အမျိုးသမီးတစ်ယောက်ရဲ့ ဦးနှောက်ထဲက တီကောင်အရှင်ကို ဖယ်ရှားခဲ့ရ

International News
အမျိုးသမီးတစ်ယောက်ရဲ့ ဦးနှောက်ထဲက တီကောင်အရှင်ကို ဖယ်ရှားခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမျိုးသမီးတစ်ယောက်ရဲ့ ဦးနှောက်ထဲက တီကောင်အရှင်ကို ဖယ်ရှားခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ ဦးနှောက်ထဲက တီကောင်အရှင်ကို ဖယ်ရှားခဲ့ရ

အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်ထဲကနေ တီကောင်အရှင်တစ်ကောင် တွေ့ရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်ဟာ ကမ္ဘာ့ပထမဆုံးပါပဲ။ ပြီးခဲ့တဲ့နှစ်က သြစတြေးလျနိုင်ငံမှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးရဲ့ ဦးနှောက်ထဲကနေ ၃ လက်မအရှည်ရှိတဲ့ တီကောင်ကို ဖယ်ရှားပေးခဲ့ရတာပါ။

ဒီအမျိုးသမီးဟာ ဗိုက်အောင့်၊ ချောင်းဆိုး၊ ညဘက် ချွေးစိုရွှဲတဲ့ ဝေဒနာတွေကို လနဲ့ချီ ခံစားခဲ့ရပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းက ဆေးရုံတက်ခဲ့တာပါ။ scan ဖတ် စစ်ဆေးမှုအရ သူ့ရဲ့ဦးနှောက်ညာခြမ်းမှာ သိသိသာသာ ယောင်ယမ်းနေတာ တွေ့ရပြီး ၂၀၂၂ ခုနှစ် ဇွန်လမှာ ခွဲစိတ်မှု လုပ်တော့မှ တီကောင်အရှင် ဝင်နေမှန်း တွေ့ရတာပါ။

တီကောင်က သူ့ဦးနှောက်ထဲမှာ ရှင်သန်နေတာ ၂ လလောက် ကြာနေပြီလို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒီအမျိုးသမီးဟာ နယူးဆောက်ဝေးလ်ပြည်နယ် အရှေ့တောင်ပိုင်းက ရေကန်တစ်ဝိုက်မှာ နေထိုင်သူဖြစ်ပြီး မြက်ရှင်းနေတုန်း သူ့ခန္ဓာကိုယ်ထဲကို တီကောင်ဝင်သွားတာ ဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ သူ့ရဲ့ ဦးနှောက်ထဲကနေ တီကောင်ကို ဖယ်ရှားခဲ့ပြီးနောက်မှာတော့ အမျိုးသမီးရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်သွားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။