စတုတ္ထမြောက်ရင်သွေးကိုရရှိထားတဲ့အသက် ၈၃ နှစ်အရွယ် သရုပ်ဆောင် Al Pacino

Celebrity International News
စတုတ္ထမြောက်ရင်သွေးကိုရရှိထားတဲ့အသက် ၈၃ နှစ်အရွယ် သရုပ်ဆောင် Al Pacino

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စတုတ္ထမြောက်ရင်သွေးကိုရရှိထားတဲ့အသက် ၈၃ နှစ်အရွယ် သရုပ်ဆောင် Al Pacino ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စတုတ္ထမြောက်ရင်သွေးကိုရရှိထားတဲ့အသက် ၈၃ နှစ်အရွယ် သရုပ်ဆောင် Al Pacino

ဟောလိဝုဒ်ရဲ့ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Al Pacino ဟာ ဟောလိဝုဒ်ကထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Noor Alfallah နဲ့ ၂၀၂၂ ဧပြီလမှာ စတင်လက်တွဲခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် Noor Alfallah ဟာ ယခုအချိန်မှာ အသက် ၈၃ နှစ်အရွယ် Al Pacino ရဲ့ ရင်သွေးကိုလွယ်ထားရပြီဖြစ်ကာ ကိုယ်ဝန်မှာ ၈လခန့်ရှိနေပြီဖြစ်ကြောင်း Al Pacino ရဲ့ ပြောရေးဆိုခွင့်ရှိသူဘက်က TMZ သတင်းဌာနကို တရားဝင်အတည်ပြုလာခဲ့ပြီဖြစ်ပါတယ်။

Godfather နဲ့ Scarface သရုပ်ဆောင် Al Pacino ဟာ Julie Marie Pacino, Anton James Pacino နဲ့ Olivia Pacino ဆိုတဲ့ သားသမီးသုံးယောက်ကိုရရှိထားပြီဖြစ်တာကြောင့် Noor Alfallah နဲ့ ရင်သွေးဟာ Al Pacino ရဲ့ လေးယောက်မြောက်သားသမီးဖြစ်လာပြီဖြစ်ပါတယ်။ Al Pacino ဟာ Jan Tarrant နဲ့ သားသမီးတစ်ဦး၊ Beverly D’ Angelo နဲ့ သားသမီးနှစ်ဦး ထွန်းကားခဲ့တာပါ။

Al Pacino ဟာ သူငယ်ချင်းဖြစ်သူ Robert DeNiro ကိုကျော်သွားတယ်လို့ဆိုရမှာပါပဲ။

ရေးသားသူ –Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။