၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့ မှ ဇွန်လ ၁၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့ မှ ဇွန်လ ၁၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့ မှ ဇွန်လ ၁၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့ မှ ဇွန်လ ၁၁ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( June 5 to 11 )

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမာရေးအရ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။ စိတ်ပိုင်ရာ မြှင်တင်ပေးရန် လိုအပ်ပါလိမ့်မယ်။

ငွေကြေး ကိစ္စနှင့် ပက်သက်၍ ရင်းနှီးမြုပ်နှံလိုပါက ယခုအပတ်တွင် ပိုမိုကောင်းမွန်နေပါမယ်။ ငွေကြေး အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ ဒါ့အပြင် အိမ်ငှားခ စသည်တို့ဖြင့် အပိုဝင်ငွေများ ရရှိတတ်ပါတယ်။

သို့သော် အိမ်မှုရေးရာ ကိစ္စရပ်အတွက် ငွေကြေး သုံးစွဲမှုများလည်း ရှိနေနိုင်ပါမယ်။ မိသားစုဝင်များ အကြား ကောင်းမွန်သော ဆက်ဆံရေးနှင့် အတူ လေးစားမှုများ ရှိနေပါမယ်။

ပြိဿရာသီခွင် – Taurus ( June 5 to 11 )

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေးအတွက် အစားအသောက်ကို ဂရုစိုက်ပေးရပါမယ်။

ငွေရေးကြေးရေး အရ ကံတရားသည် ကောင်းမွန်လာနိုင်ပေမယ့် ရင်နှီးမြုပ်နှံမှုကို ပြုလုပ်လိုပါက အကြောင်းအရာများကို အသေးစိတ် စုံစမ်းပါ။ ‌မဟုတ်ပါက ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

အချစ်ရေးနှင့် ပက်သက်၍ အနှောင့်အယှက်များနေမည့် အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ အတိတ်က အမှားတွေကို သယ်မလာပါနှင့်။

မေထုန်ရာသီခွင် – Gemini ( June 5 to 11 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးပြဿနာများစွာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ သို့သော် လိုအပ်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။ ကျန်းမာရေး အလေ့အကျင့်နှင့် ပက်သက်၍ မိမိက်ုယ်ကို သုံးသပ်ပေးပါ။

ဘိုးဘွားပိုင်ပစ္စည်း၊ မြေယာ၊ အိမ်ခြံမြေ စသည့် အတိတ်က ရင်းနှီးမြုပ်နှံမှုများကြောင့် ယခုအပတ်တွင် ဝင်ငွေကောင်းမွန်လာပါမယ်။ ငွေကြေး စုဆောင်းမှုများကို ပြုလုပ်နိုင်ပါမယ်။

သို့သော် အိမ်တွင်းရေးကိစ္စများကို ကိုင်တွယ်ရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရတတ်ပါတယ်။ အဆင်မပြေမှုတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ကျဆင်းစေနိုင်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( June 5 to 11 )

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် စိတ်ပင်ပန်းနေပါမယ်။ တတ်နိုင်သမျှ စိတ်ဖိစီးစေနိုင်သော ကိစ္စရပ်များမှ ဝေးဝေးနေထိုင်ပါ။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ မည်သူ့ကိုမှ အလွယ်တကူ မယုံကြည်ပါနှင့်။ ငွေကြေး အခက်အခဲများ ရှိလာနိုင်ပါတယ်။ မိမိ၏ ငွေကြေးကို မှန်မှန်ကန်ကန် သုံးစွဲနိုင်ရန် ကြိုးစားပါ။

ဤကာလအတွင်း မိမိ၏ အပြုအမူနှင့် ပက်သက်၍ ဂရုစိုက်ပေး ရပါမယ်။ မိသားစုကြား အရှက်ရစေမယ့် ဘယ်အရာကိုမဆို ရှောင်ကြဥ်ပါ။

သိဟ်ရာသီခွင် – Leo ( June 5 to 11 )

အခုအပတ်တွင် Leo ရာသီခွင်တို့သည် မိမိ၏ လုပ်ငန်းအပြင် ကျန်းမာရေးကိုပါ ဂရုစိုက်ပေးရန် လိုအပ်ပါမယ်။ လုံလုံလောက်လောက် အနားယူပေးပါ။ ကျန်းမာရေးအတွက် နေ့စဉ် လမ်းလျှောက်ပေးပါ။

ဤကာလအတွင်း ငွေကြေး အထောက်အပံ့ကို ရရှိနိုင်ပါမယ်။ သို့သော် ငွေကြေး အသုံးစရိတ်ကို ထိန်းချုပ်ပေးရပါလိမ့်မယ်။

မိတ်ဆွေ၊ အ‌ပေါင်းအသင်းသစ်များ ရရှိတတ်ပါတယ်။ အချစ်ရေး အဆင်ပြေနေပါမယ်။

ကန်ရာသီခွင် – Virgo ( June 5 to 11 )

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးအရ ပိုမိုကောင်းမွန်သော ရလာဒ်ကို ရရှိနိုင်ပါမယ်။ အားစိုက်ထုတ်မှုအနည်းငယ်ဖြင့် ကျန်းမာစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

ငွေကြေး အခြေအနေ ကောင်းမွန်နေပေမယ့်လို့ ဂရုစိုက်ပေးရပါမယ်။ အသုံးစရိတ်နှင့် ပက်သက်၍ စီမံခန့်ခွဲမှုများ ပြုလုပ်ပေးပါ။

အချစ်ရေးအတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်းငံ့ထားသော အိမ်တွင်းရေး ကိစ္စများကို ပြီး‌မြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

တူရာသီခွင် – Libra ( June 5 to 11 )

ယခုအပတ်တွင် Libro ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ မိမိ ကျန်းမာရေးအတွက်ပါ အတိုင်းအတာ တစ်ခုထိ အချိန်ပေးပါ။

ဤကာလအတွင်း ငွေကြေး ကိစ္စရပ်များကို သတိထားပေး ရပါမယ်။ နောက်ကွယ်တွင် ပူးပေါင်းကြံစည်မှု ရှိနေနိုင်ပါတယ်။

မိမိ၏ လုပ်ငန်းအပြင် မိသားစုဝင်များ၏ လိုအပ်ချက်များကို ဦးစားပေး လုပ်ဆောင်ပါ။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများကို အတူမျှဝေ ခံစားပေးရပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( June 5 to 11 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ဖျားနာမှု ဖြစ်ပေါ်နိုင်သောကြောင့် ကိုယ်ခံအား ကောင်းမွန်စေရန် အစွမ်းကုန် ကြိုးစားသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးပါ။

ငွေကြေး အခြေအနေ ကောင်းမွန်နေသော်လည်း အသူံးစရိတ် မြင့်မားမှုတို့ကြောင့် ပြဿနာအချို့ ကြုံတွေ့ရတတ်ပါတယ်။

ဤကာလအတွင်း လူမှုဆက်ဆံရေးနှင့် ပက်သက်ပီး အလွန် အဆင်မပြေနိုင်ပေ။ အခြားသူများထံမှ အကူအညီကို မျှော်လင့်နေမည့် အစား မိမိကိုယ်မိမိ အားကိုးပါ။

ဓနုရာသီခွင် – Sagittarius ( June 5 to 11 )

ယခုအပတ်တွင် အသက်အရွယ်ကြီးသော Sagittarius ရာသီခွင် အများစုသည် ကျန်းမာရေးကို ပိုမိုဂရုစိုက်ပေးရပါမယ်။ မဟုတ်ပါက အဆစ်နာခြင်း၊ ခါးနာခြင်းစသည့် ဝေဒနာများ ခံစားရနိုင်ပါတယ်။

အကယ်၍ အစုစပ်လုပ်ငန်းဖြင့် စီးပွားရေး လုပ်ကိုင်‌နေပါက ယခုသီတင်းပတ်အတွင်း မိမိ၏ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် လိုအပ်ပါမယ်။ ငွေကြေး အကျိုးအမြတ်များ ရရှိနိုင်ပြီး ကြိုးစားမှုနှင့်အတူ လုပ်ငန်းခွင်အတွင်း တိုးတက်မှုများ ရှိနေပါမယ်။

မိသားစုဝင်များ အကြား ချစ်ခြင်းမေတ္တာ၊ ခင်မင်ရင်းနှီးမှုနှင့် အပြန်အလှန် သံယောဇဉ်တွေ တိုးလာပါမယ်။ သတင်းကောင်းများ ကြားသိရနိုင်ပါမယ်။

မကာရရာသီခွင် – Capricorn ( June 5 to 11 )

မျက်စိနှင့် ပက်သက်၍ ဝေဒနာ ခံစားနေရပါက ယခုအပတ်တွင် ပြန်လည် ကောင်းမွန်လာပါမယ်။

ငွေကြေး အထောက်အပံ့များကို ရရှိနိုင်ပါမယ်။ ကြုံတွေ့နေရသော ငွေကြေး အကျပ်အတည်းများမှ လွတ်မြောက်နိုင်ပါမယ်။

သို့သော် Capricorn ရာသီခွင်တို့၏ ကိုယ်ရေးကိုယ်တာဘဝတွင် ယခင်က ကိစ္စတစ်ခုကြောင့် ပြဿနာအချို့ကို ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။

ကုမ်ရာသီခွင် – Aquarius ( June 5 to 11 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် မိမိ၏ စိတ်ကိုပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး ဖြစ်အောင် အနားယူပေးပါ။

အကယ်၍ ယခင်က ငွေကြေးတစ်ခုခုကို ရင်းနှီးမြုပ်နှံခဲ့ပါက ယခုအပတ်တွင် ပြဿနာ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။ ငွေကြေး ဆုံးရှုံးမှုနှင့် ကြုံတွေ့ရတတ်ပါတယ်။ မည်သည့် ဆုံးဖြတ်ချက်ကိုမျှ အလျင်စလို မပြုလုပ်ဘဲ တွေးတောဆင်ခြင်ခြင်းက ပိုကောင်းပါလိမ့်မယ်။

ဤကာလအတွင်း မိသားစုနှင့် ပက်သက်၍ ကောင်းမွန်နေပါမယ်။ မိမိအလုပ်ကိစ္စ အပြင် မိသားစုအတွက် အချိန်ပေးနိုင်အောင် ကြိုးစားပါ။

မိန်ရာသီခွင် – Pisces ( June 5 to 11 )

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအရ တိုးတက်မှုရှိအောင် ကြိုးစားပေးရပါမယ်။ မိမိကိုယ်ကို လွန်စွာ တွန်းအားမပေးပါနှင့်။ လုံလုံလောက်လောက် အနားယူပေးပါ။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ဖိစီးစေနိုင်သော ကိစ္စရပ်များမှ ဝေးဝေးနေထိုင်ပါ။

ဤကာလအတွင်း ငွေရေးကြေးရေးနှင့် ပက်သက်၍ အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာခြေ ရှိနေပါတယ်။ ငွေကြေး အကျိုးခံစားခွင့်များ ရရှိရုံသာမက ဘဏ္ဍာရေး အခြေအနေသည် ယခင်ထက် ပိုမိုအားကောင်းလာပါမယ်။

ယခုအပတ်တွင် မိသားစုဝင် သို့မဟုတ် ဘဝလက်တွဲဖော်နှင့် ပက်သက်၍ စိတ်ဖိစီးရတတ်ပါတယ်။ အိမ်မှုကိစ္စအတွက် ငွေကြေး ပိုမိုကုန်ကျဖွယ် ရှိနေပါတယ်။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။