆာနာက အမျိုးသားရဲ့ ရုပ်အလောင်းကို အိတ်ကြီးထဲထည့်ပြီး လမ်းပေါ်ဆွဲချလာတုန်း ရဲတပ်ဖွဲ့က တွေ့သွားလို့ အဖမ်းခံခဲ့ရပါတယ်။ ဒီအခြေအနေမှာ အမျိုးသားကို မthetရင် သူ အthetခံရလိမ့်မယ်လို့ ရိုဆာနာက ဆိုပါတယ်။

ရိုဆာနာအနေနဲ့ အမျိုးသားကို မူးမေ့သွားအောင် ခေါင်းကို တစ်ချက်လောက် ထုလို့ ရပေမဲ့ ဒီလုပ်ရပ်ကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံမှု အတိုင်းအတာထက် ကျော်လွန်ခဲ့ပြီး လူthayဆုံးစေမှုဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

ဒီအမှုမှာ ရိုဆာနာကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပြီး thayဆုံးသူရဲ့ ကျန်ရစ်သူမိသားစုကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၆၀၀၀ ပေးဖို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

ရိုဆာနာရဲ့ ရှေ့နေတွေကတော့ ဒီဆုံးဖြတ်ချက်ဟာ မျှတမှုမရှိဘူးလို့ မှတ်ချက်ပေးခဲ့ပြီး အယူခံဝင်မယ်လို့ ဆိုပါတယ်။ ဒီသတင်းဟာ ယခုသီတင်းပတ်အတွင်း နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာပါ ဖော်ပြခံခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်နဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။