ဘာပစ္စည်းကိရိယာအကူအညီမှမပါဘဲ ပေ ၁၈၂၀ မြင့်တဲ့ မိုးမျှော်တိုက်ရဲ့ ၇၂ လွှာအထိ ဗြိတိန်အမျိုးသားတစ်ဦး တွယ်တက်ခဲ့လို့ အဖမ်းခံခဲ့ရ

International News
ဘာပစ္စည်းကိရိယာအကူအညီမှမပါဘဲ ပေ ၁၈၂၀ မြင့်တဲ့ မိုးမျှော်တိုက်ရဲ့ ၇၂ လွှာအထိ ဗြိတိန်အမျိုးသားတစ်ဦး တွယ်တက်ခဲ့လို့ အဖမ်းခံခဲ့ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘာပစ္စည်းကိရိယာအကူအညီမှမပါဘဲ ပေ ၁၈၂၀ မြင့်တဲ့ မိုးမျှော်တိုက်ရဲ့ ၇၂ လွှာအထိ ဗြိတိန်အမျိုးသားတစ်ဦး တွယ်တက်ခဲ့လို့ အဖမ်းခံခဲ့ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘာပစ္စည်းကိရိယာအကူအညီမှမပါဘဲ ပေ ၁၈၂၀ မြင့်တဲ့ မိုးမျှော်တိုက်ရဲ့ ၇၂ လွှာအထိ ဗြိတိန်အမျိုးသားတစ်ဦး တွယ်တက်ခဲ့လို့ အဖမ်းခံခဲ့ရ

ဗြိတိန်အမျိုးသားတစ်ဦးဟာ တောင်ကိုရီးယားနိုင်ငံက ကမ္ဘာ့ပဥ္ဓမြောက်အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ Lotte World Tower ရဲ့ ၇၂ လွှာအထိ ပစ္စည်းကိရိယာအကူအညီမပါဘဲ တွယ်တတ်ခဲ့ပါတယ်။ Songpa Fire Station က သူ့ကို လာရောက်တားဆီးပြီး ရဲလက်ထဲအပ်ခဲ့ပါတယ်။ ဒီမိုးမျှော်တိုက်က ပေ ၁၈၂၀ မြင့်ပြီး ၁၂၃ လွှာရှိတာပါ။

The Songpa မီးသတ်အဖွဲ့က အဆောက်အဦးဆီ ဇွန်လ ၁၂ ရက်နေ့ ကိုရီးယား ဒေသစံတော်ချိန် မနက် ၇ နာရီ ၅၆ မိနစ်မှာ ရောက်ရှိလာခဲ့ပြီး အဲဒီအမျိုးသားကို ကယ်တင်ခဲ့ရပါတယ်။ အဲဒီအမျိုးသားက အသက် ၂၄ နှစ်အရွယ် ဂျော့ ကင်း သွန်ပ်ဆန်ဆိုသူပါ။
သူ့ကို ၄၂ လွှာမှာ အလုပ်လုပ်နေတဲ့ လုံခြုံရေးဝန်ထမ်းက မြင်ပြီး ရဲကိုအကြောင်းကြားခဲ့တာပါ။ ရဲတပ်ဖွဲ့က သူ ဘယ်လိုရောက်လာပြီး အဆောက်အဦးပေါ်တွယ်တက်သွားလဲဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်။

ကင်း သွန်ပ်ဆန်ဟာ ၂၀၁၉ ခုနှစ်ကလည်း လန်ဒန်မိုးမျှော်တိုက် The Shard ကို တွယ်တက်ခဲ့တဲ့အတွက် တရားစွဲခံရပြီး ၆ လ ထောင်ကျခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ်ကလည်း စပိန်နိုင်ငံက ဥရောပရဲ့အရှည်ဆုံးရိုလာကိုစတာပေါ်ကနေ လေထီးခုန်ခဲ့တဲ့အတွက် ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။