” ကံကောင်းစေရန် ဓါတ်ပန်းလှူနည်း -(၁)”

Astrology
” ကံကောင်းစေရန် ဓါတ်ပန်းလှူနည်း -(၁)”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ” ကံကောင်းစေရန် ဓါတ်ပန်းလှူနည်း -(၁)” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

” ကံကောင်းစေရန် ဓါတ်ပန်းလှူနည်း -(၁)”

တနင်္ဂနွေသားသမီးများ

အင်္ဂါနေ့ မနက် ၁၀နာရီခွဲမှ ၁၂နာရီအတွင်း ၊ မေမြို့ပန်း ၊ပျဉ်းမညွန့် ၊ ပေါက်ပန်းဖြူညွန့်. ရရာ ၁၉ညွန့်ကို ကြံရည်ဖြန်း၍ မြောက်ဘက်အရပ်ရှိ စေတီတော် တစ်ဆူဆူ၏ မွေးနံထောင့်တွင် စောင်းလျား ၊ ဇီဇဝါ ၊ဇလပ် ရရာ ၇ခက်ကို ခြေဖြင့်နင်းထား၍လှူပါလေ ။ ခြေဖြင့်နင်းသော အရွက်၏ အဖျားဘက်သည် ဘုရားဘက်ကို လှည့်ထားရပါမည် ။( ခြေဖြင့်နင်းထားသော အရွက်များကို ပြန်မကိုင်ရပါ ။ ပါလာသူအဖော်မှ ယူ၍ အမှိူက်ပုံးသို့ ပစ်ပေးရမည် )

တနင်္လာသားသမီးများ

ဗုဒ္ဓဟူးနေ့ မနက်၁၀နာရီခွဲမှ ၁၂နာရီအတွင်း သီဟိုဠ်ညွန့် ၊ သီးညွန့် ရရာ ၂၁ခက်ကို ဇီးသီးရေဖျန်း၍ အနောက်တောင့်အရပ်မှ စေတီတစ်ဆူဆူ၏ မွေးနံထောင့်တွင်
လက်ပံရွက် ၊ လဲမှိူ့ရွက် ၉ရွက်ကို နင်းကာ လှူရပါမည် ။ ( ဇီးသီးရေအစား ဆီကို စတိတို့၍လည်း လုပ်နိုင်ပါသည် )ခြေဖြင့် နင်းသောအရွက်၏ အဖျားဘက်သည်
ဘုရားဘက်ကို လှည့်ထားရမည် ။( ခြေဖြင့် နင်းထားသောအရွက်များကို ပြန်မကိုင်ရပါ ။ အဖော်ပါသူမှ ယူ၍ အမှိူက်ပုံးသို့ ပစ်ပေးရမည် )

အင်္ဂါသားသမီးများ

ကြာသာပတေးနေ့ မနက် ၁၀နာရီခွဲမှ ၁၂နာရီအတွင်း ထန်းညွန့် ၁၀ညွန့် ကို ရေဖြန်း၍ အရှေ့မြောက်ထောင့်ဘက်အရပ်ရှိ စေတီတော် တစ်ဆူဆူတွင် ဖက်သန်းရွက် ၊ ပျဉ်းတော်သိမ်ညွန့် ရရာ ၁၁ညွန့်ကို ခြေဖြင့်နင်းထား၍လှူပါလေ ။ ခြေဖြင့်နင်းသော အရွက်၏ အဖျားဘက်သည် ဘုရားဘက်ကို လှည့်ထားရပါမည် ။
( ခြေဖြင့်နင်းထားသော အရွက်များကို ပြန်မကိုင်ရပါ ။ ပါလာသူအဖော်မှ ယူ၍ အမှိူက်ပုံးသို့ ပစ်ပေးရမည် )

ဗုဒ္ဓဟူး သားသမီးများ

သောကြာနေ့ မနက် ၁၀နာရီခွဲမှ ၁၂နာရီအတွင်း အုန်း၆ညွန့်ကို မေမြို့ပန်းအရည် ( မေမြို့ပန်းကို ဖလားထဲထည့် ရေဖျော်၍ ရသောအရည် ) လောင်း၍ အရှေ့အရပ်၍ရှိသောဘုရား စေတီတစ်ဆူဆူတွင် သနပ်ရွက် ၁၃ရွက်ကို နင်းကာ လှူရပါမည် ။ ခြေဖြင့် နင်းသောအရွက်၏ အဖျားဘက်သည်ဘုရားဘက်ကို လှည့်ထားရမည် ။( ခြေဖြင့် နင်းထားသောအရွက်များကို ပြန်မကိုင်ရပါ ။ အဖော်ပါသူမှ ယူ၍ အမှိူက်ပုံးသို့ ပစ်ပေးရမည်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။